ပဲခူးတိုင်း၊ ပေါက်ခေါက်းမြို့နယ်က စစ်ကောင်စီတပ်သား ၂ယောက်ဟာ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ 

အဆိုပါ စစ်ကောင်စီတပ်သား ၂ယောက်ဟာ ပေါက်ခေါင်းမြို့နယ် ခလရ ၅၃ တပ်က ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်ရှိ ၃၆၀၁တပ်ရင်းထံ ခိုလှုံလာခဲ့တာပါ။

“ကျနော်တို့ကို ကြိုတင်ချိတ်ထားတာတော့ မရှိပါဘူး။ သူတို့က အလင်းဝင်မယ်ဆိုပြီးမှာ ရိုးပေါ်ကို ထွက်ပြေးလာတာ အဲ့မှာကျနော်တို့နဲ့တွေ့တာ” လို့  ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က မောင်းကို ပြောပါတယ်။ 

သူတို့ ၂ယောက် အလင်းဝင်ရောက်လာချိန်မှာတော့ MA4 (၁)လက်၊ MA3 (၁)လက်၊ 5.56ကျည် (၃၈၄)တောင့်၊ 40mmဗုံးသီး (၁၆)လုံး၊ လက်ပစ်ဗုံး (၁)လုံး၊ ကျည်ဘောက် (၈)ဘောက်တို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။ 

သူတို့ ၂ယောက်ထဲက ၁ယောက်ဟာ လုပ်သက် ၁၉ နှစ်ရှိတဲ့ စစ်သားဖြစ်ပြီး ကျန်တဲ့ ၁ယောက်ကတော့ စစ်မှုထမ်းကာလကျမှ စစ်တပ်ထဲရောက်လာသူ ဖြစ်တယ်လို့ ကနဦး သိရပါတယ်။

အခုလို အလင်းဝင်လာသူ ၂ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းက ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၇၀)အပြင် ပြည်သူတွေကလည်း ငွေကျပ် (၁၀)သိန်း ဂုဏ်ပြုချီးမြှေက်ခဲ့တယ်လို့ သိရပါတယ်။ 

“သူတို့ ၂ဦးကတော့ စစ်ကောင်စီကို ကျနော်တို့နဲ့အတူ ပူးပေါင်းပြီးတော့ ပြန်တိုက်မယ်လို့ ပြောထားပါတယ်” လို့ ရဲဘော် Shadow က ဆက်ပြောပါတယ်။ 

၃၆၀၁ တပ်ရင်းအနေနဲ့ နောက်ထပ်လည်း အမှားသိပြီး အမှန်မြင်ကာ အလင်းဝင်ရောက်လာမယ့်သူတွေကို ထိုက်တန်စွာ ချီးမြှင့်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်၊ စစ်အုပ်စု ၂၀ ဦးခန့် သေဆုံးပြီး ၁ ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO အဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်က အယောက် ၂၀ ခန့် သေဆုံးပြီး ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘားအံ ဂေါက်ကွင်းမှာ စစ်ကောင်စီ ခေါင်းဆောင်အချင်းချင်း လုပ်ပိုင်ခွင့်ကိစ္စပြောဆိုရင်း ထိုးကြိတ်မှု ဖြစ်ပွါးခဲ့

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေး ဂေါက်ကွင်းမှာ ဂေါက်ရိုက်နေတဲ့ အရှေ့တောင်ပိုင်းတိုင်း ဒုတိုင်းမှူးနဲ့ စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်တို့ လုပ်ပိုင်ခွင့် အငြင်းပွါးရင်း ထိုးကြိတ်မှု ဖြစ်ခဲ့တယ်လို့ ဂေါက်ကွင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ရေကြည်မြိ့၊ အမတ ၃၄၄ တပ်ထဲမှာ အရေးပေါ်လေယာဉ်ကွင်း ဆောက်လုပ်နေ…

ရခိုင်ပြည်နယ်၊ အမ်းမြို့က စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ရက္ခိုင့်တပ်တော် AAက ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်နေစဥ်ကာလမှာပဲ၊ ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာရှိတဲ့ အမြှောက်တပ် ၃၄၄ တပ်ရင်းထဲမှာ အရေးပေါ်လေယာဉ်ကွင်းငယ်တစ်ခု ဆောက်လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
Read More

ဝမ်းတွင်းနှင့် စလင်းတွင် စစ်အုပ်စု အရပ်သားများကို ဆိုးဆိုးရွားရွား ပေါ်တာဆွဲကာ ပြန်ပေးဂိုဏ်းသဖွယ် ငွေညှစ်အနိုင်ကျင့်နေ

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်နဲ့ မကွေးတိုင်း စလင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ရွာစဥ်လိုက် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်ရင်း အရပ်သားတွေကို ပြန်ပေးဆွဲဂိုဏ်းသဖွယ် ငွေညှစ်အနိုင်ကျင့်နေကြောင်း ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သပိတ်ကျင်း ဇရပ်ကွင်းရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာက စာသင်ကျောင်းကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တင်ဘာ ၉ရက် မနေ့ နေ့လယ် ၁နာရီခွဲမှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။