ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ မဲရုံနေရာ ၂ ခုကို  တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်လာပါတယ်။ 

အဲဒီ တိုက်ခိုက်ခိုက်မှုကို မနေ့က ဇန်နဝါရီလ ၁၀ ရက်နဲ့ ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်တွေမှာ လုပ်ဆောင်ခဲ့တာလို့သိရပါတယ်။ 

ပထမအကြိမ် တိုက်ခိုက်မှုကို ဇန်နဝါရီလ ၁၀ ရက်၊ ညနေ ၅ နာရီအချိန်မှာ မင်းလှမြို့နယ်၊ လက်ပံရေကျော်အုပ်စုရှိ အမှတ် (၁) မဲရုံမှာ လုံခြုံရေးယူထားတဲ့ စစ်အုပ်စု တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ အဝင်အထွက်လုပ်တဲ့ လမ်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အဲဒီနောက် ဒုတိယအကြိမ် တိုက်ခိုက်မှုကိုတော့ ဇန်နဝါရီလ ၁၁ ရက်၊ မနက် ၄ နာရီ ၂၅ မိနစ်အချိန်မှာ မင်းလှမြို့၊ လမ်းမတော်လမ်း တရုတ်ကျောင်းမဲရုံအနီးထပ်မံလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

ပဲခူး အနောက်ခြမ်း မြို့ ၄ မြို့အနီး စစ်စခန်းများကို တော်လှန်ရေးတပ်များ တပြိုင်နက် တိုက်ခိုက်ခဲ့စဉ်

“နောက်ဆက်တွဲ ထိခိုက်မှုတွေကတော့ မသိရသေးပါဘူး။ ကျွန်တော်တို့က မိုင်းခွဲပြီး ပြန်ဆုတ်ခဲ့တာဆိုတော့။ ပြည်သူထိခိုက်မှုတော့ မရှိပါဘူး။ မဲလာမထည့်ရင် ဒဏ်ငွေ၃သိန်း ထောင်ဒဏ်၃နှစ်ဆိုပြီး ခြိမ်းခြောက်နေတယ်။ လူငယ်တွေမဲမထည့်ရင် စစ်မှုထမ်းရမယ်လို့ အုပ်ကြီးတွေခြိမ်းခြောက်တယ်” လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့  ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။  

ဒီတိုက်ခိုက်မှုတွေကို မင်းလှမြို့နယ် ပကဖနဲ့အတူ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) အုတ်ဖိုမြေအောက်ပြောက်ကျားအဖွဲ့ ရဲဘော်တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ 

မင်းလှမြို့နယ် ပကဖ အနေနဲ့ အကြမ်းဖက် စစ်အုပ်စု ပြုလုပ်နေတဲ့ ရွေးကောက်ပွဲဟာ  တရားမဝင်ကြောင်း သတ်မှတ်ထားပြီး ပြည်သူတွေအနေနဲ့ မဲမပေးဘဲ ဆန့်ကျင်ကြဖို့ကို တိုက်တွန်းထားသလို ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေနဲ့ အားပေးကူညီသူတွေကိုလည်း ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

မန္တလေးမြို့က မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို တော်လှန်လူငယ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေး ၄ နှစ်တာကာလအတွင်း CDF ဟားခါး ရဲဘော် ၅၂ ဦး ကျဆုံးပြီး ၁၈၃ ဦး ဒဏ်ရာရခဲ့

တော်လှန်ရေး ၄ နှစ်တာကာလအတွင်း ချင်းပြည်နယ်၊ ဟားခါးမြို့တွင်းနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ရဲဘော် ၅၂ ယောက် ကျဆုံးပြီး ၁၈၃ ယောက်ဒဏ်ရာရခဲ့တယ်လို့ Chinland Defense Force CDF - Hakha Central Council က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို PLA ဆေးတပ်ဖွဲ့ ဆေးဝါးကုသမှုပေးပြီး စားနပ်ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အနောက်မြောက်စစ်ဒေသ၊ ဆေးတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက်ကနေ စတင်ပြီး ဆေးကုသမှုပေးကာ စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ပြုလုပ်နေတယ်လို့ PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေအတွင်းက သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲ ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေအတွင်း အောက်တိုဘာ ၁၇ ရက် မနေ့ညပိုင်းက ပြုလုပ်ခဲ့တဲ့ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲမြင်ကွင်းတွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တစ်လအတွင်း မူယစ်ဆေးဝါးသုံးစွဲသူ (၁၂၆)ဦးနှင့် ဖြန့်ဖြူးရောင်းချသူ (၁၃)ဦး ဖမ်းဆီးခဲ့…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ခရိုင်တွေဖြစ်တဲ့ ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဆန်ခရိုင်နဲ့ နမ့်ခမ်းခရိုင်တို့မှာ TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၂၆) ယောက်နဲ့ ဖြန့်ဖြူးရောင်းချသူ (၁၃) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပြည်သူတွေ မပူးပေါင်းကြဖို့ တောင်းဆို

"စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှုကို ပြည်သူလူထုတရပ်လုံးအနေဖြင့် မိမိတို့ တော်လှန်ရေး အင်အားစုများနှင့် အတူတကွ ရနိုင်သမျှ နည်းလမ်းမျိုးစုံသုံး၍ ဆန့်ကျင်ကြရန် လိုအပ်သည်" လို့ ရန်ကုန်သပိတ်အင်အားစုတွေရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။