တော်လှန်ရေးအင်အားစုတွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကသာမြို့ ပတ်ဝန်းကျင်ကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီလ ၂ ရက် ဒီကနေ့ မနက်စောပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသားတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကသာမြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံအများစု စစ်ဘေးတိမ်းရှောင်နေကြတဲ့ မော်လူးနယ်ထဲက စာသင်ကျောင်းနဲ့ လူနာခွဲစိတ်ခန်းနေရာကို ဒီကနေ့ မနက်ကြီးပိုင်း ၁ နာရီ ကျော်မှာ ဂျက်ဖိုက်တာနဲ့လေကြောင်းဗုံး ကြဲချခဲ့တာလို့ဆိုပါတယ်။

“ရွာရှည်မှာရှိတဲ့ စာသင်ကျောင်းနဲ့ ခွဲစိတ်ခန်းတွေ ပျက်စီးသွားတဲ့အပြင် လူနှစ်ယောက်ထိတယ်၊ သေတာက တစ်ယောက်၊ အားလုံးစုစုပေါင်းသုံးယောက်” လို့ ဒေသခံက ပြောပါတယ်။

ကသာမြို့သိမ်းတိုက်ပွဲဖြစ်ပွားချိန်ကစလို့ ခွဲစိတ်ခန်းရှိ လူနာတွေကို ကြိုတင်ရွှေ့ပြောင်းထားခဲ့တဲ့အတွက် ထိခိုက်မှုမရှိခဲ့ပေမဲ့ စာသင်ကျောင်းမှာ ကျန်ရှိနေတဲ့ ကျောင်းအိပ်ကျောင်းစား ကလေးတချို့ ထိခိုက်ဒဏ်ရာက သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ ကသာမြို့ တွင်းနေရာတွေကို ဒီဇင်ဘာ ၂၈ရက် မနက်အစောပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေခဲ့ကာ ဒေသခံအများစုက အင်းတော်နဲ့ မော်လူးနယ်အပါအဝင် ဘေးလွတ်ရာနေရာတွေကို စစ်ဘေးတိမ်း ရှောင်ထွက်ပြေး နေကြရတာဖြစ်ပါတယ်။

မြို့ခံအများစုထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထိန်းချုပ်နယ်မြေ အင်းတော်နဲ့ မော်လူးမြို့ အပါအဝင် စစ်ရှောင်တဲ့ လမ်းကြောင်းကို အကြမ်းဖက်စစ်တပ်က  လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးအတွက် အကြီးမားဆုံးအခက်အခဲများထဲ တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှု ပါဝင်ဟု TNLA အတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော် ပြော

လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲတွေထဲမှာ ကိုယ်ကျိုးစီးပွားတစ်ခုတည်း ကြည့်တဲ့ တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှုလည်း ပါဝင်တယ်လို့ တအာင်းတပ်မတော် (TNLA) ရဲ့ အတွင်းရေးမှူး တာဘုန်းကျော်က မနေ့က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Read More

ရေဖြူတံတားထိပ်က စစ်တပ်ဂိတ်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၄ ဦး သေ အောက်တိုဘာ ၁၃၊ ၂၀၂၄

ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်တွင် စစ်ဆေးရေး လုပ်နေတဲ့စစ်တပ်ဂိတ် ကိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ မိခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံက သိရပါတယ်။
Read More

လက်ပန်လှလေကြောင်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူ အားလုံး အရေးယူနိုင်အောင် လုပ်ဆောင်မည်ဟု NUG က ထုတ်ပြန်

စစ်ကောင်စီက လက်ပန်လှကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုအတွက် အပြစ်ပေးအရေးယူနိုင်ဖို့ လုပ်ဆောင်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့  လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံး ဒေသခံ အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ထားဝယ်သပိတ်ကော်မတီ ထုတ်ပြန်…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ဘက်ကနေ လောင်းလုံးမြို့ဘက်ခြမ်းကို အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ‌လောင်းလုံဒေသခံ အမျိုးသမီး ၁ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဒီဇင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ကာလရှည်စစ်ရှောင်နေသည့် ရွာအုပ်စုကို တပ်မ ၆၆ လက်အောက်ခံ တပ်များ ဝင်ရောက်မီးရှို့၊ နေအိမ် ၄၀ ကျော်နှင့် ဘုန်းကြီးကျောင်း ၁လုံး မီးလောင်ဆုံးရှုံးခဲ့

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ တပ်မ (၆၆) လက်အောက်ခံ စစ်ကောင်စီတပ်တွေက ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေရတဲ့ သစ်ပုတ်ရွာအုပ်စုကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အလုံး ၄၀ ကျော်နဲ့ ဘုန်းတော်ကြီး ၁ကျောင်း မီးလောင်ပျက်စီးသွားကြောင်း သိရပါတယ်။