နွေဦးတော်လှန်ရေးမှာ အမျိုးသမီးထုရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ နောက်တန်းကနေ အားဖြည့်ပေးသူတွေရှိသလို ရှေ့တန်းအထိ တက်တိုက်နေတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကနေ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး လက်နက်ကိုင်လမ်းစဉ်အထိ လိုက်ပါလာတဲ့ အမျိုးသမီးရဲဘော် မိုင်းမိုင်းက သူ့ရဲ့အသက်ဘေးကြုံခဲ့ရတဲ့ တိုက်ပွဲအကြောင်းအပါအဝင် အမျိုးသမီးတစ်ယောက်ရဲ့ လက်နက်ကိုင်တော်လှန်ရေး အတွေ့အကြုံတွေကို ပြောပြထားပါတယ်။