ရှေ့တန်းမှာ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်တပ်ဘက်က တာဝန်ယူမှု လုံး၀မရှိဘဲ မိသားစုဝင်တွေက မိမိအစီအစဉ်နဲ့သာ မိမိမေးမြန်းစုံစမ်းနေရတယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး CDM ဗိုလ်ကြီးထက်မြက်ကပြောပါတယ်။
“ကိုယ့်ယောက်ကျား သေသလားရှင်သလားမသိ၊ ဖမ်းခံရလားမသိ အဆက်အသွယ်ပြတ်သွားတဲ့အခါ မိသားစုဝင်တွေက နီးစပ်ရာမှာပဲ အဆင်ပြေသလို စုံစမ်းနေရတယ် “လို့ CDM ဗိုလ်ကြီးထက်မြက်က Breaking Brainwashed အစီအစဉ်မှာ ထည့်သွင်းပြောကြားသွားခဲ့တာပါ။
ရှေ့တန်းမှာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့အခါ ၎င်းတို့အနေနဲ့ လွတ်မြောက်လာဖွယ်ရှိမရှိ အခြေအနေကို တပ်တွင်း မိသားစုဝင်တွေက CDM ပြုလုပ်ထားတဲ့ စစ်သားနဲ့ အရာရှိတွေထံ လှမ်းပြီး အဓိက စုံစမ်းမေးမြန်းတာမျိုးတွေလည်း ရှိကြောင်း CDM ဗိုလ်ကြီးထက်မြက်ကဆိုပါတယ်။
ပြည်သူတွေအပေါ် စစ်ကောင်စီက ရက်ရက်စက်စက် စစ်ရာဇဝတ်မှုများကျူးလွန်စဉ်က တပ်တွင်းမိသားစု၀င်တွေဟာ ၎င်းတို့နဲ့ မဆိုင်သလို မသိကျိုးကျွံနေခဲ့ကြပြီး လက်ရှိ ဒုက္ခရောက်မှသာ CDM တပ်မတော်သားတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်စုံစမ်းမေးမြန်းလာခြင်းက ဆိုးရွားတယ်လို့ ဗိုလ်ကြီးထက်မြက်က သူ့ရဲ့ အမြင်ကိုပြောပါတယ်။
တော်လှန်ရေးကာလ သုံးနှစ်ကျော်အတွင်း မြို့ပေါင်း ၇၀ကျော်ကို တော်လှန်ရေး အင်အားစုတွေကသိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်အာဏာရှင်ကျဆုံးခန်းရောက်ချိန်အထိ အာဏာရှင်ကို ကာကွယ်ပေးနေဆဲ ရဲနဲ့စစ်သားတွေ အားလုံးကိုလည်း မေးခွန်းထုတ်လိုကြောင်း စစ်တပ်ရဲ့ CDM အရာရှိတစ်ဦးဖြစ်သူ လေတပ်မှ ခွဲမှူးဖြစ်သူ နေဝင်းအောင်ကလည်းဆိုပါတယ်။
လက်ရှိစစ်ကောင်စီထံကနေ ထွက်ခွာပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံဖို့ ပြောဆိုနေခြင်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို လူသားချင်းစာနာလို့ ထွက်ပေါက်တစ်ခုအနေနဲ့သာ ပေးအပ်ခြင်းဖြစ်လို့ လက်လွတ်မခံဖို့ အလွန်အရေးကြီးပြီး စစ်ကောင်စီဘေးမှာ နောက်ဆုံးအချိန်အထိ မနေသင့်တော့ကြောင်း CDM အရာရှိတွေကဆိုပါတယ်။
0 Shares:
You May Also Like
Read More

မြင်းခြံမှာ စစ်အုပ်စုကားတန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သားနဲ့ ပျူ ၂၀ ကျော် သေဆုံး၊ သေနတ် ၁၀ လက်နဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်အုပ်စုကားတန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၂၀ ကျော် မျက်မြင်သေဆုံးပြီး သေနတ်၁၀လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ 2IC ကိုဗညား က မောင်းကိုပြောပါတယ်။
Read More

ကပစ ၂၄ မှ ပြန်လာသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခံရကာ ၁၀ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ၊ ပခုက္ကူခရိုင် တပ်ရင်း ၂ ခုမှ ရဲဘော်၂ ဦးလည်း ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ (၂၄) ကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်ကားတန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့ကြောင်း တောင်ညိုနဂါး - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရခိုင်စစ်ပွဲအတွင်းကနေ လက်နက်နဲ့အတူ ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ် ပြန်ဖမ်းမိ

ရခိုင်ပြည်နယ် ဂွမြို့တိုက်ပွဲထဲကနေ သေနတ် ၂ လက်နဲ့အတူ ဧရာဝတီတိုင်းထဲ ထွက်ပြေးသွားတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ကျေးရွာ (၈၀) ရေနစ်မြုပ်၊ လယ်ဧက (၃၀,၀၀၀)ကျော် ပျက်စီး၊ စာသင်ကျောင်း (၃၇) ကျောင်း ယာယီရပ်နားထားရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း(၈၀) ရေနစ်မြုပ်ပြီး လယ်ဧက (၃၀,၀၀၀)ကျော် ရေလွှမ်းမိုးခဲ့ရတဲ့အပြင် စာသင်ကျောင်း (၃၇)ကျောင်း ကျောင်းတက်မရဘဲ ယာယီကျောင်းပိတ်ထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မရောက်အောင် စစ်ကောင်စီ ကန့်သတ်ထိန်းချုပ်နေ

ကရင်နီဒေသထဲကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ မရောက်ရှိအောင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

အသက် ၁၄ နှစ်အပါ ညီအစ်ကိုနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ပေါ်တာဆွဲခံရလို့ အမေဖြစ်သူ အရူးမီးဝိုင်းဖြစ်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ယောက် အပါအဝင် လူငယ်အများအပြားလိုက်ပါလာတဲ့ ကားကို စစ်တပ်ရဲ့ စစ်ဆေးဂိတ်မှာ တားဆီးပြီး ကားပေါ်မှာပါလာတဲ့ လူငယ်တွေအားလုံးကို ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။