တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်နေသူများကို ဖမ်းဆီးပြီး မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဒေသခံများရဲ့ သတင်းပေးချက်အရ သံသယရှိသူများရဲ့ နေအိမ်သို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ တရားခံ ၆ ဦးနဲ့အတူ WY မူးယစ်စိတ်ကြွဆေးပြား ၁၆၄၀၀ ပြားခန့်၊ ICE ရေခဲ (၁ )ဂရမ် ခန့် ၊  ၃၈. ဗို့ ကျည် အတောင့် ၄၀ တို့နှင့် မူးယစ်ဆေးဝါးရောင်းဝယ်ရာမှာ ရရှိထားတဲ့ ထိုင်းဘတ်ငွေ ၈၇၀၀၀ တို့အား တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးမိခဲ့တဲ့ မူးယစ်ဆေးဝါးများကို ဇန်နဝါရိ ၉ ရက်က မီးရှို့ဖျက်ဆီးခဲ့ပြီး တရားခံများကို လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ကော့သောင်းမြို့နယ်နဲ့ ခမောက်ကြီးမြို့နယ်အတွင်း နေထိုင်သူများ ပြည်သူများအနေဖြင့် ခေတ်စနစ် ရဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်များကို ပျက်စီးစေတဲ့ စိတ်ကြွမူးယစ်ဆေးဝါး (WY) ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲမှုများ နေရာအနှံ့အပြားများပြားလာတဲ့အတွက် ရောင်းဝယ်သူ၊သုံးစွဲသူများကို တွေ့ရှိ၍ဖြစ်စေ၊ တိုင်ကြားလာ၍ဖြစ်စေ ထိရောက်စွာ အရေးယူသွားမယ်လို့ ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

Video – ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

0 Shares:
You May Also Like
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ အညာစစ်ဒေသအတွက် တပ်သားများ ခေါ်ယူ (ရုပ်/သံ)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) က အမှတ် (၃၀၈) အညာစစ်ဒေသအတွက် တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူသွားမယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူများထံ အသိပေးထားပါတယ်။
Read More

ကချင်ပြည်နယ်ရှေ့တန်းတွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များ၏အသက်ကို ကာကွယ်ပေးနိုင်ရန် ကျည်ကာကမ်ပိန်း ပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ မုံရွာခရိုင်အမှတ် - ၂၇ တပ်ရင်းက "ကာကွယ်လုံခြုံ ကျည်ကာတစ်စုံ" ကမ်ပိန်းပြုလုပ် ထားတယ်လို့ သိရပါတယ်။
Read More

ရိက္ခာလာထုတ်သည့် ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်ခံရ၊ အထိအခိုက်များပြီး ကားကို စွန့်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့သို့ ရိက္ခာလာထုတ်တဲ့ ပန်းရံပျူစောထီးတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတွေ အထိအခိုက်များပြီး ကားကို စွန့်ခွာထွက်ပြေးသွားတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

လေရှီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်မှုကြောင့် လူနေရပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် လူနေရပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတွေ ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို နိုဝင်ဘာ ၂၁ ရက် မနေ့က နေ့လည်ပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေသွားတယ်လို့ ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အင်အားပြင်းငလျင်ကြောင့် သမိုင်းဝင်ရွှေစာရံဘုရားထီးတော် မြေခ (ရုပ်/သံ)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ထဲက ပုဂံခေတ် မိဖုရားစောမွန်လှ တည်းထားခဲ့တဲ့ သမိုင်းဝင်ရွှေစာရံဘုရားဟာ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဘုရားထီး‌တော်မြေခခဲ့ရတယ်လို့ သိရပါတယ်။