ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး-မူးကားလမ်းပိုင်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်က ဒုတပ်ရင်းမှူး အပါအဝင် (၆) ယောက် သေဆုံးပြီး (၁၆) ယောက် ခန့် ဒဏ်ရာရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ညပိုင်းမှာ တရားဝင်ထုတ်ပြန်ထားပါတယ်။

ကျောက်ကြီးမြို့နယ်ကနေ မူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်းကို စက်တင်ဘာလ (၂) ရက်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့က မြက်ရဲရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ဒုတပ်ရင်းမှူး တစ်ယောက်နဲ့ တပ်ခွဲမှူး တစ်ယောက် အပါအဝင် (၆) ယောက် သေဆုံးပြီး (၁၆) ယောက်ခန့် ထိခိုက်ဒဏ်ရာရှိခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေက သိမ်းဆည်း ရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာတွေ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးခဲ့ပေမယ့် ထိခိုက်သေဆုံးမှု အများအပြားနဲ့ တပ်ပြန် ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။

ကျောက်ကြီး-မူးကားလမ်းပိုင်းကို အကြမ်းဖက်စစ်တပ်က ပြန်လည်ရယူရေးအတွက် လက်နက်ကြီးတွေနဲ့ နေ့စဥ် ပစ်ခတ်နေသလို မြေပြင်စစ်ကြောင်းတွေနဲ့ အဆက်မပြတ် ထိုးစစ်ဆင်နေတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်က လမ်းတစ်လျှောက် ဖြတ်တောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ KNU က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က ကျောက်ကြီး-မူးကားလမ်း တစ်လျှောက် လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ကားလမ်းမဘေး တစ်လျှောက် ရှိ ကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး မိုးတွင်းကာလဖြစ်တာကြောင့် ဘေးဒုက္ခ များစွာ ရင်ဆိုင်ကြုံတွေ့နေရသလို အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကြာအင်းဆိပ်ကြီး အခြေစိုက် ခလရ (၂၈၃) မှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်တပ်လက်အောက်ခံ ခလရ (၂၈၃) က တပ်သားတယောက်ဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာ တယ်လို့ Phoenix - Special Warfare Force က သတင်းထုတ်ပြန်ပါတယ်။
Read More

ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ဧရာဝဏ်ရဲစခန်းဂိတ်ကင်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်၊ ဆေးလိပ်ထွက်သောက်သည့် ရဲ ၁ ဦး နေရာတင် သေပြီး ၂ ဦးဒဏ်ရာရ…

"အခုကာလအခက်အခဲတွေ ကြားတဲ့အတိုင်းပဲ။ ဆိုင်ကယ်တွေ၊ ကားတွေ အစစ်ကြမ်းနေတာ ဒါပေမယ့်လည်း ကျနော်တို့က လုပ်တာပါပဲ။ အဲ့​တော့ပြည်သူတွေအနေနဲ့ ကျနော်တို့နဲ့ ပူးပေါင်းတဲ့အနေနဲ့ စစ်ကောင်စီဂိတ်စခန်းတွေနား မသွားကြပါနဲ့။ တော်လှန်ပြည်သူတွေအားလုံးကျန်းမာကြပါစေ" လို့ Mother Son Yangon Force တာဝန်ရှိသူ ဗိုလ်နိုင် က မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

လေဖိအားနည်းကနေ မုန်တိုင်းအဖြစ် အသွင်ပြောင်းလာနိုင်တာကြောင့် ရက်ပိုင်းအတွင်း မိုးကြီးလေပြင်းတိုက်မှုတွေ ရှိနိုင်

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းကြောင့်ရန်ကုန်အပါအဝင်ပြည်နယ်နဲ့တိုင်းတချို့မှာမိုးကြီးပြီးရေကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်လို့အထူးသတိပြုနေထိုင်ကြဖို့အရပ်ဖက်မိုးလေဝသပညာရှင်တွေကသတိပေးပြောကြားထားပါတယ်။
Read More

“ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” လူထုသပိတ်တိုက်ပွဲကျင်းပ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့၊ မြို့တော်ခန်းမရှေ့မှာ “ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” ခေါင်းစဉ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး မြေပြင်လူထုသပိတ်တိုက်ပွဲကို Free Burma Action Committee-Northern California က လုပ်ဆောင်ခဲ့ပါတယ်။
Read More

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ ကုန်ကျစရိတ်သက်သာစေဖို့ ဆောင်ရွက်နေ

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ အဆင်ပြေလွယ်ကူစေဖို့ ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်း ကြိမ်ခါးကုန်း ကျေးရွာကို စစ်ကြောင်းထိုး သည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး အပါအဝင် ၂၀ ဦး သေဆုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ရန်ကုန်  မန္တလေး လမ်းဟောင်းအနီး ကြိမ်ခါးကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ခဲရာ ဗိုလ်မှူးအဆင့်ရှိသူ (၁)ယောက် အပါအဝင် (၂၀) သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။