အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ဇန်နဝါရီ ၁၀ ရက် စနေ့က ပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတစ်ဦးက အီရန်သံရုံးမှာ လွှင့်တင်ထားတဲ့ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ အလံကိုဖြုတ်ချပြီး၊ ယခင် အစ္စလာမ္မစ်တော်လှန်ရေးမတိုင်ခင်က သုံးခဲ့တဲ့ အလံဟောင်းနဲ့ အစားထိုးဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တစ်ခုမှာ ဆန္ဒပြပွဲအတွင်း ဆန္ဒပြနေသူ တစ်ဦးဟာ အီရန်နိုင်ငံ သံရုံးရဲ့ လသာဆောင်ပေါ်သို့ တွယ်တက်သွားပြီး လက်ရှိအသုံးပြုနေတဲ့ အီရန်အလံကို ဖယ်ရှားကာ ရှားဘုရင်အုပ်ချုပ်စဉ်အခါက အသုံးပြုခဲ့တဲ့ အလံကိုကိုင်ဆောင်ကာ ဆန္ဒပြခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်အတွင်း အဆောက်အအုံအောက်မှာဆန္ဒပြနေသူများက ထောက်ခံအားပေးသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါဆန္ဒပြခဲ့သူကို လန်ဒန်ရဲများက ဖြစ်စဥ်ပြီးနောက်ပိုင်း ဖမ်းဆီးခဲ့တယ်လို့ သိရပေမဲ့ ၄င်းအပေါ် အရေးယူခြင်းရှိ မရှိတော့ မသိရသေးပါဘူး။ 

လက်ရှိ အီရန်နိုင်ငံအနှံ့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပြီး ဆန္ဒပြသူတွေကို အီရန်စစ်တပ်က ပစ်သတ်နေတာကြောင့် ဆေးရုံမှာ အလောင်းတွေ ပုံနေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။ အီရန်စစ်တပ်အနေနဲ့ ပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေ လုပ်ဆောင်ပါက အမေရိကန်အနေနဲ့ အီရန်အ‌ရေးမှာ ပါဝင်တိုက်ခိုက်နိုင်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုထားပါတယ်။

ခုလို အလံလဲလှယ်ပြီး ဆန္ဒပြတာဟာ လက်ရှိ အီရန်အာဏာရှင်အစိုးရရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်ကြောင်း ဖော်ပြနေတာဖြစ်သလို၊ ပြည်ပရောက်အီရန်လူမျိုးတွေအနေနဲ့ အီရန်နိုင်ငံတွင်း လက်ရှိဖြစ်ပွားနေတဲ့ (အီရန်အာဏာရှင်အစိုးရအပေါ် ဆန့်ကျင်တဲ့) ပြည်သူ့ဆန္ဒပြမှုတွေကို ထောက်ခံကြောင်း ပြသနေတာလည်းဖြစ်ပါတယ်။

Video – wisenuts_podcast

0 Shares:
You May Also Like
Read More

ဆင်ဖြူကျွန်းမြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ဌာနဆိုင်ရာရုံးတွေ မီးလောင်ပြီး ပြည်သူ ၁ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ဌာနဆိုင်ရာရုံးတွေ မီးလောင်ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ထောက်ပို့ရဟတ်ယာဉ် ၁ စီးကို ပစ်ချခဲ့ဟု Battalion Of Budalin ဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကန့်ဘလူ တပ်ရင်း ၆၀၀၆ မှ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကိုလာတဲ့ ထောက်ပို့ရဟတ်ယာဉ် ၁ စင်းကို ပစ်ခတ်ခဲ့တယ်လို့ Battalion Of Budalinမှ ဒီကနေ့မနက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေစကြိုမြို့နယ်အတွင်း နေရာအရွှေ့အပြောင်းလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ကျောက်လှေခါးဂိတ်စခန်းမှ ပန်းတိုင်ခြုံဓိတ်စခန်းသို့ ကားတွေနဲ့ နေရာအရွှေ့အပြောင်းလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားသေဆုံးခဲ့တယ်လို့ Southern YSO PDF မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က ပြည်သူပိုင်ယာဉ်များကို ချောဆွဲပြီး ကျောက်လှေခါးဂိတ်စခန်းမှ ပန်း တိုင်ခြုံဂိတ်စခန်းသို့ ကား ၅ စီးနဲ့ နေရာရွှေ့ပြောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ နောက်ဆုံးကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်အုပ်စု ၉ ဦး သေ (ရုပ်/သံ)

မေလ ၇ ရက် မနက်ပိုင်းက ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

လမ်းသွားပြည်သူတွေထံက ဆက်ကြေးကောက်နေတဲ့ အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး ဘန်ကာတွေကို ရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့အတွက် တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့ အင်အားဖြည့်တင်းလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို အနီးကပ်ကြားဖြတ်တိုက်ခိုက်မှု စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့ အင်အားဖြည့်တင်းလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး-ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ညောင်ပင်ကုန်းကျေး ရွာအနီး အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၃ စီး ပြင်းပြင်းထန်ထန်ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။