အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ဇန်နဝါရီ ၁၀ ရက် စနေ့က ပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတစ်ဦးက အီရန်သံရုံးမှာ လွှင့်တင်ထားတဲ့ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ အလံကိုဖြုတ်ချပြီး၊ ယခင် အစ္စလာမ္မစ်တော်လှန်ရေးမတိုင်ခင်က သုံးခဲ့တဲ့ အလံဟောင်းနဲ့ အစားထိုးဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တစ်ခုမှာ ဆန္ဒပြပွဲအတွင်း ဆန္ဒပြနေသူ တစ်ဦးဟာ အီရန်နိုင်ငံ သံရုံးရဲ့ လသာဆောင်ပေါ်သို့ တွယ်တက်သွားပြီး လက်ရှိအသုံးပြုနေတဲ့ အီရန်အလံကို ဖယ်ရှားကာ ရှားဘုရင်အုပ်ချုပ်စဉ်အခါက အသုံးပြုခဲ့တဲ့ အလံကိုကိုင်ဆောင်ကာ ဆန္ဒပြခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်အတွင်း အဆောက်အအုံအောက်မှာဆန္ဒပြနေသူများက ထောက်ခံအားပေးသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါဆန္ဒပြခဲ့သူကို လန်ဒန်ရဲများက ဖြစ်စဥ်ပြီးနောက်ပိုင်း ဖမ်းဆီးခဲ့တယ်လို့ သိရပေမဲ့ ၄င်းအပေါ် အရေးယူခြင်းရှိ မရှိတော့ မသိရသေးပါဘူး။ 

လက်ရှိ အီရန်နိုင်ငံအနှံ့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပြီး ဆန္ဒပြသူတွေကို အီရန်စစ်တပ်က ပစ်သတ်နေတာကြောင့် ဆေးရုံမှာ အလောင်းတွေ ပုံနေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။ အီရန်စစ်တပ်အနေနဲ့ ပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေ လုပ်ဆောင်ပါက အမေရိကန်အနေနဲ့ အီရန်အ‌ရေးမှာ ပါဝင်တိုက်ခိုက်နိုင်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုထားပါတယ်။

ခုလို အလံလဲလှယ်ပြီး ဆန္ဒပြတာဟာ လက်ရှိ အီရန်အာဏာရှင်အစိုးရရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်ကြောင်း ဖော်ပြနေတာဖြစ်သလို၊ ပြည်ပရောက်အီရန်လူမျိုးတွေအနေနဲ့ အီရန်နိုင်ငံတွင်း လက်ရှိဖြစ်ပွားနေတဲ့ (အီရန်အာဏာရှင်အစိုးရအပေါ် ဆန့်ကျင်တဲ့) ပြည်သူ့ဆန္ဒပြမှုတွေကို ထောက်ခံကြောင်း ပြသနေတာလည်းဖြစ်ပါတယ်။

Video – wisenuts_podcast

0 Shares:
You May Also Like
Read More

မုံရွာမြို့နယ် ကျောက္ကာလမ်းပိုင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်။ စစ်သားအများအပြား ထိခိုက်ပြီး ၁ ယောက်ဖမ်းဆီးမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျောက္ကာလမ်းပိုင်းသို့ သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်ခဲ့တယ်လို့ သပြေညို ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူမြို့နယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ဗိုလ်မှူး ၁ ယောက်အပါ အများအပြား သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ညင်းထွေးရွာနဲ့ ကျောက်ကညှာရွာအကြား ရေး-ထား ဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတလျှောက် လမ်းကင်းထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၄ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ယာဉ်တန်းကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ စောင့်ကြိုတိုက်ခိုက်၊ သံပြားကာယာဉ် ၁ စီး ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ သံပြားကာယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ သံပြားကာယာဉ် ၁ စီး ပျက်စီးခဲ့တယ်လို့ Black Eagle Defence Force - MMU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း အကြမ်ဖက်စစ်တပ်လေကြောင်းက ချပေးသည့် ရိက္ခာထုတ်ကို တော်လှန်ရေးတပ်များ သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ချပေးတဲ့ ရိက္ခာထုတ်ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ ရိက္ခာထွက်ရှာသည့် အကြမ်းဖက်စစ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှာ ဒီဇင်ဘာ ၆ ရက် နေ့လည်ပိုင်းက ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက ကင်းပုန်းဝပ်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

နမ္မတူမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ အရပ်သား ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် နမ္မတူမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။