စစ်ကြောင်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အနေနဲ့ စတင်ဖွဲ့စည်းချိန်စပြီး နွေဦးတော်လှန်ရေးကာလ (၄) နှစ်တာအတွင်း ပါဝင်ခဲ့တဲ့ တိုက်ပွဲတွေကို ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ-(၂) က ထုတ်ပြန်လာပါတယ်။

စစ်ဆင်ရေး ကာလတွေအတွင်း ကျားသစ်နက်တပ်ခွဲ-(၂) ဟာ မြဝတီအမှတ်(၄)ရပ်ကွက်အနီး တိုက်ပွဲတွေ၊ သုံးထပ်ကွေ့၊ သေဘော့ဘိုးနဲ့ မဲကနယ်တိုက်ပွဲတွေမှာ ရဲဝံ့စွာ ပါဝင်ဆင်နွှဲခဲ့သလို ဗျူဟာမြောက်အရေးပါတဲ့ လက်ခတ်တောင်စခန်းသိမ်းတိုက်ပွဲ၊ ကြို့ပင်ကုန်း၊ သိန်းတန်ကုန်း နဲ့ ၁၁၈ စခန်းသိမ်းတိုက်ပွဲတွေမှာလည်း အောင်ပွဲရတဲ့ အထိ တိုက်ပွဲဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်အတွင်းက အဓိကစစ်ဆင်ရေးတွေဖြစ်တဲ့ သင်္ကန်းညီနောင်မြို့သိမ်း စစ်ဆင်ရေး၊ မြဝတီကုန်သွယ်ရေးဇုန်တိုက်ပွဲနဲ့ မြဝတီမြို့စောင့်တပ် (ခလရ-၂၇၅) စခန်းသိမ်းတိုက်ပွဲတွေမှာလည်း တပ်ခွဲ-(၂) ရဲဘော်တွေ ရှေ့တန်းက ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကော့ကရိတ်ဒေသကို ဦးတည်လာတဲ့ ရန်သူ့စစ်ကူစစ်ကြောင်းတွေကို ပိတ်ဆို့တိုက်ခိုက်တာတွေအပြင် အောင်ဇေယျစစ်ဆင်ရေးတစ်လျှောက် ခုခံတွန်းလှန်မှုတွေမှာလည်း အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

“ညီမတို့တပ်ခွဲအနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက်  ရဲဘော်တစ်ဦး တစ်ယောက်ချင်းစီကနေ ပါဝင်နိုင်တဲ့နေရာကနေ၊ ကိုယ်စွမ်းသလောက် ဆက်လက်တော်လှန်နေမှာပါ။ အခုလက်ရှိ မြေပြင်တိုက်ပွဲတွေမှာလည်း တပ်ခွဲက ရဲဘော်တွေ ကျရာတာဝန်ကနေ ပါဝင်နေပါတယ်” လို့ ကျားသစ်နက်စစ်ကြောင်း၊ တပ်ခွဲ-(၂) ရဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ ကျားသစ်နက်စစ်ကြောင်း၊ တပ်ခွဲ-(၂))

လုံခြုံရေးနဲ့ မြေပြင်အခြေအနေအရ အချို့ တိုက်ပွဲမှတ်တမ်းတွေကို ထုတ်ပြန်နိုင်တာ မရှိသေးပေမယ့် အထူးတိုင်းစစ်ဌာန၊ ဗျူဟာ(၃၂)၊ ဗိုလ်မှူးကြီး သူရဒါဘောရဲ့ စစ်ရေးဦးဆောင်မှုအောက်မှာရှိတဲ့ လေးကေ့ကော်၊ ဖလူးနဲ့ မင်းလက်ပံဒေသ စစ်ဆင်ရေးတွေမှာ ဆက်လက် တိုက်ပွဲဝင်နေတယ်လို့ ကျားသစ်နက်စစ်ကြောင်းကနေ ဆိုထားပါတယ်။

“စစ်ကြောင်း စတည်ထောင်ပြီး ၄နှစ်အတွင်းမှာ  ညီမတို့တပ်ခွဲအနေနဲ့  ဗိုလ်မှူးကြီး သူရဒါဘောဦးဆောင်တဲ့ စစ်ဆင်ရေးတိုင်းမှာ ပါဝင်အားဖြည့်ခဲ့ပြီး ရှေ့ဆက်ရမယ့် တော်လှန်ရေးခရီးမှာလည်း  ဆက်လက်ပါဝင်သွားမှာပါ” လို့ သူမက ဆက်ပြောပါတယ်။

စစ်ကြောင်းကို စတင်ဖွဲ့စည်းချိန်မှစပြီး ဒီနေ့အထိ နိုင်ငံအတွက် အသက်၊ သွေး၊ ချွေးတွေနဲ့ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်ရဲဘော်တွေ၊ ရဲဘော်ဟောင်းတွေနဲ့ လက်ရှိရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေအားလုံးကို အလေးအနက် ဂုဏ်ပြုဦးညွှတ်တယ်လို့လည်း ဆိုပါတယ်။

ကျားသစ်နက်စစ်ကြောင်း၊ တပ်ခွဲ-(၂) အနေနဲ့ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူ လက်တွဲကာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ခိုင်မာစွာ ကတိသစ္စာပြုကြောင်းကိုလည်း အသိပေးလာတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ ကျားသစ်နက်စစ်ကြောင်း၊ တပ်ခွဲ-(၂))
0 Shares:
You May Also Like
Read More

ခန္တီးတွင် ဗျူဟာမှူးကွပ်ကဲသည့် ပဒူးမုန်းရွာစခန်းကုန်းအား ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်အုပ်စု အခိုင်အမာတပ်စွဲထားတဲ့ ပဒူးမုန်းရွာ တပ်စခန်းကုန်းကို ၁နာရီကျော်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လေကြောင်းအန္တရာယ် အသိပညာပေးစာစောင်များနှင့် ဗီနိုင်းများ ပြည်သူလူထုဆီ ဖြန့်ဝေခဲ့ (ဓာတ်ပုံသတင်း)

လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်အချက်တွေကို ပြည်သူတွေ အလွယ်တကူ လေ့လာသိရှိ နားလည်ဆောင်ရွက်နိုင်အောင် လေကြောင်းအန္တရာယ် အသိပညာပေး စာစောင်တွေနဲ့ ဗီနိုင်းတွေကို လက်ပံတောင်းတောင် ပင်မသပိတ်နဲ့ ပူးပေါင်းပြီး ပြည်သူတွေဆီ မျှဝေခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဖားအံခရိုင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ရဲ့နေအိမ် ဓါးပြတိုက်မှုမှာ စစ်တပ်ကလက်နက်ထုတ်ပေးထားတဲ့ ပြည်သူ့စစ်တွေ ပါ၀င်နေ

မန္တလေး၊ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ကို ဓားပြတိုက်သူတွေဟာ စစ်ကောင်စီက လက်နက်ထုတ်ပေးထားတဲ့ ပြည်သူ့စစ်တွေဖြစ်နေပြီး ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် မပေါက်ကွဲသည့် ဟောင်ဝစ်ဇာဗုံးသီးကို မြို့နယ်ပကဖ ရှင်းလင်းပေးခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်ပြီး မပေါက်ကွဲသေးတဲ့ ဟောင်ဝစ်ဇာဗုံးသီးကို ဩဂုတ် ၁ ရက်မှာ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။