အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ်မှာ အင်ဖာထောင်ထဲ အကျဥ်းကျခံနေရတဲ့ မြန်မာနိုင်ငံသားတွေက စတုတ္ထအကြိမ်မြောက်အဖြစ် အစာငတ်ခံဆန္ဒပြမှုကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်တယ်လို့ India for Myanmar လူ့အခွင့်အရေးအဖွဲ့ထံက သိရပါတယ်။
သြဂုတ်လ ၂၆ရက် မနေ့က မနက်ပိုင်းကစလို့ မြန်မာနိုင်ငံသားအမျိုးသား ၅၁ယောက်က ဒီအစာငတ်ခံ ဆန္ဒပြမှုကို ပြန်လည်စတင်ခဲ့တာဖြစ်ပြီး ထောင်အာဏာပိုင်တွေနဲ့ အိန္ဒိယအစိုးရအနေနဲ့ အမြန်ဆုံးပြန်လွှတ်ပေးရေးနဲ့ စစ်ကောင်စီထံ လွှဲပြောင်းအပ်နှံခြင်းမပြုလုပ်ဖို့ ရည်ရွယ်လုပ်ဆောင်ကြတာလို့လည်း သိရပါတယ်။
ဒါ့အပြင် လက်ရှိမှာ ဖမ်းဆီးခံထားရသူတွေအနေနဲ့ သက်ဆိုင်ရာပြစ်မှုအတွက် ပြစ်ဒဏ်ကျခံရပြီးဖြစ်ပေမယ့် နိုင်ငံခြားသားထိန်းသိမ်းရေးစခန်း(အကျဥ်းထောင်) ထဲ ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်တာကြောင့်ရယ်၊ အိန္ဒိယအစိုးရအနေနဲ့ ရှေ့မှာ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးတာမျိုးတွေရှိနေတာကြောင့် အခုလို အစာငတ်ခံ ဆန္ဒပြကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
“အခု ဆန္ဒဖော်ထုတ်တဲ့သူတွေအနေနဲ့ သူတို့ကျခံရမယ့် ထောင်ဒဏ်၊ ငွေဒဏ်တွေ ကျခံပြီးတာတောင် ဆက်လက်ထိန်းသိမ်းခံထားရလို့ ဒါက လူ့အခွင့်အရေးချိုးဖောက်ခံရတာ မြောက်ပါတယ်။ နောက်ပြီး ထောင်ထဲမှာ မွေးကင်းစ ကလေးတွေရော သက်ကြီးရွယ်အိုတွေပါ ထောင်စည်းကမ်းနဲ့ တင်းတင်းကြပ်ကြပ် နေနေရတယ်ပေါ့။ သူတို့အနေနဲ့ ထောင်ဝင်စာတွေ့ခွင့်မရတာတွေ၊ ဆွေမျိုးတွေနဲ့လည်း ဖုန်းပြောလို့မရတာတွေအပြင် ထောင်တွင်းဆေးကုသခွင့်မရတာ၊ ရေသန့်မရတာ၊ အစားအစာမလုံလောက်တာတွေ၊ လာဘ်ထိုးတာတွေလည်း ပြည့်နေတယ်ပေါ့။ စစ်ကောင်စီက အကြမ်းဆုံးထောင်တွေနဲ့ဒီနေရာက တစ်ထပ်တည်းကျနေပါတယ်။” လို့ India for Myanmar တာဝန်ခံ ဆလိုင်းဒိုခါရ်က မောင်းကိုပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေထဲ ပြည်တွင်းရေးမ​ငြိမ်မသက်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော်ကာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူတွေ၊ တရားမဝင်နေထိုင်သူတွေ၊ စာရွက်စာတမ်းအတုပြုလုပ်သူတွေ ပါဝင်ပြီး တချို့လည်း မြန်မာနိုင်ငံသားမို့ မဏိပူရ်အစိုးရရဲ့ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးခံရတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။
မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဥ်းထောင်ထဲ ပြီးခဲ့တဲ့ ​၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၁၆ရက်နေ့ကစလို့ အကျဥ်းကျခံနေရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် အမျိုးသမီးတွေက ဦးဆောင်ပြီး ၅ရက်ကြာ စတင်ဆန္ဒပြခဲ့ရာ ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်နှိပ်စက်ခံခဲ့ရသလို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ရက်ကနေ ဇူလိုင်လ ၃ရက်အထိ ဒုတိယအကြိမ်မြောက် အစာငတ်ခံဆန္ဒပြမှုမှာတော့ အမျိုးသားတွေက ထောင်တွင်းအသီးအရွက်တွေပဲစားရင်း ဖြတ်ကျော်ခဲ့တယ်လို့သိရပါတယ်။
ဒီအတွက် ထောင်အာဏာပိုင်တွေက ဗဟိုအိန္ဒိယအစိုးရထံတင်ပြပေးမယ်ဆိုပြီးညှိနိူင်းပေးခဲ့သလို ဇူလိုင်လ ၂၀ရက်နေ့ ၂၄ရက်နေ့အထိကိုလည်း စစ်ဘေးဒုက္ခသည် မြန်မာအမျိုးသမီးတွေက တတိယအကြိမ်မြောက် ဆန္ဒပြခဲ့ကြသေးတယ်လို့သိရပါတယ်။
“ဒီတစ်ခေါက်ကတော့ သြဂုတ်လ ၂၆ရက် ( မနေ့က) မနက်မှာ စတာပါ။ ဘယ်အချိန်အထိကြာမလဲမသိသေးဘူးပေါ့။ တောင်းဆိုချက်ကတော့ အမြန်ဆုံးပြန်လွှတ်ပေးရေးလို့ သိရတယ်။ ဒီနေရာမှာ အမြန်ဆုံးပြန်လွှတ်ပေးရေးကတော့ အားလုံးတူပေမယ့် တချို့လည်း မြန်မာစစ်တပ်ဆီ အပ်တာမျိုးကို လုံးဝလက်မခံကြသလို တချို့ စစ်တပ် အာဏာမသိမ်းခင်ကဝင်လာတဲ့သူတွေလည်းရှိတော့ စစ်တပ်ဆီ ပြန်လွှတ်လည်း ကိစ္စမရှိဘူး။ ပြန်လွှတ်ဖို့ပဲ ဆိုတဲ့လူတွေလည်းရှိတယ်” လို့ India for Myanmar တာဝန်ခံ ဆလိုင်းဒိုခါရ်က မောင်းကိုပြောပါတယ်။
ပုံစာ – အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ အင်ဖာအကျဥ်းထောင်မြင်ကွင်း
0 Shares:
You May Also Like
Read More

သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၁၆ နှစ်အရွယ် မိန်းကလေးငယ်အပါ ၄ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ရှိ လိပ်ကျကျေးရွာနဲ့ ဇရပ်ကွင်းကျေးရွာတို့မှာ စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြိုင် အ​နောက်တောင်ပိုင်းက သရက်ကွ ပျူရွာကို တော်လှန်ရေး တပ်ပေါင်းစုတွေ သိမ်းပိုက်နိုင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့ အနောက်တောင်ဘက် ၄ မိုင်အကွာမှာရှိတဲ့ သရက်ကွရွာကို တော်လှန်ရေးတပ်ပေါင်းစုတွေ အတူတကွ ပူးပေါင်းသိမ်းပိုက်လိုက်နိုင်ပြီဖြစ်​ကြောင်း ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

မေလ တတိယအပတ်အတွင်း အလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ ၂၅ ဦးရှိ၊ စစ်သုံ့ပန်း ၉ ဦး အရှင်ဖမ်းမိ

နိုင်ငံတစ်ဝန်းမှာ မေလ တတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက် ကူးပြောင်းအလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

တရားမဝင်ကုန်ပစ္စည်းတွေ စစ်ဆေးမည်ဟုဆိုပြီးစစ်ကောင်စီက ကုန်တင်ယာဉ်တွေကို အကြောင်းမဲ့ဖမ်းဆီးနေ

တိုင်းဒေသကြီးနဲ့ပြည်နယ် စုစုပေါင်း ၄ခုကနေ ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင်ရှိတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ဖမ်းဆီးရမိကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာဖော်ပြလာပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးများ ကြဲချတိုက်ခိုက်၊ ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

TNLA အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲ ပြုလုပ်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာမှာ နိုဝင်ဘာ (၉)ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။