ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ အဆောင်မှူးဆိုသူတွေက အကျဥ်းသားတွေအပေါ် ဖိနှိပ်ငွေညှစ်နေကြပြီး ကိုယ်ထိလက် ရောက်ကျူးလွန်တဲ့အထိ ပြုလုပ်နေ ကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက မောင်းကို ပြောပါတယ်။

အင်းစိန်အကျဥ်းထောင်ရဲ့ သပြေဆောင်(၁)နဲ့သပြေဆောင်(၂)တို့ကို အုပ်ချုပ်ရတဲ့ အဆောင်မှူး ကျော်လင်းထွန်းနဲ့ ဒုအဆောင်မှူး စိုးမင်းထွန်းတို့ဟာ နိုင်ငံရေး အကျဥ်းကျနေသူတွေနဲ့ အခြားအကျဥ်းသားတွေအပေါ် လာဘ်ငွေ တောင်းယူတာ အပါအဝင် အဆောင်စည်းကမ်း၊ ထောင်စည်ကမ်း အကြောင်းပြပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဖိနှိပ်နေတယ်လို့ သိရပါတယ်။

အဆောင်၂ ခုပေါင်း အကျဉ်းသားအရေအတွက် ၈၀၀ နီးပါးရှိ‌ရာမှာ အဆောင်မှူးကျော်လင်းထွန်းက အကျဥ်းသားတွေရဲ့ ရေချိုးချိန်ကို မနက် ၈ နာရီကနေ ၉နာရီအထိသာ တနာရီအတွင်း သာရေချိုးခွင့်ပြုတယ်လို့ ဆိုပါတယ်။

 

အင်းစိန်ထောင်ထဲက ငါးမွေးမြူရေကန်တွေအတွက် ရေအလုံအလောက် ပေးနေရတာကြောင့် အအခုလို ချိုးရေမလုံလောက်တဲ့ ကိစ္စတွေရှိနေတာဖြစ်ပြီး ဒီအ​ပေါ် အာဏာပိုင်တွေက လျစ်လျူရှု့ထားတာလို့လည်း မရောင်နီလင်းက ပြောပါတယ်။

ဒါ့အပြင် ထောင်ဝင်စာပါဆယ်တွေကိုလည်း ယာယီတန်းပိတ်ချိန်ထဲ မထုတ်ပေးပဲ တန်းဖွင့်ချိန် ညနေပိုင်းတွေမှာသာ ထုတ်ပေးတာကြောင့် အကျဥ်းသားတွေအဖို့ အချိန်နောက်ကျမှပဲ စားသောက်ရနေပြီးကျန်းမာရေး မညီညွတ်တာတွေ ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။

အဆောင်ရှာဖွေရေးဝင်တဲ့ ဝန်ထမ်းတွေကလည်း ရှာဖွေရေးဝင်ရင်း အကျဉ်းသားပိုင်ပစ္စည်းတွေကို စားသောက်ပစ်တာ၊ အိတ်ကပ်တွေထဲ ပေါ်ပေါ်ထင်ထင်ထည့်ယူသွားတာ မျိုးတွေအထိ ရှိနေတယ်လို့ PPNM ကဖော်ပြထားပါတယ်။

အဆောင်မှူးကျော်လင်းထွန်းက သပြေဆောင်(၂)ခု ကို အသစ်ရောက်လာတဲ့ အကျဥ်းသားတွေဆီကနေ အလုပ်(ဘောက်ဆင်း)ကြေးနဲ့ အခန်းကြေးအဖြစ် ငွေ တသိန်းထိ အဓမ္မတောင်းယူနေပြီး မပေးနိုင်သူတွေကို အလုပ်ကြမ်းခိုင်းတာ၊ (၁၅)ရက်တစ်ခါ အခန်းပြောင်းခိုင်းတာမျိုးတွေ လုပ်ဆောင်နေတယ်လို့ မရောင်နီလင်းက ပြောပါတယ်။

ဒါ့အပြင် ပုဒ်မ၅၂(က)နဲ့ ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား မောင်စောဖြူဖွေးဆိုသူကို ဘောက်ဆင်းကြေးနဲ့ အခန်းကြေး မပေးနိုင်တာကြောင့် အ​ငြိုးအတေးထားပြီး ထောင်စည်ကမ်းတစ်ခု ချို့ယွင်းတယ်ဆိုကာ သွေးထွက်တဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

” မောင်စောဖြူဖွေးက အလုပ်လုပ်ရင်း ချွေးထွက်တော့ ထောင်ပုံစံအင်္ကျီကို ချွတ်ပြီး ချွေးသုတ်တာ။ အဲ့မှာ အဆောင်မှူး ကျော်လင်းထွန်းက ထောင်ပုံစံအင်္ကျီချွတ်ရလားဆိုပြီး သူ့ခါးပတ်ကိုဖြုတ်ပြီး မောင်စောဖြူဖွေးရဲ့ နောက်ကျောကိုအချက်ပေါင်းများစွာ ရိုက်နှက်ပါတယ်။​ နောက်ပြီး ခါးပတ်ခေါင်နဲ့လည်း မျက်နှာကို နှစ်ချက်ရိုက်တာ သွေးပါထွက်ပါတယ်” လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက မောင်းကိုဘပြောပါတယ်။

ဒီဖြစ်စဥ်တွေအပြီး အဆောင်မှူး ကျော်လင်းထွန်းနဲ့ ဒုအဆောင်မှူး စိုးမင်းထွန်း ဆိုသူတို့က နိုင်ငံရေးအကျဥ်းသားတွေကိုပါ အလုပ်ခိုင်းနိုင်​ပြီး ရုစိုက်စရာမလိုဘူးလို့ ပြောဆိုနေကြပြီး ပူလီကြိုးခေါက်၊ တိတ်အမည်းပတ်ထားတဲ့ တုတ်ကို ကိုင်ဆောင်ပြီး အဆောင်ခန်းတွေဆီ ကင်းလှည့်တာတွေပါ လုပ်ဆောင်လာတယ်လို့ သိရပါတယ်။

” အဆောင်မှူး ကျော်လင်းထွန်းက ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဇူလိုင်လ ၄ရက်နေ့ကမှ အင်းစိန်ထောင် သပြေဆောင်ကို အဆောင်မှူးအဖြစ် ရောက်လာတာပါ။ သူက ၂ပွင့်နဲ့ပါ။ ဒုအဆောင်မှူး စိုးမင်းထိုက်က နှစ်ရစ်နဲ့။ သူတို့အတွက် လုံခြုံရေးဆိုပြီး မူးယစ်အမှုနဲ့ကျနေတဲ့ အကျဉ်းသား ၂ ယောက်ကို အဆောင်မှူး လုံခြုံရေးယူဆိုပြီးခန့်ထား ပါသေးတယ်” လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက မောင်းကိုပြောပါတယ်။

တစ်ဖက်မှာလည်း အခုလို အနိုင်ကျင့်နှိပ်စက်နေမှုတွေကို ထောင်ပိုင်နဲ့ ဦးစီးတွေကို တင်ပြရင် တင်ပြသူကို အငြိုးထား ပြစ်ဒဏ်ပေးတာတွေပါ ရှိနေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ နေပြည်တော် ပကဖ ရဲ့ တိုက်ခိုက်ရေးရဲဘော်တွေဆီကို တိုင်းတာဝန်ခံနဲ့ ဦးဆောင်အဖွဲ့ သွားရောက်တွေ့ဆုံအားပေး (ဓာတ်ပုံသတင်း)

ကရင်နီပြည်၊ မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော်ရဲ့ တိုက်ခိုက်ရေးရဲဘော်ရဲဘက်တွေဆီကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော် တိုင်းတာဝန်ခံနဲ့ ဦးဆောင်အဖွဲ့က သွားရောက်တွေ့ဆုံအားပေးပြီး မဟာမိတ်အဖွဲ့တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ နေပြည်တော် ပကဖ က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

Burma Revolution Rangers တပ်ဖွဲ့မှ ကျဆုံးရဲဘော် ၂ ဦး၏ ကျန်ရစ်သူ မိသားစုကို ကူညီထောက်ပံ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေတဲ့ Burma Revolution Rangers က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ မိသားစုဝင်တွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အင်းစိန်ထောင်က အကျဉ်းသား ၅၀၀ ခန့်ကို ထောင်ပြောင်းရွှေ့ခံရ

ရန်ကုန်၊ အင်းစိန်ထောင်ကနေ နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား ၅၀၀ ခန့်ကို သာယာဝတီထောင်နဲ့ ဒိုက်ဦးထောင်ကို ထောင်ပြောင်းရွှေ့မှု လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကသောင်းကနင်းဖြစ်နေတဲ့ စစ်ကောင်စီ ကပစ ထုတ်နုတ်အင်အားတွေကို ရခိုင်ရိုးမ ပို့ပြီး အင်အားဖြည့်တင်းနေ

ရခိုင်ပြည်က တိုက်ပွဲတွေမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရခိုင်ရိုးမကို စစ်ကူတွေ ထပ်မံ စေလွှတ် ပို့ဆောင်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တချို့ထံက သိရပါတယ်။
Read More

စစ်တွေ – ပုဏ္ဏားကျွန်း နယ်အစပ်တိုက်ပွဲတွင်  အေအေ တပ်ရင်းမှူး ၁ ဦး ကျဆုံး

ရခိုင်ပြည် စစ်တွေ - ပုဏ္ဏားကျွန်း နယ်အစပ်တိုက်ပွဲမှာ အာရက္ခတပ်တော် (AA) တပ်ရင်းမှူး ၁ ယောက်ကျဆုံးခဲ့တယ် လို့ ရခိုင်ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။