အငြင်းပွားဖွယ် စစ်အုပ်စုရွေးကောက်ပွဲ လေ့လာသူစေလွှတ်ဖို့ရှိမရှိ အင်ဒိုနီးရှား မဆုံးဖြတ်ရသေး
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုက ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ပြုလုပ်ဖို့ လျာထားတဲ့ ရွေးကောက်ပွဲကို ဂျာကာတာအနေနဲ့ လေ့လာသူစေလွှတ်ဖို့ရှိမရှိကို လက်ရှိအချိန်ထိ ဆုံးဖြတ်နိုင်ခြင်းမရှိသေးဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက နိုဝင်ဘာလ ၅ ရက် ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။