ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ထိန်တပင်ကျေးရွာနဲ့ ကလိမ်ခင်ကျေးရွာကြားရှိ အကြမ်းဖက်စစ် တပ်စခန်းနဲ့ မီးရထားလမ်းပေါ်ရှိ ရဲကင်းစခန်းတွေကို ရှင်းလင်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို တောကျီးကန်းစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း ‌ညောင်လေးပင်မြို့နယ် ထိန်တပင်ကျေးရွာနဲ့ ကလိခင်ကျေးရွာရှိ စစ်တပ်စခန်းများကို ပဲခူး တိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၆) တပ်ရင်းများဖြစ်တဲ့ တောကျီးကန်းတပ်ရင်း၊ ပဲခူးခရိုင်အမှတ် (၃) မီးနဂါး(3703)တပ်ရင်းတို့နှင့်အတူ တော်ဝင်ဒေါင်းတပ်ရင်းတို့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်။

အကြမ်းဖက်စစ်တပ်စခန်းတွေကို မြေပြင်ကနေသာမက ဝေဟင်ကနေပါ ဒရုန်းတွေနဲ့ အပြီးသတ် တိုက်ခိုက်ချေမှုန်းခဲ့ပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာလည်း လုံခြုံရေးဆိုင်ရာစစ်ဆေးမှုများ လုပ်ဆောင်ခဲ့တယ်လို့ တောကျီးကန်းစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

Video – တောကျီးကန်းစစ်ကြောင်း

0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့နယ် မီးလောင်ပြင်တစ်နေရာက အညာပစ်တိုင်းထောင်လေးများ၏ တော်လှန်သင်္ကြန်သံချပ် အပိုင်း(၂)

အညာပစ်တိုင်းထောင်လေးများအဖွဲ့က သဘာဝဘေးဖြစ်တဲ့ ငလျင်၊ အမေ့လျော့ခံ CDM များ၊ ပျူရွာပေါတဲ့ မင်းကင်းနယ် စစ်ရှောင်၊ စကစ၏ ယုတ်မာမှုများ၊ NUG အစိုးရယန္တရား၏ အလွဲများ စသည့်အကြောင်းအရာတွေနဲ့ တော်လှန်သံချပ် ဖျော်ဖြေမှုကို အခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

အိန္ဒိယမှ လန်ဒန်မြို့သို့ ထွက်ခွာမည့် ခရီးသည် ၂၄၃ ဦးပါ လေယာဉ်ပျက်ကျ (ရုပ်/သံ)

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် Ahmedabad မြို့မှာ ခရီးသည် ၂၄၃ ယောက် စီးနင်းလိုက်ပါလာတဲ့ လေယာဉ် ၁ စီး ပျက်ခဲ့တယ်လို့ အိန္ဒိယသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ဆောမြို့နယ်မှာ စာသင်ကျောင်း ဗုံးကြဲခံရ၊ (၈)နှစ်အရွယ် ကလေးငယ်အပါ ပြည်သူ ၄ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် အညာကတင်းကျေးရွာစာသင်ကျောင်းကို မေလ ၁ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် (၈)နှစ်အရွယ် ကလေးငယ် ၁ ယောက်အပါအဝင် အမျိုးသမီး ၄ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

မဲပလီဗျူဟာစခန်းသိမ်း တိုက်ပွဲမှတ်တမ်း BPLA ထုတ်ပြန် (ရုပ်/သံ)

KNU တပ်မဟာ(၁)နယ်မြေက စစ်ကောင်စီအခြေစိုက် မဲပလီဗျူဟာစခန်းကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ နေ့လယ်(၁၁)နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီနေ့ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်တပ်က ပြည်သူ့စစ်များကို လူသားဒိုင်းကာအဖြစ် အသုံးပြုနေကြောင်း အလင်းဝင် ပြည်သူ့စစ် ပြော (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့စစ်တွေကို လူသားဒိုင်ကာအဖြစ် တိုက်ပွဲတွေမှာ အသုံးပြုနေတယ်လို့ ခလရ ၆၀ (ကျောက်ကြီး) မှ လက်နက်မဲ့ အလင်းဝင်ရောက်လာတဲ့ ပြည်သူ့စစ် ကိုဇော်မင်းခိုင်ရဲ့ ပြောကြားချက်ကို ပဲခူးခရိုင်၊ အမှတ် - ၂ တပ်ရင်း၊ P2-3702 က ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမြို့နယ် ယမနေရွာက စစ်တပ်အထိုင်စခန်း ဒရုန်းနဲ့ ဗုံးသီးကြဲခံရပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယမနေရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဇန်နဝါရီ ၂ ရက် မနေ့ညပိုင်းက ကန့်ဘလူခရိုင်တပ်ရင်း ၄ က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။