ဝက်လက်မြို့နယ် အတွင်းရှိ စစ်ရှောင်များ နေထိုင်သည့် စာသင်ကျောင်း အကြမ်းဖက်စစ်တပ် လေကြောင်း တိုက်ခိုက်၊ စစ်ရှောင် အမျိုးသမီး ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရ (ရုပ်/သံ)
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ညောင်ကန်ရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ် တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်အမျိုးသမီး ၁ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ Wetlet Informational Network က သတင်း ထုတ်ပြန်ထားပါတယ်။