မကွေးတိုင်း၊ ဂန့်​ဂေါမြို့နယ်က ဗျူဟာမှူးအပါအဝင် အကြမ်းဖက်အရာရှိတချို့နဲ့ စစ်အင်အားတွေကို မုံရွာ၊ နမခတိုင်းမှူး မျိုးမင်းထွေးက ကလေးမြို့ဆီခေါ်ယူ အင်အားဖြည့်တင်းရင်း နမခနယ်မြေအတွင်းစစ်ကြောင်းတွေ ပြိုင်ထိုးခိုင်းဖို့ လုပ်ဆောင်နေတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ရက်နဲ့ ၁၈ရက်နေ့တွေမှာ ဂန့်​ဂေါမြို့ ခလရ ၅၀တပ်က အကြမ်းဖက်ဗျူဟာမှူး လှမျိုးထွဋ်နဲ့ အရာရှိတချို့အပါအဝင် စစ်အင်အားတချို့ကို စစ်​ထောက်ပို့ရဟတ်ယာဥ်တွေနဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဆီခေါ်ဆောင်ခဲ့သလို နယ်မြေချင်းထိစပ်နေတဲ့ ဟံသာဝတီပျူစောထီးရွာက စစ်ကော်မရှင်အင်အား ၃၀နီးပါးလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုခေါ်ဆောင်ခံရတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားအများစုဟာ ပြည်သူ့စစ်မှု့ထမ်း(ပစ)တွေဖြစ်ကြပြီး ကလေးမြို့တက္ကသိုလ်မှာ နေရာယူထားကြောင်းသိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အောက်တိုဘာလ ဒုတိယနဲ့ တတိယပတ်တွေထဲ Y 8 ထောက်ပို့လေယာဥ် နဲ့ ၅ ကြိမ်၊ ATR 72 စစ်ထောက်ပို့လေယာဥ်နဲ့ ၂ ကြိမ်၊ စုစုပေါင်း စစ်အင်အား (၃၀၀)နီးပါးကို ကလေးမြို့ဆီ ခေါ်ဆောင်ထားခဲ့တယ်လို့လည်း ကိုမင်းဒဿကပြောပါတယ်။

စစ်တပ်က ဂန့်ဂေါ-ဟံသာဝတီ-ကလေး ကားလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အပြင် ခေါ်ယူအားဖြည့်ထားတဲ့ စစ်အင်အားတွေနဲ့ ချင်းပြည်နယ် ဟားခါးအပါအဝင် တမူး၊ မုံရွာ၊ ကလေးနဲ့ ဂန့်​ဂေါနယ်တွေဆီ စစ်ကြောင်းတွေအပြိုင်ထိုးဖို့ ကြိုးစားလာတယ်လို့လည်း သိရပါတယ်။

ပြီးခဲတဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးကို MNDAA နဲ့ ပူးပေါင်းတပ်တွေဝင်ရောက်သိမ်းပိုက်ချိန် လက်နက်ချအညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ သုံ့ပန်းအဖြစ်ကနေ လွတ်မြောက်လာပြီးတဲ့နောက်မှာ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဆင့်အထိ ရာထူးတိုးခံခဲ့ရပါတယ်။

အကြမ်းဖက် နမခ စစ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး

အဲ့ဒီနောက်မှာတော့ မုံရွာနဲ့ ချောင်းဦးမြို့အစပ် ဗုံတိုရွာ လေကြောင်းတို​က်ခိုက်မှုအပါအဝင် စစ်ရာဇဝတ်မှုတွေကို ဆိုးဆိုးရွားရွား ပြန်လည်လုပ်ဆောင်လာတာဖြစ်ပါတယ်။

လက်ရှိမှာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဟံသာဝတီပျုစောထီးရွာနဲ့ ကလေး​မြို့နယ်တောင်ပိုင်း ကြံသာရွာက အကြမ်းဖက်ပူးပေါင်းစစ်ကြောင်းဟာ မှန်တောရွာအတွင်း ရောက်ရှိနေပြီး ကလေးမြို့က စစ်ကြောင်းနဲ့အတူ ဂန့်ဂေါမြို့ကို ကလေး-ဂန့်ဂေါလမ်းပိုင်းအတိုင်း လာနိုင်ချေရှိတယ်လို့လည်း ကိုမင်းဒဿ က ပြောပါတယ်။

“ဟံသာဝတီရွာက စစ်ကြောင်းကလည်း ကလေးမြို့ဘက်ကို ရသလောက် ထိုးဖောက်နေပြီး ကလေးမြို့ဘက်ကလာတဲ့ စစ်ကြောင်းနဲ့ ဂန့်ဂေါ-ကလေး လမ်းမကြီးတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်ဖို့ကြိုးစားနေတဲ့အခြေအနေပါ။ နောက်ပြီး စစ်တိုင်းတွေချုံ့လိုက်တော့ နမခက ချင်းပြည်နယ်အထိ တာဝန်ယူရပါပြီ။ အဲ့ဒါကြောင့် ကလေးမြို့ပေါ်စုစည်းထားတဲ့ကောင်တွေက ချင်းပြည်နယ် ဟားခါးမြို့ဘက် ၁ဖွဲ့၊ စစ်ကိုင်းတိုင်း တမူးမြို့ဘက် ၁ဖွဲ့၊ ၂ ဖွဲ့ခွဲပြီး ရွေးကောက်ပွဲအမီ ပို့မယ်လို့ သိရပါတယ်၊ အခုတောင်ပို့နေပါပြီ။ နောက်ပြီး ကလေးကနေ ဂန့်ဂေါဘက်ထိုးဖို့ ဂန့်ဂေါက ဗျူဟာမှူးကိုခေါ်တယ်လို့ထင်ပါတယ်” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ ကလေး- ဂန့်ဂေါလမ်းပိုင်းအပေါ် အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးနေမှုတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ကြံသာရွာကနေတော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာပေးထားရပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းနည်းတူ မြောက်ပိုင်းက ကလေး-တမူးခေါ် အာရှလမ်းမကြီးဘက်မှာလည်း အကြမ်းဖက်စစ်အုပ်စုက SNA ၊ ကသည်း (ULFA) နဲ့ နာဂ(NSAC) လက်နက်ကိုင်အင်အားတွေ အသုံးပြုပြီး ပြီးခဲ့တဲ့ သြဂုတ်လကတည်းက စစ်ကြောင်းတွေ ထိုးနေရာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေရှိနေပါတယ်။

0 Shares:
You May Also Like
Read More

Generation Z Power – GZP (Mandalay) ၏ အပတ်စဥ် (၁၀) အခြေခံစစ်သင်တန်းဆင်းပွဲနှင့် ယူနီဖောင်း ပေးအပ်ပွဲ… (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းအခြေစိုက် Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့က အပတ်စဥ် (၁၀) အခြေခံ စစ်သင်တန်းဆင်းပွဲနဲ့ ယူနီဖောင်းပေးအပ်ပွဲ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ကော့သောင်းတွင် WY စိတ်ကြွမှုးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေသူ ၆ ဦးအား ပကဖ ဖမ်းဆီး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ WY စိတ်ကြွမူးယစ်ဆေးပြား အပါအဝင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေသူ ၆ ယောက်ကို သက်သေခံပစ္စည်းတွေနဲ့ အတူဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။
Read More

အရာတော်နယ် မူကြိုကျောင်းကို စစ်တပ်က ဗုံးကြဲ၍ ကလေးအပါ ၂ ဦး သေဆုံးပြီး ၃ ထက် မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ အရာတော်နယ်က မူကြိုကျောင်းကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲခဲ့လို့ ကလေးအပါ နှစ်ယောက်သေဆုံးပြီး ၃ ထက် မနည်းဒဏ်ရာ ရရှိခဲ့တယ်လို့ Northwest Plains Revolutionary Forces - NPRF ဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ မီးလောင်ဗုံးများကြောင့် လင်မယားနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် သေဆုံး၊ ဒဏ်ရာပြင်းထန်တဲ့ ၁၀ တန်းကျောင်းသားလည်း ထပ်မံသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကန်ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန်နဲ့ ဆေးကုသနေရသူ ၃ ယောက်ရှိကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို​ ပြောပါတယ်။
Read More

မတူပီ-မင်းတပ် လမ်းပိုင်းရှိ မိုင်တိုင် ၉၁ မိုင်တွင် လမ်းပြုပြင်နေသဖြင့် လမ်းပိတ်ထားကြောင်း CDF မတူပီ ထုတ်ပြန်ကြေညာ

ချင်းပြည်နယ်ရှိ မတူပီ-မင်းတပ် လမ်းပိုင်းက မိုင်တိုင် ၉၁ မိုင်မှာ လမ်းပြုပြင်နေတာကြောင့် လမ်းပိတ်ထားတယ်လို့ Chin Defense Force-Matupi က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ၏ (၉၀၂)တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၁၁)လုံးနှင့် လက်နက်ကြီး (၂၆)လုံး ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ (၉၀၂)တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး (၁၁)လုံးနဲ့ လက်နက်ကြီး (၂၆)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။