ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ရှေ့တန်းစစ်မြေပြင်တွေမှာ စစ်သားအင်အားလိုအပ်နေတာကြောင့် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ စစ်သားစုဆောင်းမှုတွေ ပြုလုပ်နေပြီး မလက်တိုကျေးရွာမှာလည်း ပြည်သူ့စစ်ခေါင်းစဉ်နဲ့ စစ်သားအင်အား စုဆောင်းနေတာဖြစ်ကြောင်း သိရပါတယ်။
“ပြည်သူ့စစ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး စစ်မှု့ထမ်းလူခေါ်ဖို့ အစည်းအဝေးလုပ်တာ။ ဒေသခံတွေကလည်း တက်ရောက်ခြင်းမရှိခဲ့သလို အကြမ်းဖက်စစ်တပ်နဲ့ ရဲ၊ ထွေအုပ်ကလူကြီးတွေလည်း မစုံကြလို့ဆိုပြီး အစည်းအဝေးပျက်သွားတယ်”လို့ မလက်တိုဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်
“သူတို့က ပြည်သူတွေကို အ, နေကြတယ်ထင်ပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး သူတို့ထဲသွင်းဖို့လုပ်နေတာ။ ခုအတင်းအဓမ္မ စုဆောင်းရင်တော့ ထိပ်တိုက်တွေ့ကြလိမ့်မယ်။ သေတွင်းထဲ ပို့နေတာကို ငြိမ်ခံ​နေမယ့်ထဲမှာ မလက်တိုကျေးရွာအုပ်စုသားတွေမပါဘူး။ ရရာလက်နက်ကိုင်ပြီး ခုခံသွားကြမှာ” လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
မလက်တိုအုပ်စုမှာ ကျေးရွာ ၁၆ ခုရှိပြီး မအူပင်မြို့နယ်အတွင်း အုပ်စု ၈၈ ခုထဲမှာ လူဦးရေအများဆုံး ဖြစ်ပါတယ်။ မလက်တိုကျေးရွာအုပ်စုမှာ ၂၀၁၃ခုနှစ် ၂လပိုင်းက အော့ချက်ဒ်ကုမ္ပဏီနဲ့ လယ်ယာမြေအငြင်းပွါးမှုကြောင့် ဒေသခံတွေနဲ့ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ရဲ၁ယောက်သေဆုံးကာ ဒေသခံအများအပြား ထောင်ချခံခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။
0 Shares:
You May Also Like
Read More

ဘုတလင်နယ်ကို စစ်အုပ်စုက ထိတွေ့ပစ်ခတ်မှုမရှိဘဲ စက်တပ်လေထီးနဲ့ ၂ ရက်တိုင် ပစ်ခတ် ၊ ဒေသခံတစ်ဦးထိမှန်ဒဏ်ရာရ…

" အခြေအနေကတော့ ဘာမှထူးခြားမှုမရှိပါဘူးဗျ ၊ သပ်သပ်ကို လာကြဲတာပါ၊ နေအိမ်ကတော့ ပျက်ဆီး ဆုံးရှုံးမှုမရှိပါဘူးခင်ဗျ ၊ ဒဏ်ရာရတဲ့တစ်ယောက်က သူ့အိမ်မှာနေရင်းအစထိမှန်သွားတာ" လို့ ရွာဇော်ကြီးတော်လှန်အသံမှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မြောက်ဦးက AA ရဲ့ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေ သေဆုံးမှုရှိဟု သိရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ရက္ခိုင့်တပ်တော် AA ရဲ့ စစ်သုံ့ပန်းတွေ ထားရှိရာ အကျဥ်းစခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းနဲ့ မိသားစုဝင်အချို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အခြေစိုက်သံရုံး ကိုယ်စားပြုသူတွေကို နိုင်ငံတကာလေ့လာသူတွေအဖြစ် ပုံဖော်ပြီး ရွေးကောက်ပွဲအောင်မြင်၍ အံ့ဩနေကြဟု ဗိုလ်ချုပ်ဇော်မင်းထွန်း မရှက်မရွံ ပြော၊ ကုလအပါအဝင် ရွေးကောက်ပွဲကို သတင်းယူခဲ့သည့် နိုင်ငံတကာမီဒီယာတွေက စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ဟု ထုတ်ဖော်

ဘယ်လိုစံနှုန်းနဲ့ပဲတိုင်းတိုင်း အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တယ်လို့ နိုင်ငံတကာက မှတ်ချက်ပြုနေချိန် စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဆိုသူကတော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေက အောင်မြင်လွန်းလို့ အံ့ဩနေကြတယ်လို့ မရှက်မရွံ့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 
Read More

Yawland Operation အဖြစ် ဂန့်ဂေါခရိုင်အတွင်း ပျူရွာများနှင့် စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ စစ်အုပ်စုတွေ တပ်စွဲထားတဲ့ ပျူစောထီးရွာတွေနဲ့ စစ်တပ်စခန်းတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်စစ်ဌာနထံက သိရပါတယ်။
Read More

ABSDF စစ်ကြောင်း ၃ ရဲ့ အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၅) သင်တန်းဆင်းပွဲ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်းမှာ ပြုလုပ်တဲ့  အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၂၇ ရက်က စစ်ကြောင်း ၃ လှုပ်ရှားနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆေးဝါးကုသရေး ခက်ခဲသည့်နေရာများမှ ပြည်သူလူထုကို တပ်ကုန်းမြို့နယ် PDF ဆေးဝါးကုသမှုပေးနေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနခွဲ၊ နေပြည်တော် တပ်ရင်း ၈၀၃ - တပ်ကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ဆေးဝါးကုသရေး ခက်ခဲတဲ့နေရာတွေမှာ ပြည်သူလူထုကို ဆေးဝါးကုသမှုပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။