တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ WY စိတ်ကြွမူးယစ်ဆေးပြား အပါအဝင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေသူ ၆ ယောက်ကို သက်သေခံပစ္စည်းတွေနဲ့ အတူဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးတွေကိုလည်း မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့ မနက်အစောပိုင်းမှာ ကော့သောင်းမြို့နယ်က နေအိမ်တစ်လုံးကို ရှောင်တခင် ဝင်ရောက် ရှာဖွေရင်းနဲ့ အခုလို ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေနဲ့အတူ WY မူးယစ်စိတ်ကြွဆေးပြား ၁၆၄၀၀၊ ICE ရေခဲ (၁ )ဂရမ်၊ ၃၈. ဗို့ ကျည် အတောင့် ၄၀ နဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ရာက ရရှိထားတဲ့ ထိုင်းဘတ်ငွေ ၈၇၀၀၀ ကိုလည်း တွေ့ရှိခဲ့ တယ်လို့လည်း ကော့သောင်း ပကဖ က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဖမ်းဆီးမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့ပြီး တရားခံတွေကို လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

(ဓာတ်ပုံ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

” ဒေသခံသတင်းပေးချက်အရ ဖမ်းမိတာပါ။ သူတို့ကအရပ်သားတွေပါပဲ။ လက်ရှိတော့ အသေးစိတ်ပြောလို့မရသေးပေမယ့် အရေးယူသွားဖို့ရှိပါတယ် ” လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ ကော့သောင်းခရိုင်အတွင်းက မြို့နယ်တွေ၊ ကျေးရွာတွေမှာ မူးယစ်ဆေးအမျိုးအစားတွေကို အရင်ကထက် အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ အခြေအနေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲ၊ စစ်တပ်စတဲ့ အာဏာပိုင်တွေက လည်း ရောင်းဝယ်ဖောက်ကားသူတွေကို ပေါ်ပေါ်ထင်ထင် ကျောထောက်နောက်ခံ ပေးထားတယ်လို့ ဒေသခံတွေဆီကသိရ ပါတယ်။

“ကျနော်တို့ လှုပ်ရှားနယ်မြေတွေထဲ ရောင်းဝယ်သူတွေရှိတယ်။ သူတို့တွေမှာ နယ်မြေခံ စရဖ၊ ရဲတွေ နောက်ခံရှိတယ်။ အချင်းချင်း ချိတ်ဆက်လုပ်ကိုင်ကြတာ။ မချိတ်ဆက်ရင်တောင် သိကြတယ်။ လိုင်းကြေးရနေတာကိုး။ ကြိုက်သလိုလုပ်ဆိုတဲ့ အနေထားမျိုး၊ သိသာသိစေ မမြင်စေနဲ့ ဆိုတာထက် မြင်ရင်တောင် မျက်စိမှိတ်ထားတယ်” လို့ ကော့သောင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် တယောက်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် မူးယစ်ဆေးသုံးစွဲသူတွေထဲ အသက် ၁၅နှစ်ကစလို့ ၄၀ ကျော် သက်ကြီးပိုင်းတွေအထိ ကျားမ မရွေးပါဝင်နေပြီး အရပ်သား လက်လုပ်လက်စားတွေနဲ့ ကျောင်းနေအရွယ် လူငယ်တွေ သုံးစွဲနှုန်း ပိုများလာတယ်လို့လည်း သိရပါတယ်။

ကော့သောင်းခရိုင်နဲ့မြို့နယ် ပကဖကတော့ အခုလိုမျိုး မူးယစ်ဆေးသုံးစွဲမှုတွေ မြင့်တက်လာတဲ့အပေါ် ရောင်းဝယ်ဖောက်ကား သူတွေနဲ့ သုံးစွဲသူတွေကိုသတင်းအရဖြစ်စေ၊ လက်ဝယ်တွေ့ရှိလို့ဖြစ်စေ ဖမ်းဆီးအရေးယူသွားမယ်လို့ အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်မှာ စစ်ကောင်စီတပ် စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၈ ဦး ထက်မနည်းသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်မှာရှိတဲ့ စစ်ကောင်စီတပ် စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ထားဝယ် ခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် ဂိတ်ထွက်စစ်သည့် စစ်သားများ အနီးကပ်ပစ်ခံရပြီး ၁ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းမှာ ဂိတ်ထွက်စစ်တဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် တိုက်ခိုက်ခံရပြီး နေရာမှာတင် ၁ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

မှော်ဘီလေတပ်စခန်း အရာရှိ လင်မယားချင်း စကားများပြီး မိန်းမကို သေနတ်နဲ့ပစ်သတ်ကာ ခိုးချောင်ခိုးဝှက် နာရေးလုပ်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအနီးက သမာဓိ ၁ လမ်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်း ပိုင်းလော့ ဗိုလ်ကြီးအဆင့်ရှိသူဟာ လင်မယားချင်း စကားများရာကနေ ဇနီးဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့သလို ဇနီးဖြစ်သူရဲ့ နာရေးကိုလည်း တိုးတိုးတိတ်တိတ် ခိုးလုပ်ခဲ့ကြောင်း မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်နှင့် အကြိမ်ကြိမ် စစ်အင်အားဖြည့်တင်းမှုများကြားမှ ဖလမ်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းညီနောင် ကြေညာ

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ဒီနေ့ ဧပြီ ၉ရက်မှာ တရားဝင် အသိပေးထုတ်ပြန်ပါတယ်။
Read More

နိုင်ငံအဝန်း မြို့ပေါင်း ၉၀ ကျော်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို စစ်ကောင်စီက ဖြတ်တောက်ထား

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အင်အားကြီးနိုင်ငံတွေက မြန်မာပြည်ပြိုကွဲအောင် သွေးခွဲနေတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော

မြန်မာကို အင်အားကြီးနိုင်ငံတွေက နိုင်ငံပြိုကွဲအောင် သွေးခွဲမှုတွေကို အစီအစဉ်တကျ လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။