အကြမ်းဖက်စစ်တပ်က စစ်သင်တန်းကျောင်းတွေ တိုးချဲ့ဖွင့်လှစ်သင်ကြားပြီးတဲ့နောက် နိုင်ငံတစ်ဝန်း စစ်မှုထမ်းတပ်သားစုဆောင်းမှုတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေသလို လိုသလောက် စစ်အင်အားအရေအတွက်ကိုလည်း ရရှိနေတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လလောက်ကစလို့ အကြမ်းဖက်စစ်အုပ်စုဟာ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် တော်လှန်ရေးတပ်တွေနဲ့ ရင်ဆိုင်နေရတဲ့ မုံရွာ၊ စလင်း စတဲ့ မြို့နယ်တွေမှာပါ စစ်မှုထမ်းအင်အားကို ခပ်စိတ်စိတ် ဖြည့်တင်းလာနေခဲ့ပါတယ်။

စစ်အုပ်စု မတရားထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး သမာရိုးကျ မဲနိူက်စေခိုင်းတာမျိုးတွေထက် ပေါ်တာဆွဲဖမ်းဆီးတာတွေကိုပဲ ပိုမိုအားစိုက်လုပ်ဆောင်လာမှုတွေကြောင့် ရန်ကုန်မြို့လို နေရာမျိုးတွေမှာပါ လူငယ်တွေအဖို့ ထိုးကြိတ်ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေအထိ ရှိလာနေတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း စစ်အုပ်စုထောက်ခံသူတစ်ချို့ရဲ့တောင်းဆိုမှုကြောင့် ပေါ်တာဆွဲလူစားထိုး ငွေညှစ်တဲ့စျေးကွက်ကို အကြမ်းဖက်စစ်တပ်ဘက်က ခဏတာဟန်ပြတင်းကျပ်ခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ စစ်မှုထမ်းစုဆောင်းမှုကို ဆိုးဆိုးရွားရွားလုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။

Rangoon Scout Network ရဲ့ပြောပြချက်အရ စစ်မှုထမ်းအပတ်စဥ် တစ်ခုစမယ်ဆိုတိုင်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ စစ်အုပ်စု လက်ပါးစေ ရပ်ကျေးနဲ့ ပျူစောထီးလူမိုက်တွေက သတ်မှတ်လူအရေအတွက် ပြည့်အောင်ရှာပေးရသလို အစားထိုးစစ်မှုထမ်းစျေးကွက်ကိုလည်း အထက်အောက် လက်ဝါးချင်းရိုက်ပြီး ဆိုးဆိုးရွားရွားလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာလည်း သဲတောစျေးနေ့အပါအဝင် နေအိမ်တွေပေါ်အထိ တက်ပြီး စစ်မှုထမ်းပေါ်တာဆွဲတာမျိုးတွေ ရှိနေတယ်လို့ Voice Of Wundwin တာဝန်ရှိသူက ပြောပါတယ်။

ပုံစာ – ရန်ကုန်မြို့အတွင်း မြင်တွေ့ရသည့် အကြမ်းဖက်စစ်ကားတစ်စီး(ပုံဟောင်း)

ဒါ့အပြင် မကွေးတိုင်းအတွင်းက စလင်း၊ ပွင့်ဖြူနဲ့စေတုတ္ထရာမြို့နယ်တွေမှာလည်း အဝေးပြေးကားတွေပေါ်အထိ တက်​ပြီး ဖမ်းဆီးတာမျိုးတွေရှိလာသလို ပျူစောထီးရွာတွေမှာလည်း လက်နက်ကိုင်ပျူစောထီးအင်အားတွေ ဖြည့်တင်းနေတယ်လို့ စလင်းအခြေစိုက်ပြောက်ကျားတပ်ဖွဲ့တစ်ခုက ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာလည်း ကားတွေနဲ့ပက်ပြီး ပေါ်တာဆွဲတာတွေရှိသလို စတိတ်ရှိုးပျော်ပွဲရွှင်ပွဲကနေ ပြန်လာသူတွေလည်း ဖမ်းခံရတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း အကြမ်းဖက်စစ်အုပ်စုက စစ်မှုထမ်းအပတ်စဥ် (၁၈) ကို ပြီးခဲ့တဲ့အောက်တိုဘာလ ၂၁ ရက်က စတင်ခဲ့ပြီးဖြစ်ပါတယ်။

” အမှတ်စဉ် ၁၅ နောက်ပိုင်း လူဆွဲတာတွေ လူစားထိုးတာတွေပေါ် တင်းကြပ်ထားတာတွေကို စကမက ပြန်ဖြေလျှော့လိုက်တော့ အဲ့အခေါက်ကနေစပြီး တဖြည်းဖြည်းနဲ့ လူလိုက်ဆွဲတာတွေ ပြန်များလာတယ်။ အခုစစ်သင်တန်းကျောင်းတွေ ထပ်တိုးလိုက်တယ်ဆိုတော့ လူတွေ ပိုပြီးလိုက်ဆွဲဖို့ ရှိတယ်ဆိုတဲ့သဘောပါပဲ။ အထူးသဖြင့် စစ်မှုထမ်းအမှတ်စဉ် အသစ် စခါနီး လူရှာဖြည့်နေတဲ့ချိန်တွေဆို ပိုဆိုးပါတယ်။ ဒီလဆို ၂၁ ရက်နေ့က အမှတ်စဉ် ၁၈ စသွားတာပါ၊ အဲ့အပတ်ထဲ လိုက်ဆွဲသွားတာတွေ တော်တော်များပါတယ်ဗျ။အမှတ်စဉ်သစ် စခါနီး လူလိုနေတဲ့ချိန်တွေဆိုရင် မြို့ထဲဘက်တွေမှာပါ လိုက်ဆွဲပါတယ်ဗျ။ အဲ့ချိန်တွေဆို တော်တော်ဆိုးပါတယ်။” လို့ Rangoon Scout Network တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အခုလိုမျိုး နည်းလမ်းမျိုးစုံသုံးပြီး စုဆောင်းရရှိထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအတွက် လက်ခံလေ့ကျင့်သင်ကြားပေးနိုင်ဖို့ နိုင်ငံတဝန်းရှိ စစ်သင်တန်းကျောင်းတွေကို (၂၇) ခုအထိ တိုးချဲ့သင်ကြားပေးနေပြီ ဖြစ်ပါတယ်။

တိုးမြှင့်စုဆောင်းရရှိလာတဲ့ စစ်မှုထမ်းအင်အားတွေကို ခအက၊ တကအ နဲ့ ရလတ(၅၇) တို့မှာပါ အရံသင်တန်းကျောင်းတွေအဖြစ် ထပ်တိုးဖွင့်လှစ် လေ့ကျင့်ပေးနေတယ်လို့လည်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI) ဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

စဉ့်ကူးနှင့် မတ္တရာတွင် စစ်ကောင်စီ တစ်ရက်တည်း လေကြောင်းတိုက်မှုကြောင့် ၅ လသား ကလေးငယ်အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅လသား ကလေးငယ် အပါအဝင် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ကျေးရွာအတွင်းမှ မောင်းထုတ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုနယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ အရပ်သားပြည်သူ ၆ဝဝဝ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က  ဇွန်လ ၁၅ ရက်နောက်ဆုံးထားပြီး ကျေးရွာအတွင်းကနေ ထွက်သွားရမယ်လို့ မောင်းထုတ်ပြီး ဝင်ရောက်တပ်စွဲနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချင်းပြည်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ကာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေ

ချင်းညီနောင်တပ်ဖွဲ့တွေဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေပြီဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။
Read More

အင်းစိန်ထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ ရုပ်အလောင်းအား ယနေ့မနက် သင်္ဂြိုဟ်မည်

အင်းစိန်အကျဥ်းထောင်အတွင်း စစ်တပ်ရဲ့ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေကို ခံစားရင်း ကွယ်လွန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ကို ဒီနေ့ မနက်ပိုင်းမှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
Read More

ရေစကြိုတွင် စစ်ကောင်စီက ကျန်းမာရေးမကောင်းသူများ အပါအဝင် အရပ်သားပြည်သူတွေကို အကြောင်းမဲ့ စစ်ဆေးဖမ်းဆီးနေ

"ရေစကြိုက ၆၃ မြို့နယ်ထဲပါလို့ ရှက်ရမ်းရမ်းပြီး လုပ်နေတာလို့ ယူဆရပါတယ်။ အခုဆို မြို့ပေါ်နေပြည်သူတွေအဖို့ နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေကြရတာပါ။ ဖမ်းတဲ့ကောင်တွေကလည်း ရေစကြိုရုံးပေါင်းစုံထဲကရော မြို့မရဲစခန်းထဲကရောပါ။ သူတို့က မြို့ပေါ်မှာ ၆ နေရာလောက် နေရာခွဲပြီး နေကြတာ" လို့ အဆိုပါ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။