မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့မှုဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ က မောင်းသတင်းဌာနကို ပြောပါတယ်။

သြဂုတ်လ ၂၂ ရက် မနက်ပိုင်းက စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ် ရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ရဲတွေကို ဒေါင်းညီ‌နောင်ပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ ကင်းပုန်းက မိုင်းဆွဲတိုက်ခိုက်ရင်း နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါထိတွေ့ပစ်ခတ်မှုဟာ လင်းဇင်းတိုက်နယ် ရဲစခန်းနဲ့ ဘူးခါးကျေးရွာအကြားရှိ သနပ်ခါးခြံ လမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြောက်​ကျားတပ်ဖွဲ့ဝင်တွေရဲ့ မိုင်းကို စစ်အုပ်စု တက်နင်းမိရာကစလို့ ၅ မိနစ်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – ဒေါင်းညီ​နောင်ပြောက်ကျားတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

“အင်အား ၃၀ ကျော်လောက်နဲ့ ဘူးခါးရွာဘက်ကို ထွက်လာတာဗျ။ ကျနော်တို့က ကင်းပုန်းရှေ့မှာ နင်းမိုင်းကင်းတွေ ချထားတာ။ အဲမှာသူတို့က နင်းမိုင်း၁လုံးနင်းမိပြီး ရမ်းသမ်းပစ်တာနဲ့ အပြန်အလှန်ပစ်ခတ်မူ့ဖြစ်ခဲ့တာပါ။ မနက် ၉နာရီ ၄၅မိနစ်လောက်မှာ ထိတွေ့မူ့ဖြစ်တာပါ။ အဲ့နောက်တော့ အလောင်းတွေသယ်ပြီး ရဲစခန်းထဲကို ပြန်ဆုတ်သွားပါတယ်။ ရခ ပခတွေ ထိခိုက်သေဆုံးမူ့ရှိပါတယ်။ ” လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အဲ့ဒီနေ့နေ့လည်ပိုင်းမှာပဲ စလင်းမြို့ကနေရောက်ရှိလာတဲ့လူနာတင်ကားတွေဟာ ရဲစခန်းအထိ လာရောက်ရင်း ထိခိုက်သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို လာ​ရောက်သယ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးအားကောင်းရာ စလင်းမြို့နယ်မှာ လင်းဇင်းတိုက်နယ်ရဲစခန်းဟာ စစ်အုပ်စုအတွက်အရေးပါတဲ့ စခန်းဖြစ်တာကြောင့် တော်လှန်ရေးအင်အားစုတွေက မကြာခဏဆိုသလို သွားရောက်ပစ်ခတ်တိုက်ခိုက်တာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လက်ပံတန်းမြို့နယ်ကို စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲလို့ နေအိမ်ပေါ် တည့်တည့်ကျပြီး ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ ရွှေတန်းမြေတပ်ဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးတွင် စစ်တပ်နှင့်ပေါင်းပြီး အရပ်သားများကို အနိုင်ကျင့်နေသည့် ကျောက်နီမော်ရွာ ပျူစောထီးတစ်ဦးကို ဖမ်းမိခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်း‌လုံးမြို့နယ်မှာ ကျောက်နီမော်ရွာ ပျူစောထီးအဖွဲ့ဝင် ၁ယောက်ကို ဆက်စပ်ပစ္စည်းတွေနဲ့ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း SPECIAL GUERRILLA FORCE အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကြာအင်းဆိပ်ကြီး အခြေစိုက် ခလရ (၂၈၃) မှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်တပ်လက်အောက်ခံ ခလရ (၂၈၃) က တပ်သားတယောက်ဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာ တယ်လို့ Phoenix - Special Warfare Force က သတင်းထုတ်ပြန်ပါတယ်။
Read More

ကိုဗစ်ချေးငွေပြန်မဆပ်သည့် လုပ်ငန်းများကို သတင်းစာမှာ အမည်နှင့်တကွ ကြေညာမည် ဟု စစ်ကောင်စီ ခြိမ်းခြောက်

ကိုဗစ် ချေးငွေတွေကို လက်ရှိအချိန်အထိ ပြန်မဆပ်နိုင်သေးတဲ့ လုပ်ငန်းတွေကို သတင်းစာတွေကတဆင့် ထည့်သွင်းကြေညာတော့မယ်လို့ စစ်ကောင်စီက စီးပွားရေး လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
Read More

တောင်ရင်းရွာဘက် စစ်ကြောင်းထိုးရင်း အထိနာခဲ့တဲ့ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်ကာ ထပ်မံစစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက တောင်ရင်းရွာ၊ ရွာသစ်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အလောင်း၂လောင်းနဲ့ အရှင် ၁ ယောက် ဖမ်းဆီးရမိထားကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မိုးကုတ်မြို့နှင့် နောင်ချိုမြို့တွင် စစ်ကောင်စီတပ် လေကြောင်းမှ ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်ရာ နေအိမ် (၇) လုံး ပျက်စီးဆုံးရှုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ် တိုက်လေယာဉ်နဲ့ ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် (၇) လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။