မိုးကြီးရေလျှံမှုတွေကြောင့် မန္တလေး PDF က ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်ထဲက ဆည်တော်ကြီးရေလှာင်တမံကို စနစ်တကျ စောင့်ကြည့်နေတယ်လို့ MDY PDF ကထုတ်ပြန်ပါတယ်။
ပြည်သူများဘေးအန္တရာယ်မဖြစ်စေဖို့ အချိန်ပြည့်စောင့်ကြည့်နေပြီး အရေးပေါ်အခြေအနေတွေရှိပါက ပြည်သူတွေကို အသိပေးထုတ်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။
ရေလှောင်တမံရဲ့ ကန်ရေပြည့်အမှတ်မှာ (၄၂၀) ပေ ဖြစ်ပြီး ပုံမှန်ရေထိန်းအမှတ်ကို (၄၁၅)ပေ ဖြင့် ထိန်းသိမ်းလည်ပတ်ထားတယ်လို့လည်းဆိုပါတယ်။
မတ္တရာဒေသကို ထိန်းချုပ်ထားတဲ့ MDY -PDF က မတ္တရာဒေသတွင်းက ရေလှောင်တမံတွေရဲ့ ရေမြင့်တက်လာမှုကိုပါ စနစ်တကျ စောင့်ကြည့်နေခြင်းလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်တော်ကြီး ရေလှာင်တမံကျိုးပေါက်မှာကို ဒေသခံအချို့ကစိုးရိမ်ခဲ့ရတဲ့ အပေါ် အခုလို MDY-PDF ကပြန်လည် ရှင်းလင်း ထုတ်ပြန် လာခြင်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ညောင်ဦးတွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၈ ဦးသေကာ ဒရုန်း ၁စီး ပျက်စီး၊ ဂျိုးကန်ရွာကို စစ်ကောင်စီ မွှေနှောက်ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒရုန်းတွေပစ်ချနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၈ယောက်ထိခိုက်သေဆုံးခဲ့ကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြိုင်နဲ့ ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၂၀ ခန့်က ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲကို အကြမ်းဖက်စစ်သားတွေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ချောက်မှာ နယ်မြေရှင်းလင်းရေးထွက်သည့် စစ်ကောင်စီတပ်သားများကို မိုင်း ၂ ဆင့်ဆွဲ တိုက်ခိုက်၊ ၄ ဦးသေပြီး ၇ ဦး ဒဏ်ရာရ

မကွေးတိုင်း ၊ ချောက်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်း ၂ ဆင့်ဆွဲကာ တိုက်ခိုက်ရာ ၄ ယောက်သေက ၇ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Chauk Revolution Army အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

KNDF တပ်ရင်း ၆ မှာ တော်လှန်ရေးရဲဘော်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင် ပြသ

ကရင်နီပြည်အတွင်း စစ်အာဏာရှင်စနစ် လက်နက်ကိုင် တော်လှန်ရေးကို အခြေခံပြီး Karenni Arts Creation(KAC)အဖွဲ့က ရိုက်ကူးထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အမှတ် (၆) တပ်ရင်းမှာ လာရောက်ပြသခဲ့တယ်လို့ သိရပါတယ်။
Read More

၂၀၂၄ တစ်နှစ်တာအတွင်း ပြည်သူ ၅ ထောင်ကျော်နဲ့ ရဲဘော် ၂ ထောင်နီးပါးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း လောင်းလုံး PDF ထုတ်ပြန်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲတပ်စခန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ Tavoy People Liberation Force - TPLF အဖွဲ့ဆီက သိရပါတယ်။