ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းမပေါ်မှာရှိတဲ့ ကျောက်တံတားရဲစခန်းကို စစ်ရေးပစ်မှတ်အဖြစ် လက်ပစ်ဗုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Operation Flame အဖွဲ့ထံက သိရပါတယ်။

ကျောက်တံတား ရဲတပ်ဖွဲ့ဟာ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်လှုပ်ရှားနေပြီး ပြည်သူအပေါ် နည်းမျိုးစုံနဲ့ မတရား ဖမ်းဆီးနှိပ်စက်နေတာကြောင့် နိုဝင်ဘာ ၂၅ ရက် ဒီမနက် ၁နာရီကျော်လောက်မှာ ရဲစခန်းထဲကို လက်ပစ်ဗုံး ၂လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့စခန်းက အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်လှုပ်ရှားနေကြပြီးတော့ ပြည်သူတွေကို မတရား ဖမ်းဆီးနှိပ်စက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ သွားရောက်ပစ်ခတ်ခဲ့တာပါ။ လက်ပစ်ဗုံး ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ခွေးစခန်းရှေ့ ရှေ့ကင်းတဲတွေနား ကျရောက်ပေါက်ကွဲခဲ့ပါတယ်” လို့ Operation Flame သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။



Operation Flame – “Fire Power” အထူးစစ်ဆင်ရေး စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့တဲ့ အဆိုပါ မစ်ရှင်အတွက် ၁လနီးပါး အချိန်ယူခဲ့ရကာ ပြည်သူတွေ ထိခိုက်မှာစိုးရိမ်တာကြောင့် လူရှင်းတဲ့အချိန် စောင့်ဆိုင်း လုပ်ဆောင်ခဲ့ပြီး နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“အခက်အခဲကတော့ မနက်အစောပိုင်းဆိုတော့ ကျနော်တို့အနေနဲ့ နောက်ဆက်တွဲ အခြေအနေကို သိရဖို့ Scout ဆက်ထားလို့မရတာပါပဲ၊ မနက်အစောပိုင်းဆိုတော့ မြေပြင်ကို scout ဆက်ထားဖို့ မဖြစ်တော့ ကျနော်တို့ဖက်က ပွဲပြီး နောက်ဆက်တွဲအခြေtနေကို မသိရbl; ဖြစ်နေတာပါ လူရှင်းလမ်းရှင်း ပြေးပေါက်ရှင်းတဲ့အချိန်ကို အချိန်ယူ လုပ်ဆောင်ခဲ့ရတာပါ”လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကော်မရှင်တပ်သားတွေအနီးနား မသွားလာကြဖို့၊ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့နဲ့ ပေါ်တာဆွဲဖမ်းဆီးခြင်း မခံရအောင် ပွဲလမ်းသဘင်တွေ မသွားဖို့ ပြောဆိုခဲ့ပြီး Operation Flame အနေနဲ့လည်း ရွေးကောက်ပွဲကို လက်မခံဘဲ ရန်ကုန်မဟာမိတ်တွေနဲ့ အတူလက်တွဲကာ အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

လုပ်သက် ၇နှစ်ရှိတဲ့ ရဲတပ်သားတစ်ယောက် တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သား၁ယောက် လက်နက်ကျည်ဆံတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း Earthquake People's Defence Force ထံက သိရပါတယ်။
Read More

လူအင်အားဖြည့်ရန် ထွက်လာသည့် စစ်အုပ်စုကြားဖြတ်တိုက်ခိုက်ခံရ ၁၀ ဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

မကွေးတိုင်း ၊ ရေစကြိုကနေ ကျောက်ရစ်အထိုင်စခန်းထဲကို အကြမ်ဖက်စစ်တပ် အရာရှိအပြောင်းအလည်း ပြုလုပ်ပြီး လူအင်အားဖြည့်ဖို့ ထွက်လာတဲ့စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူတွေရှိတယ်လို့ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ် (၁၂) တပ်ခွဲ (၃) ဆီက သိရပါတယ်။
Read More

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်က စစ်တပ်ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးဘုရားလမ်းမပေါ်က  အကြမ်းဖက် စစ်တပ်ဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့  God's Hand Forces (GHF) အဖွဲ့ထံမှ သိရပါတယ်။ 
Read More

ကံထူးမရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူ ၁၂ ယောက် အထိရှိလာပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ အယောက် ၂၀ ကျော် ရှိနေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ သေဆုံးသူ ၁၂ယောက်အထိ ရှိလာပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူတွေလည်း ရှိထားကြောင်း People's Defense Comrade တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ ​
Read More

ချောက်မှာ ရွာမီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီက လင်းတကိုင်းတိုက်နယ်ကို ဝင်ရောက်စီးနင်းပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေဆီက ကာလတန်ဖိုး ငွေကျပ် သိန်း ၇၀၀ နီးပါးရှိတဲ့ ငွေကြေးနဲ့ပစ္စည်းတွေ လုယက်သွားတယ်လို့ သိရပါတယ်။
Read More

ရုရှားကနေ မှာယူထားတဲ့ Su-30SME အမျိုးအစား လေယာဉ် ၆ စင်းလုံး စစ်ကောင်စီထံ ပေးပို့ပြီးပြီ ဟု ဆို

စစ်ကောင်စီက မှာယူထားတဲ့ ဘက်စုံသုံး တိုက်လေယာဉ်  Su-30SME အမျိုးအစား လေယာဉ် ၆ စင်းကို ရုရှားက မြန်မာနိုင်ငံကို ပေးပို့လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့စစ်လက်နက်သတင်းတွေကို ဖော်ပြနေတဲ့ Army Recognition Group ကရေးသားထားပါတယ်။