ပဲခူးတိုင်း၊ တောင်ငူမြို့အနောက်ဘက်က ပဲခူးရိုးမတိုက်ပွဲအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို မီးတင်ရှို့နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

ပဲခူးရိုးမအတွင်း အောက်တိုဘာလ (၂၂)ရက်ကနေ စတင်ကာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် () စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ရှိ တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် () တပ်ရင်း၊ PDF တပ်ရင်း (၃၅၀၁) က မိုင်းဆွဲတိုက်ခိုက်မှုတွေနဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီအဖွဲ့ဝင် () ယောက် သေဆုံးခဲ့ပြီး (၁၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာလ (၂၇)ရက်မှာ တောင်ငူမြို့နယ်၊ ဝက်ခေါက်စိန်ကျေးရွာအုပ်စု၊ တဲကြီးကျေးရွာကို ဆုတ်ခွာသွားရာ တော်လှန်ရေးတပ်ဖွဲ့တွေက ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင်အများအပြား ထပ်မံ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် အများအပြားထိခိုက်ဒဏ်ရာရပြီး အထိနာနေတဲ့ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းမှာ ဝက်ခေါက်စိန်ကျေးရွာအုပ်စု၊ တဲကြီးကျေးရွာရှိ အရပ်သားပြည်သူ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီက တဲကြီးကျေးရွာရှိ အရပ်သားပြည်သူနေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပုံ (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

PDF များအကြောင်း လိုက်လံစုံစမ်းပြီး စစ်မှုထမ်းကြေး ပိုက်ဆံကောက်သည့် ပျူစောထီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ PDF တပ်ဖွဲ့တွေအကြောင်း၊ ထောက်ပို့တွေအကြောင်း လိုက်လံစုံစမ်းနေတြ့ ပျူစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးလာသူတချို့ ကားပေါ်က ကုန်ချထွက်ပြေးလို့ အကြမ်းဖက်စစ်တပ် ပိုက်စိပ်တိုက် ရှာဖွေနေ

ကျုံပျော်မြို့မှာ အကြမ်းဖက်စစ်တပ် လူငယ်တချို့ကို ပေါ်တာဆွဲဖမ်းဆီးပြီး ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ ဓနုဖြူမြို့ဘက်ကို ပို့ဆောင်စဉ် ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားလို့ဆိုပြီး အကြမ်းဖက်စစ်တပ်က ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

လျှပ်စစ်မီးမမှန်တဲ့အခြေအနေမှာ လျှပ်စစ်ရထားပြေးဆွဲဖို့ မင်းအောင်လှိုင် အကြိမ်ကြိမ်ပြောဆိုနေ

ရထားလမ်းပိုင်းတွေမှာ လျှပ်စစ်ရထားတွေ ပြောင်းလဲပြေးဆွဲဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောဆိုလာပြန်ပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့က ရန်ကုန်ဘူတာကြီးမှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာ စပိန်ထုတ် DEMU ရထားတွဲဆိုင်းတွေနဲ့ စတင်ပြေးဆွဲတဲ့ အခမ်းအနားမှာ ထည့်သွင်းပြောကြားလိုက်တာပါ။
Read More

ဝက်လူးရဲစခန်းမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅) ဦး သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီး အောင်ကိုကို အပါ (၁၄) ဦး ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅) ယောက် သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနဲ့ ဗိုလ်ကြီး အောင်ကိုကို အပါအဝင် (၁၄) ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့သောင်းတွင် WY စိတ်ကြွမှုးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေသူ ၆ ဦးအား ပကဖ ဖမ်းဆီး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ WY စိတ်ကြွမူးယစ်ဆေးပြား အပါအဝင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေသူ ၆ ယောက်ကို သက်သေခံပစ္စည်းတွေနဲ့ အတူဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။
Read More

လက်နက်ကိုင်လူတစ်စု သတ်ခဲ့တဲ့ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ရဲ့ နာရေးအခမ်းအနား

လက်နက်ကိုင်လူတစ်စုရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ရဲ့ နာရေးအခမ်းအနားကို ဒီနေ့ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၂ နာရီ၊ ပြင်ဦးလွင်မြို့ ၇ မိုင်သုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။