တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်နေသူများကို ဖမ်းဆီးပြီး မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဒေသခံများရဲ့ သတင်းပေးချက်အရ သံသယရှိသူများရဲ့ နေအိမ်သို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ တရားခံ ၆ ဦးနဲ့အတူ WY မူးယစ်စိတ်ကြွဆေးပြား ၁၆၄၀၀ ပြားခန့်၊ ICE ရေခဲ (၁ )ဂရမ် ခန့် ၊ ၃၈. ဗို့ ကျည် အတောင့် ၄၀ တို့နှင့် မူးယစ်ဆေးဝါးရောင်းဝယ်ရာမှာ ရရှိထားတဲ့ ထိုင်းဘတ်ငွေ ၈၇၀၀၀ တို့အား တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးမိခဲ့တဲ့ မူးယစ်ဆေးဝါးများကို ဇန်နဝါရိ ၉ ရက်က မီးရှို့ဖျက်ဆီးခဲ့ပြီး တရားခံများကို လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။
ကော့သောင်းမြို့နယ်နဲ့ ခမောက်ကြီးမြို့နယ်အတွင်း နေထိုင်သူများ ပြည်သူများအနေဖြင့် ခေတ်စနစ် ရဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်များကို ပျက်စီးစေတဲ့ စိတ်ကြွမူးယစ်ဆေးဝါး (WY) ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲမှုများ နေရာအနှံ့အပြားများပြားလာတဲ့အတွက် ရောင်းဝယ်သူ၊သုံးစွဲသူများကို တွေ့ရှိ၍ဖြစ်စေ၊ တိုင်ကြားလာ၍ဖြစ်စေ ထိရောက်စွာ အရေးယူသွားမယ်လို့ ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
Video – ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့