သရုပ်ဆောင် စည်သူ(ပလပ်ကျွတ်) က မြန်မာလုပ်သား တွေကို ပန်းရောင်ကတ်(ခေါ်) ဘတ်တင်ပေးမယ်ဆိုပြီး ဘတ်ငွေသိန်းနဲ့ချီ လိမ်လည်ယူဆောင်သွားတယ်လို့ သိရပါတယ်။

အဲ့ဒီလိမ်လည်မှုကို လက်ရှိအချိန်အထိ ဖြေရှင်းပေးတာမရှိသေးဘူးလို့ အလိမ်ခံလိုက်ရသူတွေဆီက သိရပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားတွေရဲ့ နေထိုင်ခွင့်အတွက် အရေးပါတဲ့ ဘတ်တင်ခြင်း(ခေါ်) ပန်းရောင်ကဒ် လုပ်ငန်းစဥ်အတွက် သရုပ်ဆောင်စည်သူ(ပလပ်ကျွတ်) က ပွဲစားအဖြစ် တာဝန်ခံကာ လူပေါင်း ထောင်နဲ့ချီဆီက ဘတ်ငွေ သိန်းနဲ့ချီ ယူဆောင်ထားတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဘတ်ငွေဖိုးတွေ သွင်းပြီးလို့ စလစ်ပြန်ရပြီးကတည်းက လက်ရှိအချိန်အထိ သွေးစစ်တာ၊ လက်ဗွေနှိပ်တာစတဲ့ ဘတ်လုပ်ငန်းစဥ်တွေကိုလည်း တစ်ခုမှ လုပ်ဆောင်ခိုင်းတာ မရှိသေးတာ​​ကြောင့် အပ်နှံထားသူတွေဘက်က သံသယဝင်လာခဲ့ပြီး နောက်ဆုံးမှာလူနဲ့ပါအဆက်သွယ် ပြတ်တောက်သွားခဲ့တာလို့ ပြောကြပါတယ်။

စည်သူ(ပလပ်ကျွတ်)ကတော့ သူ့အနေနဲ့ ယုံကြည်ရတဲ့ ပွဲစားကတဆင့် ဘတ်တင်ပေးခဲ့တာ ဖြစ်ကြောင်းနဲ့ သူက လူခေါ်ဆက်သွယ် ပေးရသူသာဖြစ်ကြောင်း၊ သူအပါအဝင် ဘတ်တင်သူတွေကို လိမ်လည်ထားသူဟာ ငါးသန်း ကုမ္ပဏီပိုင်ရှင်ဆိုသူက ယူဆောင်ထားတာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

စည်သူ ပလပ်ကျွတ်အား တွေ့ရစဥ်

သူ့ကတဆင့် ဘတ်တင်ခဲ့တဲ့ ထိုင်းရောက် မြန်မာလုပ်သားတယောက်က “အနုပညာသမား မလိမ်တက်ဘူးဆိုပြီး သူက တစ်တော့အဆွယ်ကောင်းတော့ ကျွန်တော်တို့လည်း ယုံပြီးလိုက်ခဲ့မိတယ်။ အခုအလိမ့်ခံရတယ်။ ဒီငွေတွေက  ပန်းရံလုပ်၊ မြေကျင်းတူးပြီး ပင်ပင်ပန်းပန်းရှာ ထားတဲ့ငွေတွေပါ။” လို့ပြောပါတယ်။

စည်သူ(ပလပ်ကျွတ်) ဆီ ဘတ်စာရင်း တင်ထားသူအရေတွက်ဟာ ၁၄၀၀ နီးပါးအထိ ဖြစ်တာကြောင့် ငွေတန်ဖိုးဟာ ဘတ် သိန်းနဲ့ချီတဲ့ အထိရှိပြီး လက်ရှိ ၂ ပတ်တာကာလ ရှိလာချိန်အထိ အဆက်သွယ် ပြတ်တောက်နေတာကြောင့် လိမ်လည်သွားပြီလို့လည်း ပြောဆိုနေကြတာလို့ ဆိုပါတယ်။

ထိုင်းရောက်မြန်မာလုပ်သား အရေးကူညီပေးနေတဲ့ AAC ကိုရဲမင်းက “စည်သူပလပ်ကျွတ်နဲ့ ဘတ်တင်ထားသူတွေ အရင်ဆုံးလုပ်ရမှာက ဒီကောင် ဘယ်ကုမ္ပဏီမှာ စာရင်းသွင်းထားလဲ။ ကိုယ့်ရဲ့ရထားတဲ့ ဘော်သော် ၅၀ စာရွက်ထဲမှာ ပြန်ကြည့်ပါ။ အဲ့ဒီမှာ သူလူပို့ထားတဲ့ ကုမ္ပဏီနာမည် ဘော် ဒီစပ်နာမည်တွေပါတယ်။ သူသွင်းထားတဲ့ ကုမ္ပဏီကို ဆက်သွယ်ပြီး အားလုံးလိုက်သွားကြပါ။ ဒါမှသာ ပန်းရောင်ဘတ်နဲ့ ဝေါ့ပါမစ်ရဖို့ လုပ်ငန်းစဉ် ဆက်လုပ်လို့ရမှာပါ” လို့ သူ့ရဲ့အမြင်ကို လူမူ့ကွန်ရက်က တဆင့်မျှ​ဝေ ရေးသားထားပါတယ်။

တစ်ဖက်မှာလည်း စည်သူ (ပလပ်ကျွတ်) ဟာ လောင်းကစား စွဲနေသူဖြစ်ပြီး အိမ်၊ ကားဆုံးရှုံးဖူးကြောင်း လူကိုယ်တိုင် ဝန်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

အုတ်ဖိုတွင် ကျေးရွာများကို မီးရှို့နေသည့် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာမှာ တပ်စွဲကာ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာမှာ စစ်အုပ်စုဘက်က အယောက် ၂၀ ကျော် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တိုက်ခိုက်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းဒေသကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်၊ အရပ်သား ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေယာဥ်နဲ့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား ၄ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မဏိပူရ်၊ အင်ဖာထောင်ထဲက မြန်မာတွေ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးနဲ့ စစ်ကောင်စီထံလွှဲပြောင်းမခံရရေး အာဏာပိုင်တွေထံ ၄ကြိမ်မြောက် အစာငတ်ခံဆန္ဒပြ

အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ်မှာ အင်ဖာထောင်ထဲ အကျဥ်းကျခံနေရတဲ့ မြန်မာနိုင်ငံသားတွေက စတုတ္ထအကြိမ်မြောက်အဖြစ် အစာငတ်ခံဆန္ဒပြမှုကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်တယ်လို့ India for Myanmar လူ့အခွင့်အရေးအဖွဲ့ထံက သိရပါတယ်။
Read More

မိုးကုတ်မြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးတွင် ၁၇ရက်ကြာ တပ်စွဲနေတဲ့ စစ်တပ်စစ်ကြောင်း ပြန်ဆုတ်လာစဥ် တော်လှန်ရေးတပ်များ တိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကညိုကျွန်းကျေးရွာအတွင်း မွှေနှောက်ဖျက်ဆီးပြီး ၁၇ ရက်ကြာတပ်စွဲနေတဲ့ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဆုတ်ခွာလာစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

မူဆယ်မှာ စစ်ကောင်စီတပ် လက်ကျန် မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ်၊ နမ့်ဟွယ်ကျေးရွာမှာ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။