ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်ဒေသမှာ အပြန်အလှန် စွပ်စွဲမှုတွေနဲ့ နှစ်ဖက်စစ်တပ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်ပြီး ၄ ရက်မြောက် မနေ့က တိုက်ပွဲမှာ ထိုင်းစစ်တပ် ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယားစစ်ဗိုလ်ချုပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

ဇူလိုင်လ ၂၄ ရက်က စတင်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ တိုက်ပွဲဟာ ​ဒီနေ့ အချိန်အထိ ဆက်လက် ဖြစ်ပွားနေပြီး နှစ်နိုင်ငံအကြား စတင်ပစ်ခတ်မှုအပေါ် နှစ်ဖက်အပြန်အလှန် စွပ်စွဲနေကြဆဲဖြစ်ပါတယ်။

မနေ့က ပစ်ခတ်မှုတွေအတွင်း ထိုင်းစစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ကမ္ဘောဒီးယားစစ်တပ်ရဲ့ အမှတ် ၇ စစ်တိုင်း ဗိုလ်ချုပ် Doung Somneang သေဆုံးခဲ့ပါသေးတယ်။

ထိုင်းစစ်တပ်က နယ်စပ်ဒေသတိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့ ကမ္ဘောဒီးယားစစ်သား ၁၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး လူသားချင်းစာနာမှုကို အခြေခံကာ ပြန်လည်ပေးအပ်ခဲ့တာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဖြစ်ပွားနေတဲ့ နယ်စပ်ပဋိပက္ခကို ဖြေရှင်းဖို့ ဇူလိုင် ၂၈ ရက် ဒီနေ့မှာ နှစ်နိုင်ငံခေါင်းဆောင်တွေ မလေးရှားနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမယ်လို့ နှစ်ဘက်အစိုးရက ထုတ်ပြန်ထားပါတယ်။
အမေရိကန်သမ္မတ ထရမ့်က နှစ်နိုင်ငံဝန်ကြီးချုပ်တွေကို ဖုန်းခေါ်ဆိုကာ စေ့စပ်ညှိနှိုင်းပေးခဲ့ပြီး နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေး ဆွေးနွေးမယ်လို့ သဘောတူခဲ့ပေမယ့် မြေပြင်မှာ လက်တွေ့ ဖြစ်မလာသေးဘဲ ဒီနေ့အထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ Khaosod Thailand)

0 Shares:
You May Also Like
Read More

ထိုင်းက လူသားချင်းစာနာမှုအဖြစ် မြန်မာပြည်သူတွေအတွက် ဘတ်ငွေ ၉သန်း လှူဒါန်း

မြန်မာပြည်သူတွေအတွက် ဘတ်ငွေ ၉သန်းလှူဒါန်းမှုကို ထိုင်းအစိုးရက အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Center for Humanitarian Assistance on AHA Center) ကတဆင့် လွှဲပြောင်းပေးအပ်လိုက်ပြီလို့ Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုရန် တရုတ်ကို NUG တိုက်တွန်း၊ မင်းအောင်လှိုင်ကို စစ်ရေးပြအခမ်းအနား ဖိတ်ကြားမှု မြန်မာပြည်သူများ၏ တန်ပြန်တုန့်ပြန်မှုကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေဟု ဆို

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အသိမှတ်ပြုမှု ဆိုင်းငံထားဖို့၊ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုကို ငြင်းပယ်ဖို့နဲ့ စစ်ခေါင်းဆောင်ကို ယာယီသမ္မတလို့ ရည်ညွှန်းကိုးကားနေတာကို ရပ်စဲဖို့ဆိုတဲ့ အချက်တွေ ပါဝင်တဲ့ တိုက်တွန်းစာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

အမေရိကန် အာမခံကုမ္ပဏီ Chubb မြန်မာကနေ ထွက်ခွာတော့မည်

အမေရိကန်အခြေစိုက် ကမ္ဘာ့ထိပ်တန်းအာမခံလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Chubb Life Insurance အာမခံကုမ္ပဏီဟာ မြန်မာနိုင်ငံရှိ ၎င်းတို့ရဲ့ လုပ်ငန်းတွေကို အပြီးတိုင်ပိတ်သိမ်းပြီး ထွက်ခွာရန် စီစဉ်နေပြီလို့ သိရပါတယ်။ ၁၇၉၂ ခုနှစ်ကတည်းက နိုင်ငံပေါင်း ၅၄ နိုင်ငံမှာ ဝန်ထမ်းအင်အား သုံးသောင်းကျော်နဲ့ လည်ပတ်နေတဲ့ Chubb ဟာ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက မြန်မာနိုင်ငံမှာ အသက်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
Read More

ကရင် BGF အမည်ပြောင်း KNA ခေါင်းဆောင် စောချစ်သူနှင့် သားနှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အမည်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် KNA ကို အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ပြီး KNA ခေါင်းဆောင် စောချစ်သူနဲ့ သားနှစ်ယောက်ကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ ၆၈၀၀ ကျော် သေဆုံးကာ ၂၂၀၀၀ ကျော် အကြောင်းပြချက်မရှိ ဖမ်းဆီးခံထားရဟု NUG ဝန်ကြီးဒေါ်ဇင်မာအောင် ပြော

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ (IPU) ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ ၆၈၀၀ ကျော်သေဆုံးပြီး ပြည်သူ ၂၂၀၀၀ ကျော် အကြောင်းပြချက်မရှိ ဖမ်းဆီးခံထားရတယ်လို့ ပြောဆိုခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“အတုအယောင်” ရွေးကောက်ပွဲအပေါ် မြန်မာစစ်အုပ်စု၏ ထုတ်ပြန်ချက်ကို မလေးရှားမူဝါဒအဖွဲ့များ အပြစ်တင် အာဆီယံကို အသုံးချခံမဖြစ်စေရန် မလေးရှားအစိုးရကို သတိပေး

အာဏာသိမ်းစစ်အုပ်စု၏ ဝါဒဖြန့်နေချက်နှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စစ်အုပ်စုရဲ့ အသုံးချခံမဖြစ်ဖို့နဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မူအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့ မလေးရှားပညာရှင်တွေနဲ့ မူဝါဒကျွမ်းကျင်သူတွေက အောက်တိုဘာလ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။