ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှာ အကြမ်းဖက် စစ်ကော်မရှင် မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ တော်လှန်ရေးရဲဘော်တွေကို သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း Chinland Defense Force – Hakha က ဒီည ထုတ်ပြန်ပါတယ်။

“CDF-Hakha နှင့် CNA အကျဥ်းသားများ ကယ်ထုတ်ရေး အထူးမစ်ရှင်” ကို CDF-Hakha စစ်ဦးစီးချုပ်နဲ့ တပ်မဟာ (၄) တပ်မဟာမှူးတို့ရဲ့ ကွပ်ကဲမှုနဲ့အတူ CDF-Hakha ရဲဘော်တွေက အောက်တိုဘာ ၁၆ ရက် ဒီမနက် ၂ နာရီ ၃၀ မိနစ်အချိန်မှာ စတင်ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မစ်ရှင်အတွင်း စစ်ကော်မရှင်တပ်သား ၆ ယောက်ကို ရှင်းလင်းကာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) ရဲဘော် ၃ ယောက်နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော် ၂ ယောက်ကို ကယ်တင်နိုင်ခဲ့သလို တခြားအကျဥ်းသား ၁၀ ယောက်ကိုလည်း ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မနက် ၄နာရီအချိန်မှာ မစ်ရှင်ပြီးမြောက်အောင်မြင်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပေမယ့် တပ်ဆုတ်ပြီး ဆုံမှတ်နေရာအရောက်မှာ မထင်မှတ်ထားတဲ့ ရန်သူရဲ့ ကျည်တစ်တောင့်ကြောင့် တော်လှန်ရေးရဲဘော် ၁ယောက် တိုင်းပြည်နဲ့လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နမခအတွင်းက တိုင်းစစ်ရုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ကို ရှော့တိုက်ဒုံး ၂လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

အကြမ်းဖက်စစ်အုပ်စု ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် ကူညီပံ့ပိုးသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူမည်ဟု KNU တပ်မဟာ ၆ သတိပေး

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် ကူညီပံ့ပိုးမှုတွေ လုံး၀ မပြုလုပ်ဖို့ ကရင်အမျိုးသားအစည်အရုံး (KNU) တပ်မဟာ ၆ က မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ငါန်းဇွန်တွင် အကြမ်းဖက်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်အုပ်စု ဝရုန်းသုန်းကား ထွက်ပြေး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို လိုက်လံတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရပြီး ဝရုန်းသုန်းကား ဆုတ်ပြေးသွားကြောင်း TGYR Youth Guerrilla Counter Revolution-NZ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ အမ်းမြို့အခြေစိုက် စရဖ တပ်ကို AA သိမ်းပိုက်ထားနိုင်ပြီလို့ သတင်းထွက်ပေါ်နေ

ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ရင်း စရဖတပ်ကို ရခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အမှတ် ၃၇၄ အမြောက်တပ်နဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးတပ် COD ကို ထိုးစစ်ဆင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မင်းကင်းမြို့နယ်မှာ ပအဖ နဲ့ ပကဖ တွေ ပူးပေါင်းပြီး (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံတို့ ဦးဆောင်ကာ မင်းကင်းမြို့နယ်၊ တပ်ရင်း- ၂၊ တပ်ခွဲ - ၁ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။