ရခိုင်ပြည် စစ်တွေ – ပုဏ္ဏားကျွန်း နယ်အစပ်တိုက်ပွဲမှာ အာရက္ခတပ်တော် (AA) တပ်ရင်းမှူး ၁ ယောက်ကျဆုံးခဲ့တယ် လို့ ရခိုင်ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။

စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်းအစပ် ရှေ့တန်းမှာ တာဝန်ယူနေတဲ့ ဗိုလ်မှူးထက်မြတ်သိန်းဟာ ဒီဇင်ဘာ ၃၁ ရက်နေ့ က ကျဆုံးခဲ့တာလို့ ရခိုင်ဒေသ အခြေစိုက် APM သတင်းမှာ ဖော်ပြထားပါတယ်။

ဗိုလ်မှူး ထက်မြက်သိန်းဟာ အကြမ်းဖက်စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်နေတဲ့အချိန် တပ်ဖွဲ့ကို အနီးကပ် ကွပ်ကဲဦးဆောင်ရင်း ကျဆုံးခဲ့တာလို့ သိရပါတယ်။

သူ့ရဲ့ စျာပနအခမ်းအနားကို စစ်မြေပြင်အနီး ဒေသတစ်ခုမှာ ကျင်းပခဲ့ပြီး သက်ဆိုင်ရာ တပ်မှူးတွေ၊ မိဘဆွေမျိုးတွေ၊ ဇနီးနဲ့ သားသမီးတွေ အပြင် အာရက္ခတပ်တော် ရဲဖော်ရဲဘက်တွေ တက်ရောက်ပြီး စစ်ရေးစည်းမျဉ်းတွေနဲ့အညီ ဂါရဝပြုခဲ့ကြတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ APM)
(ဓာတ်ပုံ APM)

ဗိုလ်မှူး ထက်​မြက်သိန်း ကျဆုံးချိန်မှာ အသက် ၃၃ နှစ်သာရှိသေးကာ ကျန်ရစ်ခဲ့တဲ့ မိဘ၊ ဇနီးနဲ့ သားသမီးတွေကို အာရက္ခတပ်တော်က တာဝန်ယူ ထောက်ပံ့ကူညီမှုပေးနေတယ်လို့လည်း သိရပါတယ်။

ကျဆုံးခဲ့တဲ့ဗိုလ်မှူးဟာ မာန်အောင်ဇာတိဖွားဖြစ်ပြီး ဇနီး နဲ့ သားသမီး ကျန်ရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

ရခိုင်ပြည်နယ်မြေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို အေအေက ထိန်းချုပ်ထားနိုင်ပြီး လက်ရှိ မြို့တော်စစ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ APM)
0 Shares:
You May Also Like
Read More

ပုလဲမြို့နယ်မှာ “ဒို့ဖက်ဒရယ်” နိုင်ငံရေးစာစဥ်ကို တော်လှန်ရဲဘော်များနှင့် ပြည်သူများဆီ ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကိုင်းဖိုရမ်က ဦးစီးထုတ်ဝေတဲ့ “ ဒို့ဖက်ဒရယ်” နိုင်ငံရေး စာစဥ်ကို ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေဆီ ဖြန့်ဝေပေးခဲ့တယ်လို့ ပုလဲ လူထုသပိတ်တိုက်ပွဲ ဦး‌ဆောင်ကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံဗုံးကြဲရာ ကလေးများ အပါအဝင် ပြည်သူ ၁၃ ဦး ထပ်မံသေဆုံး၊ သပိတ်ကျင်းမြို့နယ်မှာ ၂ရက်ဆက် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦး ရှိလာ…

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အောက် ကလေးငယ် ၂ ယောက် အပါအဝင် ပြည်သူ ၁၃ ယောက် သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အရပ်သားအစိုးရ စီစဉ်ပေးခဲ့တဲ့ ကိုဗစ်ချေးငွေ အမြန်ဆုံးပြန်ဆပ်ဖို့ လုပ်ငန်းရှင်တွေကို စစ်ကောင်စီ ဖိအားပေး

အရပ်သား အစိုးရလက်ထက်က လုပ်ငန်းရှင်တွေအတွက် ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေထဲက ကျန်ငွေ ကျပ် ၈၂ ဘီလီယံကို မဖြစ်မနေ ပြန်လည်ပေးသွင်းရမယ်လို့  စစ်ကောင်စီက ဖိအားပေးပြောကြားလိုက်ပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ဥက္ကဋ္ဌနဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး (၁) တို့က ရှေ့တန်းနယ်မြေကို သွားရောက်စစ်ဆေးခဲ့

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌ ရဲဘော်ယောလေးနဲ့ လက်ထောက်အထွေထွေအတွင်းရေးမှုး (၁) (AGS -1) ရဲဘော်ထွားကြီးတို့က ရှေ့တန်းစခန်းတွေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲ မင်းတိုင်ပင်ရွာ အထက်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၂ ယောက်သေဆုံး

"ပေါင် ၅၀၀ ဗုံးတွေဘာတွေတော့ မဟုတ်ဘူး။ ရော့ကတ်နဲ့ပစ်သွားတာ။ စာသင်ကျောင်းဆောင်တွေလည်း နှစ်ခြမ်းပြိုကုန်တယ်။ သစ်ပင်တွေဆို ထက်ပိုင်းပြတ်တယ်။ အိမ်တွေရောပဲ။ သေတာက ရော့ကတ်ထိပြီးချက်ချင်းသေတာ၁ယောက်၊ သွေးလန့်ပြီးသေတာ ၁ယောက်ပါ" လို့ ဒေသခံ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ရာအိမ်မှူးကို သဲကုန်းပကဖ ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကွေ့တက်အုပ်စု၊ နွယ်ကောက်ရွာ ရာအိမ်မှူး အေးထွန်း ဆိုသူကို စစ်ကောင်စီတပ်တွေ အလိုကျ မလုပ်ဆောင်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းပကဖ က ထုတ်ပြန်ထားပါတယ်။