ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေမှာ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်တိုင်း ပကဖ ကို လက်နက်ခဲယမ်းနဲ့ ကျည်ကာဦးထုပ်တွေ ပေးအပ်ခဲ့တယ်လို့ ရန်ကုန်တိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ဆီက သိရပါတယ်။

ရန်ကုန်တိုင်းပကဖ တာဝန်ရှိသူတွေအနေနဲ့ ရှေ့တန်းစစ်မြေပြင်ကို သွားရောက်မယ့် ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၆ တပ်ခွဲ (၃) တာဝန်ရှိသူတွေကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းပကဖ တပ်ဖွဲ့တွေအနေနဲ့ စစ်အာဏာရှင် အပြီးသတ် ချုပ်ငြိမ်းရေးတိုက်ပွဲတွေမှာ စွမ်းစွမ်းတမံပါဝင်နေသလို သက်ဆိုင်ရာစစ်ဒေသ၊ စစ်ဌာနကွပ်ကဲမှု အသီးသီးမှာ ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးခရိုင် ပကဖ စစ်ကြောင်းအတွက် ကဝ မြို့နယ် ပကဖ မှ စစ်အသုံးအဆောင်များနှင့် စားနပ်ရိက္ခာများ မျှဝေထောက်ပံ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်ပကဖ ခရိုင်စစ်ကြောင်းက ရဲဘော်တွေအတွက် ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စစ်အသုံးအဆောင်နဲ့ ရိက္ခာတွေ မျှဝေပေးခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်ရေကန်တောင်ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို PIO/PIA ဖမ်းဆီးရမိ

မကွေးနဲ့ ရခိုင်ပြည်နယ်အစပ် နတ်ရေကန်တောင်ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်းကနေ လက်နက်ကိုယ်စီနဲ့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ယောက်ကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်က AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားပြီး သူ၏ ကျန်းမာရေးကို စိုးရိမ်ကြောင်း AA စစ်ဦးစီးချုပ် ပြောဟု ဆို…

"မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်။" လို့ ရေးသားထားတာပါ။
Read More

ခန္တီးမြို့နယ်တွင် စစ်ကောင်စီတပ်သား ၁ ဦး မိသားစုနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ (၅၂) တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁) ယောက် မိသားစုနဲ့အတူ အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မြို့နယ်ရှိ ဘလယ်ဒို စစ်ကောင်စီတပ်စခန်းကို KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို KNLA၊ KNDO နဲ့ PDF ပူးပေါင်းတပ်များက ဒီကနေ့ညနေမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ကျွန်းစုမြို့နယ်ရှိ ပျုစောထီးစခန်း တိုက်ခိုက်ခံရပြီး ပျုတစ်ဦး သေဆုံးကာ လက်နက်တစ်လက် သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ထဲ က ပျုစောထီးစခန်း တိုက်ခိုက်ခံရတဲ့ အတွက်သေဆုံးသူတွေ ရှိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းဆီက သိရပါတယ်။