ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်တပ်လက်အောက်ခံ ခလရ (၂၈၃) က တပ်သားတယောက်ဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာ တယ်လို့ Phoenix – Special Warfare Force က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၈) ရက် ညပိုင်းမှာ ကြာအင်းဆိပ်ကြီးအခြေစိုက် ခလရ အမှတ် (၂၈၃) ခြေလျင်တပ်ရင်းကနေ တပ်သား အောင်ကိုကိုဟာ စစ်အာဏာရှင် လက်အောက်မှာ  ဆက်လက်တာဝန် မထမ်းဆောင်လိုတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆)၊ တပ်ရင်း (၁၇)၊ တပ်ခွဲ (၂) ဆီ ဆက်သွယ် ခိုလှုံလာခဲ့တာလို့ သိရပါတယ်။

“သူကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့၊ ဖိနှိပ်ညှင်းပန်းချုပ်ချယ်တာတွေကို မကြိုက်လို့ အလင်းဝင် လာတာပါ။ သူက စစ်မှုထမ်းတပ်သားပါ ၂၀၂၂က စစ်မှုထမ်းပါ။ စစ်ကောင်စီကို ပြန်တိုက်ဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။ လောလောဆယ်တော့  ကျွန်တော်တို့ လုံလုံခြုံခြုံ ထိန်းသိမ်း ထားပါတယ်” လို့  Phoenix Special Warfare Force တပ်မှူးထိန်းလင်း က မောင်းကို ပြောပါတယ်။

အောင်ကိုကိုဟာ အလင်းဝင်ရောက်လာတဲ့အခါ  MA-3 သေနတ် (၁) လက်၊ ကျည်ဆန် (၁၂၀) တောင့်နဲ့ ကျည်ဘောက် (၅) ဘောက်တို့ကို တစ်ပါတည်း ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စစ်အာဏာရှင် အဖွဲ့အစည်းကို စွန့်ခွာပြီး အမှန်တရားဘက်မှာ ပြည်သူနဲ့အတူ ပူးပေါင်းရပ်တည်ခဲ့တာကြောင့် ဗိုလ်ကြီး စောအေးစိုးက ဂုဏ်ပြုငွေ ကျပ်သိန်း ၃၀ ကို ပေးအပ်ချီးမြင့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Phoenix Special Warfare Force တပ်မှူးထိန်းလင်း က “နောက်လာမယ့် အလင်းဝင်လိုသူတွေကို လည်း နွေးနွေးထွေးထွေး ကြိုဆိုပြီး Geneva Convention နဲ့အညီ လုံခြုံစွာ ထိန်းသိမ်းထားမယ်လို့  ပြောချင်ပါတယ်၊ စစ်ကောင်စီကို ဘက်ပြောင်းတော်လှန်ချင်တဲ့သူတွေကိုလည်း ကြိုဆိုပါတယ်” လို့ အသိပေးထား ပါတယ်။

လက်နက်နှင့် တကွ အလင်းဝင်ရောက်လာသူ အောင်ကိုကိုအား တွေ့ရစဉ် (ဓာတ်ပုံ Phoenix Special Warfare Force)

0 Shares:
You May Also Like
Read More

လေယာဥ် ဗုံးသီးတွေထုတ်လုပ်ရာ ကပစ၂၁ ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်၊ အရာရှိစစ်သည် ၉ယောက်သေပြီး ဗုံးသီးထုတ် ဂိုဒေါင်တွေ ထိခိုက်ပျက်စီး

အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးအင်အား​စုတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ လေယာဥ်ဗုံးသီးတွေ အချောသတ်ထုတ်လုပ်ရာ ကပစ ၂၁ ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်မှုမှာ စစ်ကောင်စီ အရာရှိစစ်သည် ၉ ယောက် သေပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရွေးကောက်ပွဲဝင်မည့် ပါတီ ၄ ခုကို သတ်မှတ်ပါတီဝင်အရေအတွက်နှင့် ပါတီရုံးခန်း မရှိဟုဆိုကာ UEC ဖျက်သိမ်း၊ ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်သူ များနေသည်ဟု ဆိုခဲ့သည့် ဒေါ်စန္ဒာမင်း၏ NDF ပါတီလည်း ပါဝင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ထုတ်ပယ်ခံထားရတဲ့ ဒေါ်စန္ဒာမင်း ဝင်ရောက်ယှဥ်ပြိုင်မယ့် NDF ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄ ခုကို သတ်မှတ်ပါတီဝင်ဦးရေ မပြည့်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲဝင်ခွင့် ဖျက်သိမ်းလိုက်ပါတယ်။
Read More

ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ရဲ့နေအိမ် ဓါးပြတိုက်မှုမှာ စစ်တပ်ကလက်နက်ထုတ်ပေးထားတဲ့ ပြည်သူ့စစ်တွေ ပါ၀င်နေ

မန္တလေး၊ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ကို ဓားပြတိုက်သူတွေဟာ စစ်ကောင်စီက လက်နက်ထုတ်ပေးထားတဲ့ ပြည်သူ့စစ်တွေဖြစ်နေပြီး ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

Yawland Operation အဖြစ် ဂန့်ဂေါခရိုင်အတွင်း ပျူရွာများနှင့် စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ စစ်အုပ်စုတွေ တပ်စွဲထားတဲ့ ပျူစောထီးရွာတွေနဲ့ စစ်တပ်စခန်းတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်စစ်ဌာနထံက သိရပါတယ်။
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ရဟု ကာလုံ ထုတ်ပြန်

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာအခြေအနေကြောင့် အမှတ်(၂)တပ်မတော် ဆေးရုံမှာ အထူးကြပ်မတ်ကုသမှုခံယူနေရတယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

ကချင်ပြည်နယ်အစပ်ရှိ ကျေးရွာများတွင် SNA တပ် တပ်စွဲထား၊ ရွာထဲရှိ ပြည်သူများကို တပ်သားသစ် စုဆောင်းမှုပြုလုပ်နေ…

“၁ ရက်နေ့ကတည်းစစ်ကြောင်းထိုးတာ ၂ ရက်နေ့မနက်မှ ကျနော်တို့သတင်းရတာ ၊ အဖမ်းခံရတဲ့သူတွေထဲမှာ အသက် ၆၀ ကျော် ဘိုးတော်တွေပါသွားတယ်လို့ ကြားတယ် ရွာထဲမှာတော့ လူကမရှိသလောက်ပါပဲ အခုအဖမ်းခံရတဲ့သူတွေက ရွှေမှော်လုပ်နေတဲ့သူတွေပါသွားတယ်၊ ဆရာတွေကလည်း ရွာထဲက ကလေးတွေကို ဒီလိုမဖြစ်ရလေအောင် ဒီအတိုင်းလေးပဲသင်ပေးတဲ့ဆရာတွေ” လို့ ဗန်းမောက် ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။