Read More

KNDF တော်လှန်ရေးခေါင်းဆောင် ခူးရီးဒူပြောစကား (ရုပ်သံ)

''ကျနော်တို့ လက်ထဲမှာ သေနတ်ကိုင်ထားတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက လူထုကို ကြောက်ရမှာဖြစ်တယ်။ ကျနော်တို့သည် အမှန်တကယ်လူထုအတွက် အလုပ်အကျွေးပြုပါတယ်ဆိုတဲ့ အဖွဲ့အစည်း မှန်ကန်တယ်ဆိုရင် ကျနော်တို့ လူထုကို ကြောက်ရမှာ။ လူထုကို လိမ်စားမှာကို ကျနော်တို့ ကြောက်ရမှာ။ လူထုကို ညာစားမှာကို ကျနော်တို့ ရှက်ရမှာ''
Read More

အဓမ္မစစ်မှုထမ်းစေခိုင်းခံရသည့် စစ်ကော်မရှင်တပ်သား ၅ ဦး KNU ထံ လက်နက်ချ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ စစ်ကော်မရှင်တပ်သား ၅ ယောက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ထံ အလင်းဝင်ရောက်လာတယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်း၊ ဒမငယ်ရွာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တစ်ပွင့်ဗိုလ်အပါအဝင် ၁၂ ဦး သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာထဲကို ဝင်ရောက်လာတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက် ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ဗျူဟာ (၂၂) တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ညင်းမော်ရွာ တိုက်ပွဲအတွင်း လောင်းလုံး ပကဖ တပ်စုမှူးအပါ ရဲဘော် ၃ ဦး ကျဆုံးခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတိုက်ပွဲမှာ တပ်စုမှူး တစ်ယောက်အပါအဝင် ရဲဘော် ၃ ယောက် ကျဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ဖမ်းဆီးခြင်းမှ လွတ်မြောက်လာသည့် ရဲဘော် မိုးညို (ခ) နက်ရှိုင်း “ရောင်နီပြမည် ချောက်မြို့ဆီ” ကမ်ပိန်းတွင် ပါဝင်ပေးကြရန် မေတ္တာရပ်ခံ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကနေ ပြန်လည်လွတ်မြောက်လာတဲ့ ရဲဘော် မိုးညို (ခ) နက်ရှိုင်းက ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြုလုပ်ထားတဲ့ "ရောင်နီပြမည် ချောက်မြို့ဆီ" ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
Read More

ပြည်သူလူထု၏ လမ်းညွှန်မှုဖြင့် စုဖွဲ့ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု

လက်ရှိမှာ တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့ စုဖွဲ့ပါဝင်ထားတဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance-SRA) ဟာ ပြည်သူတွေရဲ့ တိုက်တွန်းလမ်းညွှန်မှုတွေကြောင့် စုဖွဲ့နိုင်ခဲ့တာဖြစ်တယ်လို့ SRA ထဲမှာ ပါဝင်တဲ့ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဒုဥက္ကဌ (၁) ကိုမင်းဟန်ထက်က မောင်းကို ပြောပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်အုပ်စု ရွာ ၂ ရွာရှိ အိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ပေါက်ပင်ရွာနဲ့ နဂါတွင်းရွာရှိ အိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Monywa Revolution -MR က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ် အမှတ်- ၃ ခရိုင်ချင်းဆက်လမ်းပေါ် စစ်အုပ်စု ၁၈ကြိမ်ထက်မနည်း ဗုံးကြဲလို့ သံဃာ ၁ ပါးနှင့် လူ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခရီးသွားတွေရှိရာ ခရိုင်ချင်းဆက်လမ်းမပေါ်ကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် သံဃာတော် ၁ပါး အပါအဝင်  လူ ၄ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပင်လယ်နက်တွင် ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ ရုရှား ရေငုပ်သင်္ဘောကို ရေအောက်အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း ထုတ်ပြန် (ရုပ်/သံ)

ပင်လယ်နက်ရှိ Novorossiysk ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ ရုရှားရဲ့ ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ ရေငုပ်သင်္ဘော ၁ စီးကို ရေအောက်အသေခံဒရုန်း အသုံးပြုပြီး တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းထောက်လှမ်းရေး (SBU) မှာ ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြု

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။