စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်၊ မနက် ၇နာရီကျော်လောက်မှာ အကြမ်းဖက်စစ်တပ်က အင်အား ၁၅ ယောက်ခန့်နဲ့ မိုင်းရှာဖို့ ထွက်လာချိန် မုံရွာ-မန္တလေး လမ်းမပြီး တစ်နေရာအရောက် တော်လှန်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်း ၃လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ထိတွေ့မှုတော့ မရှိလိုက်ဘူး။ မိုင်းပဲ ဆွဲလိုက်တာ၊ သေဆုံးမှုက မကြားသေးဘူး။ ဒဏ်ရာရတဲ့ကောင်တွေကို ဆက်ရှာတယ်။ ဆုတ်ခွာမသွားဘူး” လို့ Chindwin Fighter Group – CFG တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုဟာ စစ်အုပ်စု ရောက်လာမှာကို ကြိုတင်သတင်းရလို့ စောင့်ဆိုင်းနေတာမျိုး မဟုတ်ဘဲ အဆိုပါ လမ်းပိုင်းတွေမှာ မကြာခဏ မိုင်းရှာဖွေရေး လုပ်တတ်တာကြောင့် ကြိုတင် မိုင်းထောင်ထားပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့လာမှာကို ကြိုတင်သိလို့တော့ မဟုတ်ဘူး။ သူတို့တွေက တခါတလေဆို မိုင်းထွက်ရှင်းတယ်။ သူတို့ အလုပ်ကိစ္စတွေ ပေါ်လာပြီဆိုရင် မိုင်းထွက်ရှင်းတာများတယ်။ လမ်းမိုင်းပေါ့လေ.. မိုင်းက ကြိုထောင်ထားတာ” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် အကြမ်းဖက်စစ်အုပ်စုက အနီးတဝိုက်ကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ၊ ခရီးသွားပြည်သူတွေကို စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကိုတော့ Brave Heart Army – BHA ၊ Monywa Dynamite. STF နဲ့ Chindwin Fighter Group – CFG တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဆင်မရဲပျူစခန်းကို တော်လှန်ရေးတပ်တွေ ဝင်တိုက်ပြီးတဲ့နောက် စစ်အုပ်စုတွေ မြင်းခြံဘက် ထွက်ပြေး၊ တပ်ကြပ်အဆင့်ရှိသူ ၁ ယောက်နဲ့ ပျူစောထီး ၃ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆင်မရဲရွာက အကြမ်းဖက်စစ်အုပ်စုတွေ ထိခိုက်သေဆုံးပြီး စခန့်စွန့်ခွာထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲထဲ တပ်ကြပ်အဆင့်ရှိသူ ၁ယောက်နဲ့ပျူစောထီး ၃ယောက်သေဆုံးခဲ့ကြောင်းနဲ့ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိခဲ့ကြောင်း ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့-YSO ရဲဘော်၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ဇေယျဝတီဘူတာရုံ အပါအဝင် ဖြူးမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ပကဖတပ်ဖွဲ့ဝင်များ  ဝင်ရောက်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်က ဇေယျဝတီမြို့ဘူတာရုံအပါအဝင် စစ်ကောင်စီတပ်တွေရှိနေတဲ့  မြို့ပေါ်နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း  ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

KNU အုပ်ချုပ်မှုနယ်မြေရှိ စာသင်ကျောင်းကို ကျောင်းချိန်အတွင်း စစ်တပ် ဗုံးကြဲ

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်းက အခြေခံပညာအလယ်တန်းကျောင်းကို အကြမ်းဖက်စစ်တအ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ကရင်နဲ့မွန်အစပ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေ

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဇီးနစ်ဒေသအနီီးမှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာလို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မြိုင်နှင့်ပေါက်တွင် စစ်ကောင်စီယာဥ်တန်းနှင့် မိုင်းထွက်ရှင်းသည့်စစ်သားများ မိုင်းခွဲတိုက်ခိုက်ခံရ၊ ဒုတပ်ကြပ် ၁ ဦးအပါ ထိခိုက်သေဆုံးသူ များပြား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင် နဲ့ ပေါက်မြို့နယ်တို့မှာ စစ်ကောင်စီကားတန်းနဲ့ မိုင်းရှင်းတဲ့စစ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး ဒုတပ်ကြပ်အဆင့်ရှိသူ အပါအဝင်​ ခြေပြတ်လက်ပြတ်နဲ့ ထိခိုက်သေဆုံးတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

ကော့သောင်းတွင် WY စိတ်ကြွမှုးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေသူ ၆ ဦးအား ပကဖ ဖမ်းဆီး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ WY စိတ်ကြွမူးယစ်ဆေးပြား အပါအဝင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေသူ ၆ ယောက်ကို သက်သေခံပစ္စည်းတွေနဲ့ အတူဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။