ရခိုင်ပြည် စစ်တွေ – ပုဏ္ဏားကျွန်း နယ်အစပ်တိုက်ပွဲမှာ အာရက္ခတပ်တော် (AA) တပ်ရင်းမှူး ၁ ယောက်ကျဆုံးခဲ့တယ် လို့ ရခိုင်ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။

စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်းအစပ် ရှေ့တန်းမှာ တာဝန်ယူနေတဲ့ ဗိုလ်မှူးထက်မြတ်သိန်းဟာ ဒီဇင်ဘာ ၃၁ ရက်နေ့ က ကျဆုံးခဲ့တာလို့ ရခိုင်ဒေသ အခြေစိုက် APM သတင်းမှာ ဖော်ပြထားပါတယ်။

ဗိုလ်မှူး ထက်မြက်သိန်းဟာ အကြမ်းဖက်စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်နေတဲ့အချိန် တပ်ဖွဲ့ကို အနီးကပ် ကွပ်ကဲဦးဆောင်ရင်း ကျဆုံးခဲ့တာလို့ သိရပါတယ်။

သူ့ရဲ့ စျာပနအခမ်းအနားကို စစ်မြေပြင်အနီး ဒေသတစ်ခုမှာ ကျင်းပခဲ့ပြီး သက်ဆိုင်ရာ တပ်မှူးတွေ၊ မိဘဆွေမျိုးတွေ၊ ဇနီးနဲ့ သားသမီးတွေ အပြင် အာရက္ခတပ်တော် ရဲဖော်ရဲဘက်တွေ တက်ရောက်ပြီး စစ်ရေးစည်းမျဉ်းတွေနဲ့အညီ ဂါရဝပြုခဲ့ကြတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ APM)
(ဓာတ်ပုံ APM)

ဗိုလ်မှူး ထက်​မြက်သိန်း ကျဆုံးချိန်မှာ အသက် ၃၃ နှစ်သာရှိသေးကာ ကျန်ရစ်ခဲ့တဲ့ မိဘ၊ ဇနီးနဲ့ သားသမီးတွေကို အာရက္ခတပ်တော်က တာဝန်ယူ ထောက်ပံ့ကူညီမှုပေးနေတယ်လို့လည်း သိရပါတယ်။

ကျဆုံးခဲ့တဲ့ဗိုလ်မှူးဟာ မာန်အောင်ဇာတိဖွားဖြစ်ပြီး ဇနီး နဲ့ သားသမီး ကျန်ရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

ရခိုင်ပြည်နယ်မြေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို အေအေက ထိန်းချုပ်ထားနိုင်ပြီး လက်ရှိ မြို့တော်စစ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ APM)
0 Shares:
You May Also Like
Read More

စစ်မှုထမ်းရန် ဖမ်းဆီးခံထားရသည့် စိတ်ဝေဒနာရှင်လူငယ် ၁ဦး စစ်ကြောရေးတိုက်ပေါ်မှ ခုန်ချသေဆုံး

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အုတ်ကျင်း စစ်ကြောရေးအတွင်း ဖမ်းဆီးခေါ်ဆောင်ခံထားရတဲ့ စိတ်ဝေဒနာရှင် လူငယ်၁ယောက် တိုက်ပေါ်က ခုန်ချသတ်သေတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း Shwe Pyi Thar Information အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မင်းလှမြို့မရဲစခန်းမှ ကင်းလှည့်ထွက်လာသည့် ရဲဆိုင်ကယ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်းကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်သားတွေကို တော်လှန်ရေးတပ်တွေက စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။
Read More

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကြုံးဝါးခဲ့တဲ့အတိုင်း အမ်း (နပခ) ကို တက်ကြိတ်လိုက်တဲ့ ရက္ခိုင့်တပ်တော် AA

AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာဏာသိမ်းစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို ကြုံးဝါးပြောဆိုခဲ့တဲ့အတိုင်း ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရရှိသွားပြီဖြစ်ပါတယ်။
Read More

KTV အတူတူ သွားကြရင်း အရာရှိ မူးနေချိန် စစ်မှုထမ်းဆင်း စစ်သား ၂ဦး ခဲယမ်းနှင့်တကွ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ တပ်မ ၁၀၁ က အရာရှိနဲ့အတူ အပြင်ထွက် ပျော်ပါးတဲ့ စစ်မှုထမ်းဆင်း စစ်သား ၂ ယောက်ဟာ အရာရှိ အလစ်မှာ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်တကွ မိုးဗြဲ PDF ထံ ခိုလှုံ

အဓမ္မစစ်မှုထမ်းဖို့ စုဆောင်းခြင်းခံရတဲ့ စစ်ကောင်စီ တပ်သားတစ်ဦး ဟာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ထံ လက်နက်နဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ် အမှတ် (၁၀၀၁) တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်ခဲ့သည့် လောင်းလုံးတွင် စစ်အုပ်စုဘက်က ထိခိုက်သေဆုံး များပြားကာ ရေတပ်ပစ်ကူယူခဲ့ရ

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့ပေါ်က စစ်ကောင်စီအခြေစိုက်နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများခဲ့ပြီး ရေတပ်ကနေပါလက်နက်ကြီးပစ်ကူပေးခဲ့ရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ ကိုရှဲဒိုးက မောင်းကို ပြောပါတယ်။