ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နဲ့ ဗဟို အထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ်တို့အဖွဲ့က သြဂုတ်လ (၁၅)ရက်ကနေ (၁၈) ရက်အထိ (၄)ရက်ကြာ ခရီးစဉ် သွားရောက် ကွင်းဆင်းလေ့လာခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ခရီးစဉ်မှာ သိမ်းပိုက်ရရှိထားတဲ့ တပ်စခန်းနဲ့ အစိုးရဆိုင်ရာဌာနရုံးတွေ၊ အုပ်ချုပ်ရေးရုံးတွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေ သွားရောက်လေ့လာခဲ့သလို မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့မှာ လူထုတွေ့ဆုံမှုပါ ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ ပြန်လည် လည်ပတ်နိုင်ရေးအတွက် မြို့ခံပြည်သူလူထုကို ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ (၁၇) ရက် မိုးကုတ်မြို့မှာ ရပ်ကွက်ကျေးရွာ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာ PSLF/TNLA အုပ်ချုပ်ရေးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ရာ ဗိုလ်ချုပ် တားဘုန်းကျော်က မြို့သိမ်းတိုက်ပွဲဆင်နွှဲရတဲ့အကြောင်း၊ PSLF/TNLA ရဲ့တော်လှန်ရေးလုပ်ငန်း ရည်ရွယ်ချက်နဲ့ အဖွဲ့အစည်းရဲ့ မူပေါ်လစီတွေကို ရှင်းလင်းတင်ပြပြီးနောက် မိုးမိတ်မြို့နယ်အတွင်း ပြန်လည်တည်ငြိမ်ရေးနဲ့ ဒေသတွင်း အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ အပြန်အလှန်ဆွေးနွေးခြင်း၊ ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်း၊ ပြည်သူလူထုရဲ့ အခြေခံဝန်ဆောင်မှုဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးတို့ အမြန်ဆုံး ရရှိရေးအတွက် ဆောင်ရွက်လိုပြီး လိုအပ်နေတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကို မြို့နယ်အတွင်းရှိ CDM ဝန်ထမ်းတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားခဲ့ပါတယ်။
ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ်တားဂူဇာရ်ကလည်း မြို့တွင်းအုပ်ချုပ်ရေးလုပ်ငန်းနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးလုပ်ငန်းမှာ တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေ ပြည်သူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲကို တက်ရောက်လာကြတဲ့ လူမျိုးစုကိုယ်စားလှယ်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးကိုယ်စားလှယ်တွေက အုပ်ချုပ်ရေးလုပ်ငန်းကို အကြံပြုချက်တွေ ပေးပြီး သိလိုတဲ့ အကြောင်းအရာတွေကိုလည်း မေးမြန်းခဲ့သလို မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီ စိုးမိုးအုပ်ချုပ်စဉ်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ များပြားခဲ့ရာ အရေးယူမှုလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက တောင်းဆိုထားပါတယ်။
တဆက်တည်းမှာပဲ သြဂုတ်လ (၁၈) ရက်က မိုးကုတ်မြို့နယ်ရှိ ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ရာ ဗိုလ်ချုပ်တားဘုန်းကျော်က တော်လှန်ရေးရည်ရွယ်ချက်နဲ့ အဖွဲ့အစည်း မူပေါ်လစီကို ရှင်းလင်းတင်ပြပြီး မြို့တွင်း စည်ပင်သာယာရေးနဲ့ ပြည်သူတွေ အေးချမ်းစွာ နေထိုင်နိုင်ရေးတို့ကို ဆောင်ရွက်မယ်လို့ ပြောကြားခဲ့ပါသေးတယ်။
မိုးကုတ်မြို့နယ်က တစ်နိုင်တပိုင် အသေးစားကျောက်ရှာဖွေရေးလုပ်ငန်းနဲ့ ရိက္ခာတွေ လွယ်ကူစွာ သယ်ယူနိုင်ရေးတို့ကိုလည်း အဆင်ပြေချောမွေ့စေဖို့ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့လည်း ဗိုလ်ချုပ်တာဘုန်းကျော်က ပြောဆိုထားပါတယ်။
ဗဟိုအထွေထွေအုပ်ချူပ်ရေးဌာနမှူး ဗိုလ်မှူးချူပ် တားဂူးဇာရ်က မြို့တွင်း အုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်နိုင်ရေး သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနတွေနဲ့ ပူးပေါင်းပါဝင်ကြဖို့ တွေ့ဆုံပွဲ တက်ရောက်လာတဲ့ မြို့မိမြို့ဖတွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။
လက်တလော ကာလအတွက် အုပ်ချုပ်ရေးလုပ်ငန်းတွေကို PSLF/TNLA က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်မှာ ကြားကာလ တော်လှန်ရေးအစိုးရ၊ PSLF/TNLA နဲ့ အရပ်သားတွေ ပူးပေါင်းပြီး အုပ်ချုပ်ရေးလုပ်ငန်း ပူးတွဲစီမံအုပ်ချုပ်တဲ့ အစိုးရ ပေါ်ပေါက်နိုင်အောင် ကြိုးပမ်းသွားမယ်လို့လည်း ဗိုလ်ချုပ်တားဘုန်းကျော်က ပြောဆိုထားပါတယ်။
လူထုတွေ့ဆုံပွဲအပြင် ဗိုလ်ချုပ်တားဘုန်းကျော်နဲ့ အဖွဲ့ဝင်တွေက ကျောက်မဲ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့ရှိ သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနအသီးသီးက တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေကို ဌာနအလိုက်တွေ့ဆုံပြီး လုပ်ငန်းတွေအတွက် အကြံပြုချက်တွေနဲ့ လမ်းညွှန်မှုတွေ တွေ့ဆုံ ညွှန်ကြားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

မြန်မာ့အရေးမှာ ဒေသတွင်းနိုင်ငံတွေ ပိုမိုပါဝင်လာမှု ရှိနေကြောင်း NUG ယာယီသမ္မတ သတိပေး

မြန်မာ့အရေးမှာ  ဒေသတွင်းနိုင်ငံတွေရဲ့ ဝင်ရောက်ပါဝင်လာမှုဟာ ပိုပြီး ထဲထဲဝင်ဝင်ဖြစ်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

ကလေးမြို့တောင်ပိုင်း ကမ်းပါးနီ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား အများအပြားသေပြီး ၂၀ ကျော် အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ကမ်းပါးနီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်က အယောက် ၂၀ ကျော် အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်ရရှိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

နွားထိုးကြီး PDF ၏ မွမ်းမံသင်တန်း အပတ်စဥ်(၂) သင်တန်းဆင်းပွဲကျင်းပပြီး ရဲဘော်များကို လက်နက် တပ်ဆင်ပေး

နွားထိုးကြီး PDFရဲ့ မွမ်းမံသင်တန်း အပတ်စဥ်(၂) သင်တန်းဆင်းပွဲကို သြဂုတ်လ ၃ ရက် ဒီနေ့မှာ ကျင်းပခဲ့ပြီး မွမ်းမံသင်တန်းဆင်း ရဲဘော်တွေကို မဟာမိတ်အဖွဲ့က လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ နွားထိုးကြီး PDF (မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁၀) တပ်ရင်း)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ လက်အောက်ကနေ အမာခံသတင်းပေးလိုတဲ့ ဖရဲသီးများကို ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်နေ

စစ်တပ်အတွင်း အခြေအနေအမျိုးမျိုးကြောင့် CDM လုပ်ဖို့ ခက်ခဲနေသူတွေကိုလည်း PreCDM (ဖရဲသီး)များ အဖြစ် ကြိုတင်စာရင်းပေးထားနိုင်သလို အသက်အန္တရာယ် စိုးရိမ်ရသူများကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးမှုများလည်း ပြုလုပ်ပေးနေကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူ အများဆုံးအဖြစ် မြန်မာနိုင်ငံ စံချိန်တင်

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးရသူအများဆုံးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ စစ်တမ်းကဆိုပါတယ်။
Read More

ပေါင်းတည် ဝဲကြီးဆည် စစ်တပ်ဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး သေ၊ ဒေသခံ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ဝဲကြီးဆည် စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။