အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့တယ်လို့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ရဲဘော်တွေဟာ နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းအားလုံးမှာ တိုက်ပွဲဝင်နေရာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသုံးစရိတ်တွေကို သုံးစွဲခဲ့တာဖြစ်ပြီး မဟာမိတ်တော်လှန်ရေး အဖွဲ့တွေကို မျှဝေထောက်ပံ့တဲ့ရံပုံငွေတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလဖြစ်တဲ့အတွက် လက်နက်ခဲယမ်း မီးကျောက်ရရှိရေးနဲ့ ဘဏ္ဍာရံပုံငွေရရှိရေးမှာ လိုအပ်ချက်နဲ့ စိန်ခေါ်မှုတွေ ရှိပေမယ့် တော်လှန်လူထုရဲ့ ပူးပေါင်းပါဝင်ထောက်ပံ့မှု၊ မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဝန်းရံကူညီမှုနဲ့ ရင်ဆိုင်ဖြေရှင်း ကျော်လွှားနေတယ်လို့ NUG အစိုးရရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပုံအဟောင်းတွေကို အသုံးပြုထားပါတယ်။
0 Shares:
You May Also Like
Read More

Southern Eagle PDF က ရဲဘော်တွေရဲ့ သီတင်းကျွတ်ကာလ ဖြတ်သန်းမှု ပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF က ရဲဘော်တွေ သီတင်းကျွတ်အခါသမယကို ဆင်နွှဲနေတဲ့ မြင်ကွင်းတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပုသိမ် စစ်သင်တန်း လေ့ကျင်ရေးကျောင်းကနေ ရှမ်းပြည်အပို့ခံရတဲ့ အပတ်စဉ် ၅ စစ်သင်တန်းသား ၈ ယောက် မိုင်းထိ သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ စစ်ကူပို့ပေးရာ ဂိတ်နှစ်ခုကို တော်လှန်ရေးတပ်များ ပြောက်ကျားဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၁၀ ယောက် ထက်မနည်းသေ

စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပိုင်းမြောက်ဘက်ခြမ်းက ထိတွေ့တိုက်ပွဲတွေအတွက် စစ်ကောင်စီရဲ့ စစ်ကူ တပ်တွေရှိရာ စစ်ကိုင်းတက္ကသိုလ်ရှေ့က စစ်တပ်ဂိတ်နဲ့ ကံတလူဂိတ်တို့ကို တစ်ပြိုင်နက်တည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီအတွက် လောင်စာဆီတွေ ထောက်ပံ့နေတဲ့ Interra Resources ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း (SGX) ရပ်ဆိုင်း

စစ်ကောင်စီကို လောင်စာဆီတွေ ထုတ်လုပ်ထောက်ပံ့ပေးခဲ့တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီ Interra Resources ကို စင်ကာပူစတော့အိတ်ချိန်း (SGX) က ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ 
Read More

စစ်ကောင်စီရဲ့ အောင်ဇေယျ ရှေ့တန်းစခန်းကို ဝင်ရောက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာ ရရှိ

မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ အောင်ဇေယနာမည်နဲ့ စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ရဲ့ ယာယီစခန်းတစ်ခုကို ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်တက်ခဲ့တဲ့ အားကစားပွဲတွေက AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဂုဏ်ပြုနေတာလား…

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ရခိုင်ပြည်နယ်အတွင်းက မြို့တွေကို တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်နေချိန်မှာ၊ တိုင်းပြည်ကို အေးချမ်းနေသယောင် ဖန်တီးလိုတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ AA တပ်တွေကို ဂုဏ်ပြုနေသလားလို့ မေးခွန်းထုတ်ရလောက်အောင် ပျော်ပွဲရွှင်ပွဲတွေကို အဆက်မပြတ် တက်ရောက်နေပါတယ်။