ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း ဘေးမှာရှိတဲ့ တောကျွဲအင်းမြို့က အကြမ်းဖက်စစ်တပ်စခန်း အားလုံးကို သိမ်းပိုက်ထားတယ်လို့  တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ရင်းတစ်ခုက မောင်းကို အတည်ပြု ပြောဆိုပါတယ်။

 ဒီနေ့ (ဇန်နဝါရီ ၉ရက်) မနက် ၃ နာရီလောက်က စတင်ပြီးကျွဲအင်းမြို့က ရဲစခန်း၊ ဘူတာရုံနဲ့ စစ်တပ်တပ်စွဲရာ နေရာတွေကို PDF တပ်ရင်းတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ် စစ်ကူတွေရောက်ရှိမလာစေဖို့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်  PDF တပ်ရင်းတွေက တွဲကားတွေကို မီးရှို့ခဲ့တယ်လို့လည်း စစ်အုပ်စုဝါဒဖြန့်ချန်နယ်တွေက ဖော်ပြပါတယ်။

တိုက်ပွဲထဲ စစ်အုပ်စုဘက်က BE အဆင့်ရှိသူတွေအပါအဝင် အများအပြား ထိခိုက်သေဆုံးပြီး အလောင်းတွေကို ဖြစ်သလိုထားခဲ့ရကြရတယ် လို့လည်း စစ်အုပ်စုချန်နယ်တွေက အတည်ပြုပြောဆို ကြပါတယ်။

တောကျွဲအင်းမြို့ အခြေအနေတွေနဲ့ပက်သက်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ တပ်ရင်းတစ်ခုကို မေးမြန်းရာမှာ​တော့ “တောကျွဲအင်း တမြို့လုံးက စခန်းအကုန်ရပါတယ်”  လို့ မောင်းကို ပြန်ဖြေခဲ့ပါတယ်။

တောကျွဲအင်းရဲစခန်းရှေ့တွင်တွေ့ရသည့် PDF တပ်ဖွဲ့ဝင်များ

ရွှေကျင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ SGDF ကလည်း တောကျွဲအင်းမြို့က စစ်တပ်စခန်းတွေကို တ​ပြိုင်နက်တည်းဝင်ရောက် သိမ်းပိုက်ထားနိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ရာနေရာတွေဆီ ပဲနွယ်ကုန်းမြို့နယ်၊ ရွှေဝါရွာအခြေစိုက် ခမရ (၃၀၇) တပ်ရင်းကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုအန္တရယ် တွေကြောင့် အရပ်သားတွေလည်း ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်ထားသူတွေကို လူမူကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်​ပေးနေတယ်လို့ သိရပါတယ်။

တိုက်ပွဲအခြေအနေကြောင့် ဒီနေ့နေ့လည်ပိုင်းမှာထွက်ခွာမယ့် နေပြည်တော်-ရန်ကုန် အစုန် DEMU ရထား ခရီးစဥ်ကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ စစ်တပ်ထောက်ခံသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၇ရက်နေ့ မနက်ပိုင်းကလည်း ရန်ကုန်-ပြည်လမ်းပိုင်းနဲ့  နတ်တလင်း၊ မင်းလှ၊ ဇိီးကုန်းမြို့နယ်တွေက စစ်အုပ်စုစခန်းတွေကို PDF တပ်ရင်းတပ်ဖွဲ့တွေ တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က အယောက် ၄၀နီးပါး ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှ ပြန်လာသည့် 96 Soldiers-PDF ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို (ဓာတ်ပုံသတင်း)

ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးနောက် ချင်းပြည်နယ်ကနေ အညာမြေဆီ ပြန်လည်ရောက်ရှိလာတဲ့ 96 Soldiers-PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ဒဂုံက စစ်မှုထမ်းစာရင်းမှာ ပါတဲ့ ဘုန်းကြီးရဲ့ညီဖြစ်သူ တိမ်းရှောင်နေလို့ ဘုန်းကြီးကို လူဝတ်လဲပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်သွား…

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်၊ နွယ်နီလမ်းက စစ်မှုထမ်းစာရင်းထဲ ပါသူတစ်ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့အပေါင်းအပါတွေက စစ်မှု့ထမ်းဖို့ လာခေါ်ချိန်မှာ ညီဖြစ်သူမရှိတာကြောင့် အစ်ကိုဖြစ်တဲ့ ဘုန်းကြီးဝတ်နေသူကို သင်္ကန်းချွတ်ကာ လူဝတ်လဲပြီး စစ်မှု့ထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ဆင်ရေးဖော်ဆောင်လျက်ရှိတဲ့ မင်းတပ်နဲ့ ဖလမ်းမှာ Chinland Council တပ်ဖွဲ့တွေ အနှောက်အယှက်မပေးဖို့ ချင်းညီနောင်တို့ တောင်းဆို

ချင်ညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ မင်းတပ်နဲ့ ဖလမ်းတို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကနေ စတင်ပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ချင်းပြည်နယ်အတွင်း စစ်တပ်ကင်းစင်ရေးဖော်ဆောင်ရာမှာ Chinland Council တပ်ဖွဲ့တွေအနေနဲ့ အနှောက်အယှက်မပြုဖို့ကို ချင်းညီနောင်တို့မှ သဘောထားချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
Read More

ဆည်တော်ကြီး ရေလှောင်တမံကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နေတယ်လို့ မန္တလေး PDF ထုတ်ပြန်

မိုးကြီးရေလျှံမှုတွေကြောင့် မန္တလေး PDF က ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်ထဲက ဆည်တော်ကြီးရေလှာင်တမံကို စနစ်တကျ စောင့်ကြည့်နေတယ်လို့ MDY PDF ကထုတ်ပြန်ပါတယ်။ ပြည်သူများဘေးအန္တရာယ်မဖြစ်စေဖို့ အချိန်ပြည့်စောင့်ကြည့်နေပြီး အရေးပေါ်အခြေအနေတွေရှိပါက ပြည်သူတွေကို အသိပေးထုတ်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။
Read More

ဂန့်ဂေါ မန်ကျည်းခင်ရွာကို ခလရ ၅၀ စစ်ကြောင်း အချိန်မတော် ဝင်ရောက်စီးနင်း၊ ကိုယ်ဝန်ဆောင်သည်အပါ အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀ တပ်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မြို့အနောက်ဘက် မန်ကျည်းခင်ရွာဆီ အချိန်မတော် ဝင်ရောက်စီးနင်းရင်းကိုယ်ဝန်ဆောင်သည်အပါ အရပ်သား ၁၀ ယောက်ထက်မနည်းကို အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
Read More

တောင်သာမြို့နယ်တွင် စစ်တပ်ဂိတ်စခန်းများကို မြင်းခြံခရိုင် တပ်ရင်း (၃) တပြိုင်တည်း စီးနင်းတိုက်ခိုက်၊ စစ်သားအလောင်း ၃ လောင်း တွေ့ရှိကာ ဂိတ်များကို မီးရှို့ဖျက်ဆီးနိုင်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်သားတချို့ သေဆုံးခဲ့ပြီး ဂိတ်စခန်းတွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။