ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA တိုက်ခိုက်သီမ်းပိုက်ကာ အုပ်ချုပ်နေတဲ့ နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာလ ၁၉ ရက် ဒီနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဒီနေ့မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ(၂)စီးနဲ့ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်အတွင်း ပေါင်(၅၀၀)ဗုံး တစ်လုံးနဲ့ ပေါင်(၃၀၀)ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ရာ ပါဟတ်ရပ်ကွက်ရှိ နေအိမ် (၁၀)လုံး ထိခိုက်ပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူ(၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မနက်အစောပိုင်းကလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အသက် (၈) နှစ်အရွယ် ကလေးငယ်တစ်ယောက် အပါအဝင် သားအဖ (၃) ယောက် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သီပေါမြို့ကို တအာင်းတပ်မတော်က အောက်တိုဘာ ၁၂ ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့တွေကို PSLF/TNLA က သိမ်းပိုက်ပြီးနောက် တိုက်ပွဲတွေ ရပ်တန့်နေပေမယ့် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကတစ်ဆင့် နေ့စဥ် လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ စစ်ဆင်ရေးမှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကယန်းအမျိုးသားတပ်မတော် (KNA) က စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတချို့မှာ စစ်ဆင်ရေးပြုလုပ်နေခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒီနေ့ နိုဝင်ဘာလ ၁၇ ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ထပ်မံသိမ်းပိုက်ရရှိတဲ့မြို့တွေကို အုပ်ချုပ်ရေးယန္တရားပြန်လည် လည်ပတ်နိုင်ဖို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နဲ့အဖွဲ့ လူထုကို သွားရောက်တွေ့

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

အညာအခြေစိုက် တပ်ဖွဲ့ ၃ ဖွဲ့ ပူးပေါင်းလိုက်သည့် ထနောင်းမြေစစ်ကြောင်း

အညာဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ Anyar Federal Task Force (AFTF)၊ Freedom Fighter Guerrilla Force (FFGF) နဲ့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထနောင်းမြေစစ်ကြောင်း (Acacla Column) အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီလက်နက်ရရှိရေး ဘဏ်တွေ ငွေလွှဲပေးထားတဲ့ အထောက်အထားမတွေ့ဘူး ဟု ထိုင်းငြင်းဆို

ထိုင်းဘဏ်တချို့ဟာ စစ်ကောင်စီလက်နက်ရရှိရေးအတွက် ငွေကြေးလွှဲပြောင်းမှု အကူအညီတွေ ပေးနေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ယောက်ရဲ့ အစီရင်ခံစာကို အထောက်အပံ့ဖြစ်စေမယ့် အထောက်အထား တစုံတရာ မတွေ့ရှိသေးကြောင်း ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အေဂျင်စီတို့က ဒီဇင်ဘာ ၃၀ ရက် တနင်္လာနေ့မှာ ပြောပါတယ်။
Read More

ဖားအံခရိုင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်၊ လက်နက် ၂ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၂ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိပြီး စစ်တပ်စစ်ကြောင်းက ငါ့သရောက်မြို့နယ်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်ထားပါတယ်။