ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်က မြေးအဖွား ၃ ယောက်ဟာ ရက်ရက်စက်စက် အသတ်ခံရတယ်လို့ နယ်မြေ ခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၈ ရက်၊ ည ၈ နာရီလောက်မှာ ဆိပ်မူးကျေးရွာအုပ်စု၊ တောင်းကော့ကျေးရွာ ရပ်ကွက် (၂) မှာ အိမ်ငှား နေကြတဲ့ မြေးအဖွားသုံးယောက် အသတ်ခံရတာလို့ သိရပါတယ်။

သူတို့သုံးယောက်ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီ ၉ ရက် မနက်ပိုင်းလောက်က တောင်းကော့ရွာ အပြင်ဘက် မြေကြီးဖို့ထားတဲ့ နေရာတစ်ခုကနေ ကလေးခြေထောက်နှစ်ချောင်းပေါ်နေ တဲ့အတွက် ရေမဆေးကျောက်ရှာသူ တစ်ချို့က တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အဲဒီရုပ်အလောင်းတွေ ကိုတွေ့ရှိပြီးနောက် ရပ်ရွာလူကြီးကိုအကြောင်းကြားကာ အလောင်းတွေကို ဖော်ထုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဖားကန့်မှာက ဒီလိုဖြစ်စဉ်က တော့်တော့်ကိုရှားတဲ့ဖြစ်စဉ်မျိုး ဖားကန့်မှာက မိသားစုအတွင်းမှာ စကားများကြရင်း နဲ့ သတ်ဖြတ်ကြတဲ့ဥစ္စာမျိုးတွေ ဖောက်ပြန်လို့ သတ်ကြတာမျိုးတွေ ဒီလိုတော့ ကြားဖူးတယ်။ ကလေးတွေပါ အခုလိုမျိုးသတ်တာ ဆိုတော့ ဒါကတော့ ပထမဦးဆုံး တောင်ပြောလို့ ရတယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကိုပြောပါ တယ်။

အသတ်ခံရတဲ့ သူတွေဟာ ဒေါ်နွယ်နွယ်ထား (၄၇) နှစ်၊ မောင်လေပြည်သွေး (၅) နှစ်၊ မောင်ထက်အောင်ခန့် (၂)နှစ် ၆ လအရွယ်တို့ ဖြစ်ကြပါတယ်။

သတ်ဖြတ်သွားသူတွေဟာ အဖွားဖြစ်သူရဲ့ လည်ပင်းကို လှီးဖြတ်သွားတာ လို့ဆိုပါတယ်။

“အဖွားဖြစ်သူကိုတော့ လည်ပင်းကိုဓား နဲ့ ထိုးတာ အလောင်းဖော်တဲ့အခါမှာ မျက်မြင်တွေ့ရှိတဲ့သူ တွေပြောတာ လည်ပင်းက ပြတ်တော့ဖို့နည်းနည်းပဲ ကျန်တော့တာအားလုံးပြတ်တော့မယ်။ ကလေးတွေ ကိုတော့ဘယ်နေရာထိုးသတ်သွားလဲတော့ မသိရဘူး ” လို့အထက်ပါနယ်ခံကဆက်ပြောပါတယ်။

အသတ်ခံရချိန်မှာ မြေးအဖွား သုံးယောက်သာအိမ်မှာကျန်ခဲ့တာဖြစ်ပြီး သားသမီးတွေက ခရီးလွန်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဲ့ဒီအမှုကို KIO အုပ်ချုပ်ရေးက စုံစမ်းနေပြီး ကလေးငယ်တွေကိုပါ ရက်ရက်စက်စက်သတ်ဖြတ်တဲ့ အမှုမျိုးက ရှားပါးတယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောဆိုနေကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၃) ဦး အပါ ပြည်သူ (၅) ဦး ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် (၉) လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့နေ ပြည်သူများ စစ်ကောင်စီတပ်ကျန်ခဲ့သည့် လက်နက်ခဲယမ်းများ ရရှိထားလျှင် ပြန်အပ်နှံဖို့ CDF – Mindat ထုတ်ပြန်

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ကျန်နေခဲ့တဲ့ လက်နက်ခဲယမ်းတွေ လက်ဝယ်ရရှိထားရင် လာမယ့် မတ်လ ၁၅ ရက် နောက်ဆုံးထား ပြန်လည်အပ်နှံဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် (Chin Defence Force – Mindat) က မနေ့ကဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်း ပြုလုပ်ပေးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဘေးကူညီချင်တဲ့ သန့်ဇင်ရဲ့ဆန္ဒကို ဂျပန်ဖိုက်တာ တာကဲရု ဖြည့်ဆည်းပေးမယ်

ရိုးရာဖိုက်တာ သန့်ဇင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဂျပန်ဖိုက်တာ တာကဲရုက မြန်မာပြည်ရေဘေးအတွက် အလှူငွေ လှူဒါန်းသွားမယ်လို့ Bangkok Post မှာ ရေးသားဖော်ပြလာပါတယ်။
Read More

မိဘပြည်သူတိုင်းရင်းသားများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့‌နေရသည်ကို ဝမ်းနည်းမိဟု လက်သည်တရားခံ မင်းအောင်လှိုင် ပြော

မိဘပြည်သူတိုင်းရင်းသားတွေ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ အဓမ္မစစ်အာဏာသိမ်းပြီး တိုင်းပြည်ကို ကျရှုံးနိုင်ငံဖြစ်အောင် လုပ်ဆောင်နေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ရခိုင်ဒေသက စစ်ဘေးရှောင် ၁၆ ယောက်ကို ငါးသိုင်းချောင်းမှာ အကြမ်းဖက်စစ်တပ် ဖမ်းဆီးသွား

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်မှာ ရခိုင်ဒေသက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာသူ ၁၆ ယောက်ကို နိုဝင်ဘာလ ၂၈ရက်နေ့မှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။