ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရတဲ့ မဇွန်ပွင့်လှိုင် လွတ်မြောက်သွားမှုအတွက် ကာယကံရှင်နဲ့ ကယ်ထုတ်ခဲ့သူတွေကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁ရက်၊ မနေ့ညက နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရသူ မဇွန်ပွင့်လှိုင် လွတ်မြောက်သွားမှုမှာ ဒုရဲအုပ်ဖွဲ့တွေကို ပစ်ခတ်ပြီး ကြားဖြတ်ခေါ်ဆောင်သွားခဲ့သူတွေနဲ့ ကာယကံရှင် မဇွန်ပွင့်လှိုင်တို့ကို ဇူလိုင် ၂ရက် ဒီနေ့မနက်ပိုင်းမှာပဲ ဖမ်းဆီးရမိခဲ့ပြီလို့ စစ်ကောင်စီထောက်ခံတဲ့ သတင်းချန်နယ်တွေမှာ ဖော်ပြကြပါတယ်။

ကာယကံရှင် မဇွန်ပွင့်လှိုင်နဲ့ အမျိုးသား ၅ယောက်ကို သန်လျင်မြို့နယ်၊ ဘောသပြေကန် ကျေးရွာအနီး၊ ကား ၁စီးပေါ်ကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လက်နက်တွေပါ သိမ်းဆည်းရမိထားတယ်လို့လည်း ပုံနဲ့တကွ ဖော်ပြရေးသားနေကြတာ ဖြစ်ပါတယ်။

ဇူလိုင် ၁ရက်၊ မနေ့ည ၇နာရီကျော်အချိန်မှာ နိုင်ငံရေးပုဒ်မ ၅၀ (ည) နဲ့ ဖမ်းဆီးခံထားရတဲ့ မဇွန်ပွင့်လှိုင်ကို လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်းကတဆင့် လှိုင်သာယာဆေးရုံဆီ အရေးပေါ်ဆေးခန်းပြသဖို့ ခေါ်ဆောင်လာချိန် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ ၊ မင်းကြီးမဟာမင်းခေါင်လမ်းထိပ်အရောက်မှာ လူ ၂ယောက်က ရုတ်တရက် သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ရင်း မဇွန်ပွင့်လှိုင်ကို ကယ်ထုတ်သွားခဲ့တာ ဖြစ်ပါတယ်။

ပုံစာ – စစ်ကောင်စီထောက်ခံသည့် ချန်နယ်များတွင် ဖော်ပြနေကြသည့် ဖမ်းဆီးရမိခဲ့သူများ

အဲ့ဒီပစ်ခတ်မှုအတွင်း မဇွန်ပွင့်လှိုင်ကို ခေါ်ဆောင်လာတဲ့ ဒုရဲအုပ် ၁ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး နောက်ထပ် ဒုရဲအုပ် အမျိုးသမီး ၁ယောက်လည်း ပုခုံးကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအပြီး အခင်းဖြစ်တဲ့ နေရာတစ်ဝိုက်နဲ့ လှိုင်သာယာအထွက် အောင်ဇေယျတံတား၊ ဘုရင့်နောင်တံတားတို့မှာ စစ်ကောင်စီက စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ခဲ့တယ်လို့လည်း သိပါတယ်။

“မနေ့ည ဖြစ်စဉ် ပြီးပြီးချင်းကနေ ဒီနေ့ မနက်ထိ ဒီကောင်တွေ(စစ်တပ်) ရန်ကုန်တစ်မြို့လုံးကိုပိတ်ပြီး စစ်နေတာဗျ။ အဝင်အထွက်ဂိတ်တွေ၊ တံတားတွေကနေ အဓိက စောင့်ပြီး လိုက်တာ။ ပထမဦးစားပေးအနေနဲ့ ချက်ချင်း အမိဖမ်းဖို့ လိုက်လို့ မိသွားတာလို့ ထင်ပါတယ်”လို့ Rangoon Scout Network တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

NUG အစိုးရက ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့တယ်လို့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ကင်းစောင့်ရင်း ဖုန်းသုံးနေတဲ့ စစ်ကောင်စီတပ်သား ၁ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးနိုင်ခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ Myingayn Black Tiger (MBT)တပ်ဖွဲ့၊ အမှတ် - ၁ စစ်ဆင်ရေး ရဲဘော်တွေ ကင်းပတ်စစ်ဆေးရေး ဆောင်ရွက်စဉ် စစ်ကောင်စီတပ်သား တစ်ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိခဲ့တယ်လို့ MBT တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်( ၃/၂၀၂၄) ရဲ့ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

မတ္တရာမှာ စစ်ကောင်စီက အရပ်သားကျေးရွာထဲ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာဦးစေတီပြိုကျပျက်စီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်အုပ်စုတွေ ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် စစ်ကောင်စီက အရပ်သားကျေးရွာတွေထဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ရာ သုံးဆယ်ပေး ရွာဦးစေတီတော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ The Voice Of Wetlet Madayar အဖွဲ့က မောင်းကိုပြောပါတယ်။
Read More

ရွှေဘိုတွင် စပါးရိတ်စက်များ လာလုသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၄ဦးသေ၊ ပစ္စည်းများအား ပိုင်ရှင်ထံ ပကဖများ ပြန်အပ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အရပ်သားတောင်သူတွေ​ဆီက စပါးရိတ်စက်တွေ လုယူသယ်ဆောင်နေတဲ့ စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သားနဲ့ပျူစောထီး ၄ယောက်သေဆုံးကာ စပါးရိတ်စက် ၁စီးကို တောင်သူတွေထံ ပြန်ပေးနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်မြို့လယ်တွင် အတုအယောင်ရွေးကောက်ပွဲ မဲမပေးရေး “NO VOTE” စာတန်းကိုင်ဆောင် ဆန္ဒပြ

ရန်ကုန်မြို့လယ်က ဒဂုံမြို့နယ်အတွင်းမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က "NO VOTE" စာတန်းကိုင်ဆောင်ကာ အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။