မန္တလေး၊ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ကို ဓားပြတိုက်သူတွေဟာ စစ်ကောင်စီက လက်နက်ထုတ်ပေးထားတဲ့ ပြည်သူ့စစ်တွေဖြစ်နေပြီး ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေဆိုင်ပိုင်ရှင်ရဲ့နေအိမ်မှာ ရွှေပိဿာနဲ့ချီ ဓါးပြတိုက်ခဲ့တဲ့သူတွေကို မန္တလေးရဲတပ်ဖွဲ့က မနေ့က စက်တင်ဘာ ၁၅ရက်မှာ ပြန်လည်ဖမ်းဆီးမိခဲ့တယ်လို့ ဖော်ပြလာပါတယ်။
ကျူးလွန်သူတွေဟာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးတွေဖြစ်ပြီး ရွှေ ၁၀ ပိဿာကျော်နဲ့ သိန်း ၁၀၀၀ ကျော်ခန့် ပြန်လည်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁၀ ရက်၊ မနက် ၈ နာရီအချိန် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်က ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်းရဲ့နေအိမ်ကို လူ ၇ ယောက်က သေနတ်တွေနဲ့ ဝင်ရောက်ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။
ဓားပြတိုက်မှုဖြစ်စဉ်မှာ ကျူးလွန်သူတွေထဲက ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းရပ်ကွက်နေ ခင်မောင်စိုး ၊ နိုင်မင်းဝေ (ခ) ကုလား (ခ) ကျော်ကြီး၊ ကျော်စိုးမင်းထွန်း (ခ) ညီညီစိုး၊ ဇင်ကိုကိုကျော် (ခ) ကရင်ကြီး၊ အောင်ဇော်ထွန်း (ခ) အငယ်ကောင်၊ လှိုင်းထက်အောင် (ခ) တောဝက် (ခ) ဝက်ကလေးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ချမ်းသာ (ခ) ရွှန်းထက်မောင်ကတော့ လွတ်မြောက်နေတယ်လို့ သိရပါတယ်။
၂၀၂၄ခုနှစ်အတွင်း နိုင်ငံတ၀န်းဖြစ်ပွါးခဲ့တဲ့ ဓားပြမှု၊ လုယက်မှုတချို့တွေမှာ စစ်ကောင်စီက လက်နက်ထုတ်ပေးထားတဲ့ ပျူစောထီးနဲ့ပြည်သူ့စစ်တချို့ပါ၀င်ပတ်သက်နေတယ်လို့ ဒေသခံတွေက မှတ်ချက်ပြုကြပါတယ်။

 

 

0 Shares:
You May Also Like
Read More

ရေဦးမြို့နယ် အင်ပုထိုးကျေးရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၁ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး) - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမြို့နယ်တွင် ကျူရှင်မသင်ရန် အမိန့်ထုတ်ပြန်

မကွေးတိုင်း၊ ဂန့်​​ဂေါမြို့နယ်မှာ ကျူရှင်သင်မှု ပိတ်ပင်တားမြစ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ပြည်သူ့အခြေပြုပညာရေးစနစ်သင်ကြားမှုကို ကမောက်ကမ မဖြစ်စေဖို့နဲ့ ကျောင်းသားတွေကြားခွဲခြားဆက်ဆံမှုတွေမရှိအောင် ရည်ရွယ်တယ်လို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ၁ ဦးငြိမ်းသူရက ​မောင်းကို ပြောပါတယ်။
Read More

ကေတုမတီလေတပ်စခန်း တိုက်ခိုက်မှု ဒုဗိုလ်မှူးကြီး ၂ဦး၊ ဗိုလ်ကြီး ၂ ဦးအပါ ၁၀ဦး သေဆုံး ဒရုန်းဂိုဒေါင် မီးလောင်ကာ Jet Fighter ၂ စီး၊ Y-8 ၁ စီး ထိခိုက်ပျက်စီး

စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးအဆင့် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

အရက်ထွက်ဝယ်သည့် စစ်သားများ အနီးကပ်ပစ်ခတ်ခံရပြီး နေရာမှာတင် ၂ ဦး သေ၊ ၁ ဦး ဒဏ်ရာဖြင့် ထွက်ပြေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ အရက်ထွက်ဝယ်တဲ့ အကြမ်းဖက်စစ်သားတွေကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ယောက် သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Special_Task_Force (NGAZUN) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပိုက်ဆံအတု စက်ဖြင့် ကိုယ်တိုင်ထုတ် သုံးစွဲနေသည့် အမျိုးသမီး ကားဝယ်ရင်း ဖမ်းခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှာ ငွေတုထုတ်စက်တွေနဲ့ ပိုက်ဆံထုတ်ယူ သုံးစွဲနေတဲ့ အမျိုးသမီးကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

KNLA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ အနန်းကွင်း ဗျူဟာကုန်းအနီးကို အကြမ်းဖက်စစ်တပ် လေယာဉ်နဲ့ ဗုံးအလုံးရေ ၂၀ ထက်မနည်း ကြဲချ

ကရင်ပြည်နယ် တပ်မဟာ ၆နယ်မြေက အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေပြီး အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၄ရက် ညပိုင်းမှာ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။