ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု တပ်စွဲရာဂိတ် စခန်းတွေကို မြေပြင်ရော ဝေဟင်ကပါ ဝင်ရောက်တိုက်ခိုက် ရှင်းလင်းနိုင်ခဲ့တယ်လို့ တောကျီးကန်းတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့ မနက်အစောပိုင်းကညောင်လေးပင်မြို့နယ်၊ ထိန်တပင်နဲ့ ကလိမ်ခင်ကျေးရွာတွေမှာရှိတဲ့ အကြမ်းဖက်ဂိတ်စခန်းတွေကို ဗျူဟာ (၂၆) လက်အောက်ခံတပ်ရင်းတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ အဲ့ဒီကျေးရွာ ၂ ရွာကြားက စစ်တပ်ဂိတ်စခန်းတွေနဲ့ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်က ရဲကင်းစခန်းတွေကို မြေပြင်ရော ဝေဟင်က​ပါ ဒရုန်းတွေနဲ့ တိုက်ခိုက်ရှင်းလင်း နိုင်ခဲ့တဲ့အပြင် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ လည်း လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“ကလိမ်ခင်ဂိတ်ကို ဒရုန်းနဲ့အရင်တိုက်ခိုက်ပြီးမှ ထိန်တပင်ဂိတ်ကို မြေပြင်ကနေ ဝင်ရောက်ချေမှုန်းပါတယ်။ သူတို့ဘက်က ကျွန်နော်တို့ကို ပြန်ပြီး ခုခံနိုင်တာမျိုးမရှိပဲနဲ့ ကစဉ်ကလျားထွက်ပြေးကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့အချိန် နာရီဝက်အတွင်းမှာပဲ အပြီးသတ်ရှင်းလင်းနိုင်ခဲ့ပါတယ်” လို့ တောကျီးကန်းတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီပစ်ခတ်ရှင်းလင်းမှုတွေထဲ စစ်အုပ်စုဘက်က ၄ ယောက် ထိခိုက်ဒဏ်ရာရရှိထားပြီး ဗိုလ်အဆင့်ရှိသူနဲ့ အခြားအဆင့်ရှိသူ တယောက်ဟာ ဒဏ်ရာပြင်းထန်တယ်လို့လည်း သူက ပြောပါတယ်။

တောကျီးကန်းတပ်ရင်း တပ်ဖွဲ့ဝင်များ မီးရထားလမ်းပေါ်ရှိ စစ်တပ်ဂိတ်စခန်းအား မီးရှို့ဖျက်ဆီးနေစဥ်

ဒါဟာ စစ်တောင်းမြစ်ဝှမ်းဒေသ၊ အောင်မြင်စစ်ဆင်ရေးရဲ့ ပူးပေါင်းစစ်​ဆင်ရေး(သို့) အစိတ်အပိုင်းတစ်ခုအဖြစ်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗျူဟာ (၂၆) တပ်ရင်းတွေဖြစ်တဲ့ P2 -3703(Fire Dragon)တပ်ရင်းနဲ့အတူတောကျီးကန်းတပ်ရင်းနဲ့ တော်ဝင်ဒေါင်း တပ်ရင်းတို့ပါဝင်ခဲ့​ကြတယ်လို့ ဆိုပါတယ်။

“စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးထဲက တစ်ခုလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ တောကျွဲအင်း(အောင်မြင်မြို့) စစ်ဆင်ရေးအောင်မြင်ဖို့ ကျွန်တော်တို့က ဒီဘက်ကလှုပ်ပေး ရတဲ့သဘောပါ” လို့ တောကျီးကန်း တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အောင်မြင်စစ်ဆင်ရေးအဖြစ် ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်း ဘေးမြို့တွေနဲ့ မီးရထားလမ်းပေါ်ရှိတဲ့ ကင်းစခန်းတွေအပါ စစ်စခန်း(၁၄) ခုကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်းစစ်ဌာနလက်အောက်ခံ ကာကွယ်ရေးတပ်တွေက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်သိမ်းပိုက် ထားပါတယ်။

လက်ရှိမှာလည်း ပဲခူးတိုင်းအတွင်းက ဖြူးမြို့နယ်မှာ စစ်အုပ်စုနဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့မှုတွေရှိနေပြီး စစ်အုပ်စုစခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံရပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြင့် အဆက်အသွယ်ပြတ်နေ

မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ဒီနေ့အချိန်ထိ အဆက်အသွယ် ပြတ်တောက်နေကာ အသက်အန္တရာယ်အတွက် လွန်စွာစိုးရိမ်နေရကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ရ.တ.က.သ) က ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA တရားဝင်ထုတ်ပြန်

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ သီပေါမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းအားလုံးကို အောက်တိုဘာ ၁၃ ရက် နေ့လည်ပိုင်း (၁း၀၀)နာရီအချိန်မှာ အလုံးစုံဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့  တအာင်းတပ်မတော် PSLF/TNLA ကတရားဝင်သတင်းထုတ်ပြန်လာပါတယ်။
Read More

သန်လျင်တံတားအဆင်း ဆက်ကြေးကောက် ငွေညှစ်နေသည့် စစ်အုပ်စုများ ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သန်လျင်တံတားအဆင်း ဆက်ကြေးကောက်ငွေညစ်နေတဲ့ စစ်အုပ်စုတွေရှိရာကို မေလ ၂၁ရက် ဒီနေ့မနက်ပိုင်းမှာ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။ သန်လျင်တံတားအဆင်း၊ မြို့ဟောင်းအနောက်ရပ်ကွက်၊ လက်မှတ်ဂိတ်မှတ်တိုင်အနီးမှာရှိတဲ့ မောတော်ပီကယ်တွေနဲ့ လုံခြုံရေးယူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ "သေချာသလောက် ထိခိုက်နိုင်ချေများပါတယ်ဗျ စစ်ခွေးလော်ဘီတွေဘက်က အသံမိုင်းဖောက်ခွဲတာ ထိခိုက်မှုမရှိဘူးဆိုပြီး သတင်းတုထုတ်နေတာရော ဖောက်ခွဲပြီးချိန်ကနေ အခုချိန်ထိ အဲ့နေရာမှာ ပိုက်စိပ်တိုက် စစ်ဆေးနေပုံထောက်ရင် သေချာသလောက် ထိခိုက်နိုင်ချေများပါတယ်ဗျ မြေပြင် အခြေအနေကိုတော့ ကျနော်တို့ စုံစမ်းဆဲပါပဲ။" လို့ Operation Flame (OF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။ လက်ရှိမှာတော့ ဖောက်ခွဲရေး လုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေအားလုံး လုံခြုံ​ဘေးကင်းရာကို ရောက်ရှိနေပြီလို့ Operation Flame (OF) က ထုတ်ပြန်ပါတယ်။ ဆက်လက်ပြီးတော့လည်း ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေအားလုံးနဲ့ လက်တွဲရင်း အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ Operation Flame (OF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
Read More

နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား (၆၅) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၆၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရန်သူများကို တုန်လှုပ်ခြောက်ခြားစေနိုင်သော စွမ်းပကားရှိသည်ဟု ကျော်ကြားပြီး နှစ် ၆၀ ကျော် ပျောက်ဆုံးနေသည့် မြောက်ဦးခေတ် “ယတြာခေါင်းလောင်း” ကြီးကို တူးဖော်ရရှိဟု ဆို

ရခိုင်ပြည်သူတွေအတွက် အလွန်တန်ဖိုးရှိပြီး သမိုင်းဝင်အရေးပါလှတဲ့ မြောက်ဦးခေတ် "ယတြာခေါင်းလောင်း" ကြီးကို ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကုန်းတော်ရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှ ပြန်လည်တူးဖော်ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပုသိမ်ကြီးတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏သားဖြစ်သူ ဖွင့်လှစ်ထားသော Yankon KTV Bar ဖောက်ခွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ အကြမ်းဖက် ဒုချုပ်စိုးဝင်းရဲ့သားဖြစ်သူနဲ့ အပေါင်းအပါတွေပိုင်ဆိုင်တဲ့ Yankon (KTV Bar) ကို ပါဆယ်ဗုံးနဲ့ သတိပေးဖောက်ခွဲခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။