ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ထိန်တပင်ကျေးရွာနဲ့ ကလိမ်ခင်ကျေးရွာကြားရှိ အကြမ်းဖက်စစ် တပ်စခန်းနဲ့ မီးရထားလမ်းပေါ်ရှိ ရဲကင်းစခန်းတွေကို ရှင်းလင်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို တောကျီးကန်းစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း ‌ညောင်လေးပင်မြို့နယ် ထိန်တပင်ကျေးရွာနဲ့ ကလိခင်ကျေးရွာရှိ စစ်တပ်စခန်းများကို ပဲခူး တိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၆) တပ်ရင်းများဖြစ်တဲ့ တောကျီးကန်းတပ်ရင်း၊ ပဲခူးခရိုင်အမှတ် (၃) မီးနဂါး(3703)တပ်ရင်းတို့နှင့်အတူ တော်ဝင်ဒေါင်းတပ်ရင်းတို့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်။

အကြမ်းဖက်စစ်တပ်စခန်းတွေကို မြေပြင်ကနေသာမက ဝေဟင်ကနေပါ ဒရုန်းတွေနဲ့ အပြီးသတ် တိုက်ခိုက်ချေမှုန်းခဲ့ပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာလည်း လုံခြုံရေးဆိုင်ရာစစ်ဆေးမှုများ လုပ်ဆောင်ခဲ့တယ်လို့ တောကျီးကန်းစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

Video – တောကျီးကန်းစစ်ကြောင်း

0 Shares:
You May Also Like
Read More

စစ်ကောင်စီသင်္ဘောအုပ်စုကို လက်နက်ကြီးများ၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ ဗိုလ်လင်းယုန်တပ်ဖွဲ့ ထုတ်ပြန်

မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို လက်နက်ကြီးတွေ၊ စနိုက်ပါတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဗိုလ်လင်းယုန်တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွာငံ-အောင်ပန်းလမ်းပိုင်းမှာ DSNDA ရဲဘော်များ စစ်ဆေးရေးလုပ်နေချိန် ထွက်ပြေးသည့် စစ်ကောင်စီဗိုလ်ကြီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း မိုင်းလမ်းမဘေး လမ်းခွဲတစ်နေရာမှာ ဧပြီ ၁၁ ရက် ဒီနေ့ မနက်ပိုင်း DSNDA ရဲဘော်တွေ စစ်ဆေးရေးလုပ်ဆောင်နေချိန် ယာဉ် ၁ စီးကို မသင်္ကာတဲ့အတွက် ကားပေါ်က ဆင်းခိုင်းရာ ပြန်လည်ဆုတ်ခွာထွက်ပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။
Read More

“ဌာနေပေါ် ပျံကာဝဲ ရင်း-၉ ဒရုန်းတို့ကမည့်ပွဲ ’’ ပရောဂျက်တွင် တော်လှန်ပြည်သူများ ပါဝင်အားဖြည့်ပေးကြဖို့ KNDF B-09 ရဲဘော်တွေ တိုက်တွန်းနှိုးဆော် (ရုပ်/သံ)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် အမှတ်-၉ တပ်ရင်း (KNDF B-09) မှ ပြုလုပ်ထားတဲ့ “ဌာနေပေါ် ပျံကာဝဲ ရင်း-၉ ဒရုန်းတို့ကမည့်ပွဲ ’’  သိန်း (၅၀၀၀ ) ပရောဂျက်ကြီးမှ တော်လှန်ပြည်သူတွေ ပါဝင်အားဖြည့်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ရွာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်၊ အသက် (၆)နှစ်အရွယ်မှ အသက် (၁၂) အရွယ် ကလေး ၅ ‌ဦးသေဆုံး (ရုပ်/သံ)

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ရွာကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ခဲ့ရာ အသက် (၆)နှစ်အရွယ်မှ အသက် (၁၂) အရွယ် ကလေး ၅ ‌ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် ညပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ပျဉ်းမပင်ဆိပ်ရွာကို စစ်ကော် မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၀ ယောက်သေဆုံးခဲ့ရပြီး ၂၀ ကျော်ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို နိုဝင်ဘာ ၃၀ ရက် မနေ့ညပိုင်းက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၀ ‌ယောက်သေဆုံးခဲ့ရပြီး ၂၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကုန်းကျေးရွာကို သလဲဘာပျူစခန်းမှာ အကြမ်းဖက်စစ်ကောင်တပ်သားတွေက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အနောက်ခြမ်း ကျောက်ကုန်းကျေးရွာကို သလဲဘာပျူစခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မတ်လ ၁၇ ရက် နေ့လယ်ပိုင်းစစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပကဖမှ ထုတ်ပြန်ထားပါတယ်