တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအထွက်မှာ အင်အား ၃၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၉ ရက် မနက်ပိုင်းက လောင်းလုံးမြို့နယ် ပန်းတင်အင်းကျေးရွာအထွက်မှာ အင်အား ၃၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၁၀ နာရီခန့်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်၊ DEF၊ Tavoy People Liberation Force (TPLF)၊ နဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ ဒေါနတပ်ခွဲ (၆) တို့က  ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – ဒူရက စစ်ကြောင်း

0 Shares:
You May Also Like
Read More

သံပြားကာယာဉ် ၄ စီးနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း သံပြားကာယာဉ် ၄ စီးနဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်မှာ Sharr Htoo Waw နည်းပညာသုံး Fixed Wings Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။
Read More

အမရပူရမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဝင်တိုက်တဲ့အတွက် လူ ၂ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း အမရပူရမြို့နယ် ကျောက်စိမ်းဘုရားအနီးရှိ ကောင်းကောင်းနန်းတော်စားဥယျာဉ်လက်ဖက်ရည်ဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဝင်တိုက်ခဲ့တဲ့အတွက် မီးလောင်မှုဖြစ်ပွားပြီး လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ကျားမင်းကြီးကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ယောက်သေပြီး ၇ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ကျားမင်းကြီးကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ‌တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေပြီး ၇ ယောက် ဒဏ်ရာရရှိသွားတယ်လို့ YOUNG WOLF PDF အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့အထွက်က စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ၃ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အထွက်၊ မုံရွာ-မန္တလေးလမ်းမကြီးနဲ့ ချောင်းဦး-ပခုက္ကူလမ်းမကြီး လမ်းဆုံမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းက ဒရုန်း ၂ စီးနဲ့ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Chaung U People's Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

အမေရိကန်သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အီလွန်မက်စ် နာဇီအလေးပြုပုံစံနဲ့ အောင်ပွဲခံ (ရုပ်/သံ)

(၄၇) ဆက်မြောက် အမေရိကန်သမ္မတအဖြစ် တကျော့ပြန် သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အီလွန်မက်စ်က နာဇီအလေးပြုပုံစံနဲ့ အောင်ပွဲခံခဲ့ပါတယ်။
Read More

အမ်း-ပဒါန်းလမ်းမပေါ် စစ်တပ်ရိက္ခာယာဉ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ယောက်ထက်မနည်းသေ (ရုပ်/သံ)

မကွေးတိုင်း အမ်း-ပဒါန်းလမ်းမပေါ်မှာ အင်အား ၅၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ရိက္ခာယာဉ် ၃ စီးကို ဒီဇင်ဘာ ၄ ရက် မနေ့က နေ့လည်ပိုင်းမှာ ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  PRA-Magway တပ်ဖွဲ့ထံက သိရပါတယ်။