”ဥက္ကဌအပါအဝင် လူ ၄ ဦးနဲ့အတူ ပေါ်တာလာဆွဲတာပါ။ ကျွန်တော်ကို လာဖမ်းပြီး နတ်မောက်အချုပ်ထဲမှာ အဖမ်းခံရပါတယ်။ အချုပ်ထဲကနေပြီးတော့ မကွေး ၃၁၇ စုဆောင်းရေးထဲကို ပို့ပါတယ်။ စုဆောင်းရေးမှာ ၁ လနီးပါးနေပြီးတော့ ရှမ်းပြည်နယ် ဟိုပုန်းသင်တန်းကျောင်းကို အပို့ခံရ ပါတယ်။ အခက်အခဲကတော့ အများကြီးပါပဲ။ ကိုယ်မှာစိတ်မပါတာ။ ကျွန်တော်ဒီအလုပ်တွေကို လုံးဝမလုပ်ချင်ခဲ့ပါဘူး”

0 Shares:
You May Also Like
Read More

ဗျူဟာစခန်းသိမ်းတိုက်ပွဲတစ်ခုမှာ လက်နက်ချခဲ့တဲ့ စစ်ဆင်​ရေး (G-3) အဆင့်ရှိ ဗိုလ်ကြီး ​အောင်ကိုကို (ရုပ်/သံ)

“ကျနော်တို့လက်နက်ချလိုက်တော့မယ်၊ တပည့်တွေအခြေအနေမကောင်းတော့ဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျနော်တို့ကို သတ်မှာလား၊ ဒါမှမဟုတ် ထိုးကြိတ်နှိပ်စက်မှာလားပေါ့၊ အဲဒီ သံသယဝင်တယ်။ ကျနော်တို့ တိုင်ပင်တယ်... တိုင်ပင်ပြီးတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။
Read More

စစ်ကောင်စီတပ်သား အယောက် ၂၀ ကျော် ခေါ်ဆောင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တဲ့ ဗိုလ်မှူး အောင်ကိုထွေးရဲ့ ပြောကြားချက် (ရုပ်/သံ)

ချင်းပြည်နယ်မှာ အခု ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိသူ ၂ ယောက် အပါအဝင် ၆၁ ယောက် ပလက်ဝ (CDF) ကတဆင့် ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့ထံက သိရပါတယ်။
Read More

ခြေတစ်ဖက် စွန့်ခဲ့ရပေမယ့် ဧရာဝတီကိုပြန်ပြီး ကြမ်းဖို့ ရည်ရွယ်ချက်နှင့် ဧရာဝတီသား ရဲဘော်အောင်ဟိန်း (ရုပ်/သံ)

"ခြေထောက်ပြတ်တဲ့ကိစ္စက ကျနော်က စစ်တပ်ရဲ့ M14 မိုင်းကိုနင်းတာ၊ ကျွန်တော် ဘာခံစားရလဲဆိုတော့ ကျနော့်စိတ်က ဧရာဝတီမှာပြန်ပြီးတော့ ကြမ်းဦးမှာ၊ ဧရာဝတီမှာရှိတဲ့ 6ခွးတွေကို ကျနော်ပြန်သတ်ဦးမှာ ကျနော်ပြန်ပြီးတော့ လုပ်ဦးမှာ။ အဲဒါ့ကြောင့်မို့လို့ ကျနော် တပ်မဟာ ၆ ကနေ ၅၊ ၅ ကနေပြီးတော့ ဧရာဝတီနဲ့နီးပါတယ်ဆိုတဲ့ ပဲခူးထိကို ကျနော် ပြန်ဆင်းတယ်။ ရောက်အောင်ပြန်သွားခဲ့တယ်။ အဲ့ကနေတဆင့် ဧရာဝတီကို ပြန်ဝင်မယ်ပေါ့"
Read More

မုံရွာခရိုင် အမှတ်(၁) တပ်ရင်းထံ ပြည်သူ့စစ် ၂ ဦး အလင်းဝင် (ရုပ်/သံ)

တပ်မ ၆၆ လက်အောက်ခံ၊ ခမရ (၄) က အလင်းဝင်လာတဲ့ ပြည်သူ့စစ် ၂ ယောက်နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ရုပ်သံဖိုင်ကို မုံရွာခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

ဓမ္မကို လိုချင်လို့ လက်နက်စွဲကိုင်နေတဲ့ အမျိုးသမီး သို့မဟုတ် ရဲဘော် မိုင်းမိုင်း (ရုပ်/သံ)

နွေဦးတော်လှန်ရေးမှာ အမျိုးသမီးထုရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ နောက်တန်းကနေ အားဖြည့်ပေးသူတွေရှိသလို ရှေ့တန်းအထိ တက်တိုက်နေတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။
Read More

သူငယ်ချင်းဖြစ်သူ ဘီယာသောက်ဖို့ ခေါ်ဆောင်ရာကနေ စစ်ကောင်စီတပ်ထံ ရောင်းစားခံခဲ့ရသည့်တပ်သား နေသူရမျိုး (ရုပ်/သံ)

စစ်ကောင်စီတပ်သား နေသူရမျိုးဟာ အာရက္ခတပ်တော် (AA)ထံ ဇူလိုင် ၂၇ ရက်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။