မကွေးတိုင်း အမ်း-ပဒါန်းလမ်းမပေါ်မှာ အင်အား ၅၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ရိက္ခာယာဉ် ၃ စီးကို ဒီဇင်ဘာ ၄ ရက် မနေ့က နေ့လည်ပိုင်းမှာ ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  PRA-Magway တပ်ဖွဲ့ထံက သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ယာဉ် ၂ စီး ထိခိုက်ပျက်စီးသွားပြီး အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်သား ၉ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါ တယ်။

နိုဝင်ဘာ ၂၃ ရက်ကလည်း ငဖဲမြို့နယ် ဘုံးဘောရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၉၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ မင်းဘူး ခရိုင်တပ်ရင်း (၂) စတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ အနောက်ပိုင်းတိုင်စစ်ဌာနချုပ် (နပခ-အမ်း) ကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ တပ်ပြေးစစ်သားတွေကို  PRA-Magway က ကင်းပုန်းချ ပိတ်ဆို့ဖမ်းဆီးမှုတွေ ပြုလုပ်လျက်ရှိရာ မြေပြင်မှာ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲမှတ်တမ်းတွေအရ နိုဝင်ဘာနဲ့ ဒီဇင်ဘာပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သား အင်အား ၅၀ ကို PRA-Magway အနေနဲ့ ချေမှုန်းနိုင်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့ ဒေသခံ ၅ ဦးထက်မနည်း သေဆုံးပြီး အယောက်၂၀ ခန့် ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂ဝ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် အထိနာပြီး မြို့တွင်းကို မီးလောင်ဗုံးတွေ ပစ်ခတ်မှုကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီး (ရုပ်/သံ)

ရှမ်း - ကရင်နီပြည်အစပ်မှာရှိတဲ့ မိုးဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ် နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ၄ လကြာတဲ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိတယ် လို့ သိရပါတယ်။
Read More

ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင်မှာ ဝန်းရံတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၂၃ ရက် မနေ့က မနက် ၆ နာရီဝန်းကျင်ခန့်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ စစ်တောင်းမြစ်ဝှမ်း - ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးထံက သိရပါတယ်။
Read More

ဆက်ကြေးတောင်းနေသည့် ရေဦးဂိတ်ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာတောင် ရေဦးဂိတ်မှာ ဆက်ကြေးတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Phoenix Army -TPA က ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော် တပ်ကုန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေလျှံကာ ရေကြီးနေ (ရုပ်သံ)

နေပြည်တော် တပ်ကုန်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေလျှံပြီး ရေကြီးနေကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စလင်းမြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်က အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက ဇန်နဝါရီ ၂၉ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့  သိရပါတယ်။