တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်နေသူများကို ဖမ်းဆီးပြီး မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဒေသခံများရဲ့ သတင်းပေးချက်အရ သံသယရှိသူများရဲ့ နေအိမ်သို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ တရားခံ ၆ ဦးနဲ့အတူ WY မူးယစ်စိတ်ကြွဆေးပြား ၁၆၄၀၀ ပြားခန့်၊ ICE ရေခဲ (၁ )ဂရမ် ခန့် ၊  ၃၈. ဗို့ ကျည် အတောင့် ၄၀ တို့နှင့် မူးယစ်ဆေးဝါးရောင်းဝယ်ရာမှာ ရရှိထားတဲ့ ထိုင်းဘတ်ငွေ ၈၇၀၀၀ တို့အား တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးမိခဲ့တဲ့ မူးယစ်ဆေးဝါးများကို ဇန်နဝါရိ ၉ ရက်က မီးရှို့ဖျက်ဆီးခဲ့ပြီး တရားခံများကို လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ကော့သောင်းမြို့နယ်နဲ့ ခမောက်ကြီးမြို့နယ်အတွင်း နေထိုင်သူများ ပြည်သူများအနေဖြင့် ခေတ်စနစ် ရဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်များကို ပျက်စီးစေတဲ့ စိတ်ကြွမူးယစ်ဆေးဝါး (WY) ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲမှုများ နေရာအနှံ့အပြားများပြားလာတဲ့အတွက် ရောင်းဝယ်သူ၊သုံးစွဲသူများကို တွေ့ရှိ၍ဖြစ်စေ၊ တိုင်ကြားလာ၍ဖြစ်စေ ထိရောက်စွာ အရေးယူသွားမယ်လို့ ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

Video – ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

0 Shares:
You May Also Like
Read More

မန္တလေးမြို့လယ်ခေါင်မှာ အာဏာသိမ်းစစ်အုပ်စုဆန့်ကျင်ကြဖို့ လူထုလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ ပတ်လည်ဝိုင်းနေတဲ့ မန္တလေးမြို့လယ် ခေါင်စျေးမှာ ယနေ့ အောက်တိုဘာ ၁၀ ရက်က အာဏာသိမ်းစစ်အုပ်စုဆန့်ကျင်ကြဖို့ လူထုသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုထံက သိရပါတယ်။
Read More

ဒူဘိုင်းလေကြောင်းဆိုင်ရာပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံး (ရုပ်/သံ)

ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ လေကြောင်းဆိုင်ရာပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်တစ်စင်း ပျက်ကျပြီး လေယာဉ်မှူးသေဆုံးသွားခဲ့ပါတယ်။ ပျက်ကျသွားတဲ့ တိုက်လေယာဉ်ဟာ အိန္ဒိယနိုင်ငံထုတ် တီဂျက်စ် တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး သေဆုံးသွားခဲ့ရတဲ့ တိုက်လေယာဉ်မှူးအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း အိန္ဒိယလေ တပ်က ထုတ်ပြန်ထားပါတယ်။ အဆိုပါလေယာဉ်အမျိုးအစားဟာ ပြီးခဲ့တဲ့နှစ်ကလည်း ပျက်ကျခဲ့ဖူးတဲ့အတွက် ယခုတစ်ကြိမ် ပျက်ကျမှုဟာ ၂ နှစ်ဆက်တိုက်ပျက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ဖားကန့်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ယနေ့ နိုဝင်ဘာ ၁၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတွေက ချီတက်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြပြည်သူ အင်အား ၁၀၀ ကျော်ပါဝင်ပြီး "မီးရှို့စစ်တပ် အမြစ်ဖြတ်"၊"KIA ​တွေ ဘာလုပ်​နေလဲ ပြည်သူ​တွေကို ကာကွယ်​နေတယ်" ၊ "PDF ​တွေဘာလုပ်​နေလဲ ပြည်သူ​တွေကို ကာကွယ်​နေတယ် "၊ " PDF နဲ့ KIA တိုက်ပွဲတိုင်းမှာ နိုင်ပါ​စေ"၊ "အ​မေစု ဘာမှာခဲ့လဲ ​ကောက်ရိုးမီးလိုမဖြစ်​စေနဲ့"စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်က ကြိုးပမ်းနေတဲ့ တရားမဝင် အတုယောင်‌ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ General Strike Coordination Body မှ ယနေ့ ထုတ်ပြန်ထားပါတယ်။ 
Read More

နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ အင်အား ၃၀ ခန့်ကို အောက်တိုဘာ ၁၁ ရက် မနေ့နေ့လယ်ပိုင်းက‌ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေနဲ့ ပျူတွေ ဘောလုံးကန်နေချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ကအကြမ်းဖက် စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း Young Wolf LPDF က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။