မြန်မာပြည်သူတွေအတွက် ဘတ်ငွေ ၉သန်းလှူဒါန်းမှုကို ထိုင်းအစိုးရက အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Center for Humanitarian Assistance on AHA Center) ကတဆင့် လွှဲပြောင်းပေးအပ်လိုက်ပြီလို့ Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီအဖြစ် ဘတ်ငွေ ၉သန်းကို အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာကတဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က လွှဲပြောင်းပေးအပ်လိုက်ခြင်း ဖြစ်ပါတယ်။
အခု ကူညီထောက်ပံ့မှုဟာ မြန်မာနိုင်ငံထဲက ထိခိုက်ခံစားခဲ့ရသူတွေကို ကူညီဖို့ ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းမှုတွေထဲက တစ်ခုဖြစ်သလို လိုအပ်သူတွေကို ခွဲခြားမှုမရှိဘဲ ပေးအပ်တဲ့အကူအညီဖြစ်ပြီး လက်လှမ်းမှီဖို့ခက်ခဲတဲ့ ဒေသတွေက ထိခိုက်ခံစားရသူတွေထံ ရောက်ရှိဖို့ မျှော်လင့်တယ်လို့ ထိုင်းအစိုးရက ဆိုပါတယ်။
ထိုင်းအစိုးရဟာ ၂၀၂၄ ခုနှစ် မတ်လကလည်း စစ်​ကောင်စီလက်​​အောက်ခံ မြန်မာနိုင်ငံကြက်​ခြေနီအသင်းကတဆင့် စစ်​ဘေး​ရှောင်တွေအတွက် အကူအညီတွေ ပေးအပ်ခဲ့ပါသေးတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းမှုအပြီး ထိုင်းအစိုးရဟာ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းကို ပံ့ပိုးဖို့ အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀(ဘတ် ၁၅.၇၅ သန်း) ပေးအပ်မှုတွေ ပြုလုပ်ခဲ့ပြီး အခုလို ကူညီပံ့ပိုးမှုဟာ ၃ကြိမ်မြောက်အထိ ရှိသွားပြီလို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

“ဝ” ထိန်းချုပ်ဒေသတွင်း ရွှေတူးဖော်မှုများကြောင့် ဒေသတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှု အပါအဝင် နယ်စပ်ဖြတ်ကျော်ကိစ္စများ ထိုင်းနှင့် စစ်ကောင်စီတို့ ဆွေးနွေးဟု ဆို

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသား ၃,၅၀၀ ဦးကို အဓမ္မပြန်ပို့မှုက လူကုန်ကူးမှုကျူးလွန်ခြင်းဟု Fortify Rights ထုတ်ပြန်

ထိုင်းအာဏာပိုင်တွေက အကြမ်းဖက် မြန်မာစစ်အုပ်စုအရာရှိတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသား ၃,၅၀၀ ကျော်ကို အဓမ္မပြန်ပို့မှုဟာ လူကုန်ကူးမှုကျူးလွန်ခြင်းဖြစ်တယ်လို့ Fortify Rights အဖွဲ့က မနေ့က ထုတ်ပြန်လိုက်ပါတယ်။ အစီရင်ခံစာအရ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ထိုင်းအရာရှိနဲ့ အကြမ်းဖက်စစ်အုပ်စုအရာရှိတွေ ပူးပေါင်းပြီး ရနောင်း - ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသား ၃,၅၀၀ ဦးကို အတင်းအဓမ္မပြန်ပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ ဖြစ်တယ်လို့ ဘန်ကောက်မှာ ပြုလုပ်တဲ့ မြန်မာ့အရေးအာဆီယံ ၉ နိုင်ငံ ရဲ့ အလွတ်သဘောအစည်းအဝေးအပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာကရစ်ရှနန် က ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် ဂျပန် ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို NUG ကိုယ်စားလှယ် တက်ရောက်

ဂျပန်နိုင်ငံမှာ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ် ဦးစောဘလှသိန်းနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ကမ္ဘာ့နိုင်ငံများ၏ လျစ်လျူရှုမှုများကြား မြန်မာစစ်တပ်၏ ဆေးရုံကိုဗုံးကျဲတိုက်ခိုက်ခဲ့မှုက ရွေးကောက်ပွဲဆိုင်ရာ မငြိမ်သက်မှုများကို ပိုမိုပြင်းထန်စေပြီး ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေဖွယ်ရှိ

“စစ်တပ်ဟာ ရွေးကောက်ပွဲနေ့မတိုင်မီ နယ်မြေတွေသိမ်းပိုက်ဖို့ အသည်းအသန် ကြိုးပမ်းနေတာဖြစ်တယ်” လို့ သူမက ဆိုပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ ဒေသတွင်း မိတ်ဖက်တွေကို သူတို့အင်အားပြသဖို့နဲ့ မဲဆန္ဒရှင်ပြည်သူတွေကို “ခြိမ်းခြောက်ဖို့” ရည်ရွယ်တာလို့လည်း သူမက ထပ်ပြောပါသေးတယ်။ “ဆေးရုံကို ဗုံးကြဲတာဟာ ရွေးကောက်ပွဲနဲ့ အလွန်နီးကပ်တဲ့အချိန်မှာ ဖြစ်ပွားခဲ့တယ်ဆိုတာက မြန်မာပြည်သူတွေရဲ့ဆန္ဒကို စစ်အုပ်စုက လုံးဝ လျစ်လျူရှုထားတာကို ပြသနေတာပဲ ဖြစ်တယ်" လို့လည်းဆိုပါတယ်။
Read More

ရိုဟင်ဂျာ ၄၀ ကျော်ကို ပင်လယ်ထဲပစ်ချခဲ့သည်ဟု အိန္ဒိယအာဏာပိုင်များ စွပ်စွဲခံရ

လူ့အခွင့်အရေးရုံးက ဒါဟာ “အသိစိတ်မရှိတဲ့၊ လက်မခံနိုင်စရာ လုပ်ရပ်တွေပဲ” လို့ ဆိုထားပြီး ဒီအပေါ် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ယောက် ခန့်ထားတယ်လို့ ကြာသပတေးနေ့ထုတ်ပြန်ချက်ထဲ ဖော်ပြပါတယ်။ ဒါ့အပြင် “ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံက အန္တရာယ်ရှိတဲ့ အခြေအနေတွေထဲ ပြန်ပို့တာအပါအဝင် လူမဆန်စွာနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ ဆက်ဆံမှုမျိုးတွေ ရှောင်ရှားဖို့” ကုလသမဂ္ဂအေဂျင်စီက အိန္ဒိယအစိုးရကို တိုက်တွန်းထားပါတယ်။