ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးဘုရားလမ်းမပေါ်က  အကြမ်းဖက် စစ်တပ်ဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့  God’s Hand Forces (GHF) အဖွဲ့ထံမှ သိရပါတယ်။ 

မနေ့က အောက်တိုဘာလ ၁၉ ရက်နေ့  မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနှင့် စွယ်တော်လမ်းထောင့်ရှိ အကြမ်းဖက် စစ်တပ်ဝင်း အဝင်ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။

ဖောက်ခွဲတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ အလစ်အငိုက်ကို စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

God’s Hand Forces ၏ ထုတ်ပြန်ချက်

တိုက်ခိုက်မှုကို God’s Hand Forces (GHF) အဖွဲ့က “M 043 စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသအဖြစ် ဖော်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်

တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုအခြေအနေကိုအတည်မပြုနိုင်သေးပေမယ့်ထိခိုက်မှုရှိနိုင်ကြောင်းသိရပါတယ်။

God’s Hand Forces (GHF) အဖွဲ့ဟာရန်ကုန်မြို့ကမြေအောက်ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်ပြီးစစ်ကောင်စီအခြေစိုက်ရာနေရာတွေကိုမကြာခဏတိုက်ခိုက်လေ့ရှိတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။

ဖောက်ခွဲခဲ့သည့်နေရာကို Google Earth ကနေ မြင်ရပုံ (ဓာတ်ပုံ God’s Hand Forces)
0 Shares:
You May Also Like
Read More

ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေရဲ့ စစ်ရေးအောင်မြင်မှုတွေ အစမ်းသပ်ခံ ကာလကို ဖြတ်ကျော်ကာ တာရှည်ခံနိုင်အောင် ကြိုးပမ်းရမည်ဟု ဆို 

လက်ရှိ ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေရဲ့ စစ်ရေးအောင်မြင်မှုတွေအနေနဲ့ အစမ်းသပ်ခံကာလတွေကို ဖြတ်ကျော်ကာ အောင်မြင်မှုကို တာရှည်ခံအောင် ကြိုးပမ်းဆောင်ရွက်ရမယ်လို့ MNDAA ရဲ့ တပ်တည်ထောင်ခြင်း နှစ်ပတ်လည်အတွက် AA နဲ့ TNLA တို့က ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

ဆင်ဖြူကျွန်းက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေကြိုဆို

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးက စစ်ကောင်စီအခြေစိုက်တပ်စွဲရာနေရာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အမှတ် (၁၀၁) တပ်ရင်းကို ပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကနီ ပကဖ လေကြောင်းရန်ကာကွယ်ရေး သင်တန်းပေး (ဓာတ်ပုံသတင်း)

ကနီမြို့နယ်အတွင်း ပြည်သူအခြေပြု စာသင်ကျောင်းတွေမှာ လေကြောင်းအန္တရာယ် ကာကွယ်ရေးနဲ့ လက်တွေ့သရုပ်ပြသင်တန်း လေ့ကျင့်ပေးမှုတွေကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုလုပ်ခဲ့ကြောင်း ပကဖအသံက ဖော်ပြထားပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခ.မ.ရ (၅၆၁) တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် ခ.မ.ရ (၅၆၁) တပ်ရင်းက တပ်ကြပ်ကြီးတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၃)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မှော်ဘီမှာ စစ်ကောင်စီတပ်ဂိတ်စခန်းကို မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်ကောင်စီတပ်ဂိတ်စခန်းကို မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော်အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေအပေါ် စိုးရိမ်ပူပန်နေဟု Kim Aris ပြော

မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခခံစားနေရသလို နေပြည်တော်အကျဉ်းထောင်မှာ ထိန်းသိမ်းခံရပြီးအဆက်အသွယ်ဖြတ်တောက်ခံထားရတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအပေါ် စိုးရိမ်ပူပန်နေတယ်လို့ Kim Aris (ခ) ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။