ပဲခူးတိုင်း၊ သာယာဝီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်တပ်ကို သတင်းပေးလုပ်ဆောင်နေတဲ့ ကိုမိုး ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆၊ Black Dragon (GBK-PDF) က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၂၀ရက်နေ့ ညနေ ၄နာရီဝန်းကျင်မှာ ကြို့ပင်ကောက်မြို့နယ်၊ မှန်ပင်ထူးအုပ်စု၊ မှန်ပင်ထူး ကျေးရွာမှာ နေထိုင်နေတဲ့ စစ်တပ်သတင်းပေးဆိုသူ ကိုမိုးကို ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

“လူငယ်တွေကို PDF တွေပါဆိုပြီး ကိုမိုးက သတင်းပေးတိုင်လို့ လူငယ်တွေ ရှောင်နေရတယ်။ ရွာမှာဆို စခတွေနဲ့ပေါင်းပြီး ပြည်သူတွေကို ခြိမ်းခြောက်တယ်။ တော်လှန်ရေးအဖွဲ့တွေ ရိုးမထဲက ဆင်းလာတာမြင်ရင် ဗီဒီယို ခိုးရိုက်ပြီး စခဆီ သတင်းပို့တယ်။ ပြည်သူတွေ ခဏခဏလာတိုင်နေလို့ ကျနော်တို့ စုံစမ်းတော့ သူတို့ တိုင်ကြားတာထက် ဆိုးနေတာ။ ကိုမိုးကို ကျနော်တို့ ရှင်းလိုက်တဲ့အတွက် ပြည်သူတွေ တော်တော် ဝမ်းသာနေကြတယ်။ သူ့ကြောင့် ပြည်သူတွေလည်း အနေကြပ်အသွားကြပ်ဖြစ်နေတာ” လို့ Black Dragon အဖွဲ့မှ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

ကိုမိုး ဟာ တော်လှန်ရေးရဲဘော်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို ဖုန်းနဲ့ မှတ်တမ်းရိုက်ယူကာ စစ်ကောင်စီထံ ပေးပို့တာတွေ၊ ဒေသခံ လူငယ်တွေကို  PDF တွေဟုဆိုကာ စစ်ကောင်စီထံ မမှန်သတင်းပေးပြီး  ဖုန်းဆက်တိုင်ကြားတာတွေ၊ ဒေသခံပြည်သူတွေကိုလည်း စစ်ကောင်စီနဲ့ ပေါင်းကာ အနိုင်ကျင့် နေတာတွေကြောင့် အခုလို အရေးယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

Black Dragon (GBK-PDF) တပ်ဖွဲ့အနေနဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်တွေအပြင် စစ်ကောင်စီထောက်တိုင်တွေကိုပါ အရှိန်မြှင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်တွေအနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြဖို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမှာ ပေါ်တာဆွဲဖို့လုပ်နေတဲ့ စစ်​အုပ်စုလှည့်ကင်းကား ပစ်ခတ်တိုက်ခိုက်ခံရ၊ ရဲနဲ့ စစ်သား ၄ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖို့ကင်းလှည့်နေတဲ့ စစ်အုပ်စုကားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ရဲနဲ့စစ်သား ၄ယောက် သေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်း တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ရေး သတင်းပေါက်ကြားမှုကို ထိန်းချုပ်နိုင်ဖို့ အခပေး Starlink အသုံးပြုခွင့်ကို တစ်လပိတ်ပင်…

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ရေးသတင်းတွေပေါက်ကြားမှုမရှိစေဖို့ အခကြေး ငွေယူပြီးအသုံးပြုခွင့်ပေးထားတဲ့ Starlink Wifi လိုင်းတွေကို ပိတ်ပင်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးအဖွဲ့က စာထုတ်ပြန်ထားပါတယ်။ NUG ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသရုံးရဲ့အကြောင်းကြားစာအရ…
Read More

ငလျင်ဘေးသင့်နေလည်း စစ်ဆက်တိုက်မည်ဟု မင်းအောင်လှိုင် ခြိမ်းခြောက်

ငလျင်ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက် တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့များ တွေ့ဆုံကာ နိုင်ငံတကာ သံတမန်အခင်းအကျင်းအကြောင်း ဆွေးနွေးရှင်းပြ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့တွေ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်လွှတ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရိက္ခာထုပ် ထွက်ကောက်တဲ့ ပျူတွေ တိုက်ခိုက်ခံရပြီး ၂ ယောက် သေ၊ ၄ ယောက် ဒဏ်ရာရ

ကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီ လေယာဥ်က ချပေးတဲ့ ရိက္ခာထုပ်ထွက်ယူတဲ့ ကန်နီရွာ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ယောက် သေဆုံးကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 
Read More

ပေါင်းတည်တွေ တိုက်ပွဲမှ ဆုတ်ခွာနေသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ထပ်မံသေဆုံးမှုများရှိဟု ဆို

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ကျေးရွာနဲ့ မအူကွင်းကျေးရွာကြားမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဆုတ်ခွာနေတဲ့ စစ်ကောင်စီတပ်သားတွေကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ထပ်မံသေဆုံးမှုတွေ ရှိတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်း က သတင်းထုတ်ပြန်ထားပါတယ်။