မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြို့နယ်မှူးရုံးမှာ ဒုမြို့နယ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ၁ ယောက် အလင်းဝင်လာတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၅ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုရဲမှူး (၁) ယောက်ဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့် စလင်း(ပကဖ) ဆီ ချိတ်ဆက်အလင်းဝင်ရောက်ကာ တရားတဲ့ဘက်ကို အတူပူးပေါင်းလာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူဟာ စစ်ကောင်စီရဲ့ စလင်းမြို့နယ်မှူးရုံးမှာ ဒုမြို့နယ်မှူးအဖြစ် ၂ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဇွန်လအစောပိုင်းမှာ တညောင်တိုက်နယ်စခန်းမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတာဖြစ်တယ်လို့ စလင်း ပကဖ က ဆိုပါတယ်။

စလင်းမြို့နယ်အတွင်း ကျန်ရှိနေသေးတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲတွေအနေနဲ့လည်း ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်သလို လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်ရင် ထိုက်တန်တဲ့ဆုကြေးငွေတွေ ပေးအပ်ချီးမြှင့်သွားမယ်လို့ စလင်း ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ် စေလွှတ်ခံရတဲ့ ခလရ ၉၈ အကြမ်းဖက်စစ်တပ် အသေအပျောက်များခဲ့လို့ မော်လမြိုင်ကျွန်းအခြေစိုက် ခလရ ၅၃၆ ကို ထပ်ပို့

ဧရာဝတီတိုင်း ဖျာပုံအခြေစိုက်တဲ့ ခလရ ၉၈ တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ် အခြေစိုက်တဲ့ ခလရ ၅၃၆ ရခိုင်ပြည်နယ်သို့ ထပ်မံ အပို့ခံရကြောင်း အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

အထက်မင်းလှအရှေ့ခြမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် PDF ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေ

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBA တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပအိုဝ်းတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် ရဲစွမ်းသတ္တိများက ဖက်ဒရယ်နိုင်ငံတည်ဆောင်ရန် အထောက်အပံ့အင်အား ဖြစ်ကြောင်း CRPH သဝဏ်လွှာ ပေးပို့ 

ပအိုဝ်းတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရဲစွမ်းသတ္တိတွေဟာ မြန်မာနိုင်ငံရဲ့  ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ အရေးပါတဲ့ အထောက်အပံ့အင်အား ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

မအူပင်မြို့မှာ စစ်မှုထမ်းထောက်ပံ့ဖို့ ဒေသခံတွေဆီက ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်မှုထမ်းဥပဒေကြောင့် အကြမ်းဖက်စစ်တပ်ထဲ ရောက်သွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ရွှေကျင်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၄၀) နီးပါး ရေနစ်မြုပ်ခဲ့၊ လေပြင်းမုန်တိုင်းကြောင့် နေအိမ် (၁၁) လုံး ပျက်စီး

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၄၀ နီးပါး ရေနစ်မြုပ်ခဲ့ရပြီး ကျောင်းတွေ ယာယီပိတ်ထားရသလို လေပြင်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် နေအိမ် (၁၁) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ်ထဲ စစ်အုပ်စု ထပ်မံစစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံ ၁၇၀၀ နီးပါး တိမ်းရှောင်နေရ

“ရှောင်ရတာက ပြောရမယ်ဆိုရင် နိုဝင်ဘာလဝက်လောက်ကတည်းက။ ဒါပေမယ့် နယ်မြေပြန်အေးပြီ ဆိုပြီးတော့ ပြန်ဝင်တဲ့အချိန်မှာ ပြီးခဲ့တဲ့ ၃ ရက်နေ့က ထပ်ပြီးစစ်ကြောင်းထိုးလာတဲ့ နောက်ပိုင်းမှာ ထပ် ရှောင်ရတာပေါ့နော်။ ဒေသခံတွေကတော့ လက်ရှိ ကျောချောင်းအစပ်ရယ်၊ သစ်ပင်ခြုံနွယ် ကောင်း တဲ့နေရာတွေမှာ ဘေးကအကာမပါဘဲနဲ့ ဆောင်းရာသီမှာ ဒီလိုလေး ဖြတ်သန်းနေရတယ် ”လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန - ပေါက်မြို့ ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။